ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Thursday 13 November 2014

လောကဓံ (၈) ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၆)

              လောကဓံ (၈) ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၆)
                                     ကြာသပတးဂြိုဟ် (သို့) အလဘောလောကဓံဂြိုဟ်
    ဂြိုဟ်ကြီး (၈)လုံးတိုင်တွင် ယ္ခုရေးသား ဖေါ်ပြမည့် ကြာသပတေး ဂြိုဟ် သည် (ကံ)ဂြိုဟ်သက်သက်သာ ဖြစ်သည်။ ရာဟုဂြိုဟ် (ယသော)မှစ၍ စနေဂြိုဟ် (နိန္ခာ)အတွက်တွင် လုံးဝဂိတ်ဆုံးသွားတော့ ငွေရေးကြေးရေး စီးပွားရေးကိစ္စ အ၀၀တို့သည် အလာဘောဂြိုဟ်တွင် ငုတ်တုတ်ခံကြရသည်။
    ကြာသပတေးဂြိုဟ် (သို့) အလဘောလောကဓံဂြိုဟ်သည် အဆိုးဆုံးနယ်၏ အဆိုးဆုံးမှ လောကီနယ်အကောင်းဘက်သို့ ကူးမည့် အချိန်အခါဖြစ်သဖြင့် အလာဘော ကြာသပတေးဂြိုဟ်သည် အဆိုးနယ်၏ ဒုက္ခအ၀၀တို့ကို လက်စသတ် သွားသော်လည်း ထိုဂြိုဟ်သို့ ရောက်ရှိသူများ သည် မိမိမွေးဖွားရန် ကိုယ်ဝန်ဆောင် ထားသော (သို့) မိခင်၏ကိုယ်ဝန် အတွင်းမှ ခလေးနှင့် အလားသဏ္ဌာန်တူသည်၊ ၎င်းင်းဂြိုဟ်၏ အဓိပ္ပါယ်ကို (ပညာ၊ အမွေ)ဟု ဖွင့်ဆိုထားသည်။
    မိခင်ဝမ်းထဲရှိ ကလေးသည် အသက်ရှင်လျှက် ရှိသော်လည်း မိမိ၏ စိတ်ဆန္ဒ နှင့် လှုပ်ရှားမရသူဖြစ်သည်။ ထို့အတူ အလာဘာဂြိုဟ်သို့ ရောက်ရှိ နေသူသည် မိခင်၏ ၀မ်းတွင်းမှ ခလေးနှင့်အလားတူ အသက်ရှိသော်လည်း လှုပ်ရှား၍ အရဘဲ ငုတ်တုတ် ခံနေကြရသည်။အလာဘောဟုခေါ်တွင်သော     (ပဋိသန္ဓေတိုင်)
    ကြာသပတေးဂြိုဟ်ကြီး
    ၎င်းင်းကြာသပတေးဂြိုဟ်သည် ဓါတ်အားဖြင့် (ဂဗ္ဗေ)ဓါတ်မြေပျော့ ဖြစ်ပါသည်။ ၎င်းင်းနယ်မြေသို့ ရောက်ရှိသူများသည် နှုံးမြေတွင် နစ်သကဲ့သို့ လှုပ်၍မရ၊ ရုန်း၍မရ ရှေ့တိုး၍မရ၊ နောက်ဆုတ်၍မရဘဲ ငြိမ်ငြိမ်နေ မှရပါမည်။ မိမိကိုယ်တိုင်ရုန်းသော် နွံ့၏သဘောအရ ဆက်၍ နစ်သွား မည်ဖြစ်ပါသည်။ မရုန်းဘဲနှင့် ငြိမ်နေရင် ဘာမှ မဖြစ်ပါဘူး။ ဟိုဘက်နယ်မြေ (ယသော)ရာဟုဂြိုဟ်ရောက်ရင် သူအလိုလိုအပေါ် ပြန်ရောက်လာမှာပါ။ အတိတ်က ကံကောင်းသူတွေကတော့ ဒီနယ်မြေမှာ မြေတို့၊ အမွေတို့ ရတတ်ကြပါသည်။
    ၎င်းင်းကြာသပတေးဂြိုဟ်၏ ဂြိုဟ်ပရိယာယ်များမှာ ပညာ၊ အတွေး အခေါ် ဘာသာ၊ အကြံအစည်၊ မြေ၊ မြင်း၊ မိန်းမနှင့်အစရှိသော ကြာသပတေးနံ ပညတ်ချက် များဖြစ်ပါသည်။
    စနေဂြိုဟ် (နိန္နာ)၏ ပြောဆိုနိမ့်ချမှုများသည် အပြင်အုပ်စု၊ အပေါင်း အသင်း များဖြစ်သော်လည်း အလာဘော (ကြာသပတေး)ဂြိုဟ်၏ ပြောဆို နိမ့်ချခံရမှုများသည် အတွင်းအုပ်စုနှင့် သွေးသားညီအကိုမောင်နှစ်မများ ဖြစ်ကြသည်။    ၎င်းင်းဂြိုဟ်တွင် မိမိ၌ရှိသော ငွေကြေး၊ စည်းစိမ်၊ ရွှေ၊ ငွေရတနာ အစရှိသော ရှိသမျှ အင်အားနှင့်နောက်ဆုံးထပ်၍ လှုပ်ရှားကြပါက ရေရေလည်လည် ကွဲကြ၏။
    (လှုပ်ရှားမှုကို အလာဘောက သတ်သည်။) တည်ကြည်သူကို အလာဘောက အကျိုးပြုသည်၊ အံ့သြစရာကောင်းသော အချက်တချက်မှာ မိမိအလာဘောဂြိုဟ်တွင် ရောက်ရှိနေသည့် နှစ်တွင် မိမိအိမ်၏ ရှေ့ (၇)အိမ် နောက်(၇)အိမ် ကိုယ်ဝန်ဆောင်ရှိ နေခြင်း ဖြစ်ပါသည်။ အိမ်ထောင်ဦးစီး အလဘောသို့ရောက်လျှင် နေအိမ်တွင်း ကိုယ်ဝန်ဆောင်ရှိလျှင် စီးပွားရေး၊ လူမှုရေးများ ပို၍ဒုက္ခရောက်သည် အလာဘော ဂြိုဟ်ကို ကိုယ်ဝန်ဆောင် သည် ကသတ်သည်။
    ၎င်းင်းအိမ်တွင် မီးဖွားလျှင်ခလေး(သို့) မိခင်တဦးဦး အသက် အန္တရာယ်ရှိသည်။ ဆေးရုံ၌ မီးဖွားလျှင် လွတ်ကင်းသည်။ အလဘော ခက်သူသည် ကိုယ်ဝန်ဆောင်သည် များနှင့် တွေ့ကြုံပါက ပို၍ဆိုးသည်။ အလဘောရောက်သူသည် ထိုကလေးကဲ့သို့ အနာဂတ်တွင် မွေးဖွား တော့မည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက် အလဘောကို တတ်ကျွမ်း နားလည် သောသူများအတွက် အကျိုးပြုသော်လည်း၊ လှုပ်ရှားအားကောင်းလျှင် အပျော်အပါးကြီးလျှင် နောက်ဆုံးအနေနှင့် နလံမထူနိုင်အောင် ဒုက္ခပေး သည်။ အနှစ်နှစ် အလလက ကွဲကွာနေသော ငယ်သူငယ်ချင်း ငယ်ရည်းစား နှင့် တွေ့ခြင်း၊ ၎င်းင်းအချက်တို့သည် နမိတ်ပြ အချက်များဖြစ်၍ အတိတ် ကာလက မိမိနစ်နာ ဆုံးရှုံးခဲ့ သော် အမွေတို့ကို ပြန်ရမည့်နမိတ်ဖြစ်သည်။
    နိန္နာ (စနေဂြိုဟ်နှင်) အလာဘော (ကြာသပတေး) ဂြိုဟ်တို့သည် မောဟနယ် မြေဖြစ်သဖြင့် မောဟဆိုသောတရားသည် အသိဝိဇ္ဇာကင်းမဲ့ခြင်း ကို ဆိုလိုသည်။၎င်းင်းဂြိုဟ်သို့ ရောက်ရှိသူများ မောဟကြီးလျှင် အိမ်တွင်းရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ပြဿနာများတက်ကြသည်။
    ကြာသပတေးတိုင်၏ န၀င်းတွင် (အကြား) နှင့် (ငွေ)ရှိ၍ တိုင်၏ ဆပွတ်တွင် အင်္ဂါ (စိတ်ကူးယဉ်မှု) ရှိနေသော်လည်း တိုင်၏ခိုက်တွင် (လူတကိုယ်လုံး) ဗုဒ္ဓဟူး ဂြိုဟ်ရှိနေ၍ လုံးဝလှုပ်၍မရပါ။
    ၂    (ငွေ) အကြား                    ၂    (န၀င်း) အောင်မြင်မှု
    ၆    (စကား)                           ၆    (အညွန့်)
    ၃    (စိတ်ကူးယဉ်မှု)                ၃    (ဆပွတ်)
    -၅-                                       -၅-
    ၁                                            ၁
    ၄    (လူ) ခိုက်                          ၄    (အမြစ်) အကျဉ်းအကျပ်ဖြစ်
    ၀                                             ဝ
    (ကြာသပတေးတိုင်တွင် ““အကြား”” န၀င်းစီး၍ ““လူခိုက်”” နေပုံ)
    ကြာသပတေးဂြိုဟ်တွင်းသို့ (၆)လ ခန့်ဝင်မိသောအခါ (စကားခရီး) သောကြာဂြိုဟ်သည် အညွန့်တွင်ရပ်တည်မှုကြောင့် မိတ်ဆွေအပေါင်း အသင်း တို့၏ စီးပွားရေး အကြံကောင်းပေးမှုများ ကြုံရသည်။ သို့သော်လည်း တိုင်၏အမြစ်ဂြိုဟ် (လူခိုက်) နေသောကြောင့် စိတ်ကူးနှင့်သာ ပျော်နေ ရသည်။
    လက်တွေ့ အကောင်အထည်ဖေါ်၍ မရကြပေ။ အလာဘောဂြိုဟ် တွင် ငွေကြေးလောဘကြီးသူများ ငွေကြောင့် ပြဿနာတက်သည်၊ လုပ်ငန်းများမအောင် မြင်ဘဲ ကြေးတင်ကြရသည်။
    အလဘော (ကြာသပတေးဂြိုဟ်)တွင် ငွေရှာလေ ဒုက္ခရောက်လေ ဖြစ်သည်။ ကြာသပတေးနယ်မြေ အ၀င် (၄)သည် အထူးအရေးကြီးပါသည်။ ၎င်းင်းနယ်မြေသို့ ရောက်ပြီး (၇)လ ကျော်မှ ရှေ့တွင်ရှိသော ရာဟုဂြိုဟ် (ယသောလောကဓံ) ကြောင့် လှုပ်ရှား၍ရတော့သည်။ ၎င်းင်းဂြိုဟ်၏ အလယ် ၏ (၄)လကျော်လျှင် ကိုယ်ပိုင် ငွေမရှိ ဘဲ (အရစ်ကျ)သို့ မိတ်ဆွေ အပေါင်း အသင်းတို့၏ ကူညီမှုကြောင့် အဆောက်အဦး မပါသော (မြေ) မျိုးကို ရရှိတတ်ပါသည်။ ၎င်းင်းမြေမျိုးကို မယူလျှင် အလဘောအခွင့် အရေး ဆုံးရှုံးမည်။ အလဘောမြေဖြစ်သည် သန့်ရှင်းသော မြေဖြစ်သည်။ ထို့အတူ ပညာအစစ်အမှန်များ အတွေးအခေါ်အသိအမြင် အမှန်အကန်များ ရရှိကြ၏။ အလဘောခက်သူများသည် ဆွေမျိုးမိဘများ ချမ်းသာပါက တနည်းနည်းနှင့် အမွေ ရကြ၏ မြေမှု၊ အမွေမှုများ ဖြစ်ကအနိုင်ရ၏။ ထိုကဲ့သို့ အမွေရစရာ မရှိပါက အတိတ်ကံကြောင့် ထီပေါက်ခြင်း၊ ငွေကြေးကူညီခြင်းများ ကြုံရ၏။
    တနင်္လာဂြိုဟ် ပရိယာယ်ဖြစ်သော (မင်္ဂလာ) ကိစ္စများ           ကြာသပတေး တိုင်၏ (န၀င်း) တွင်ရှိသော်လည်း တိုင်၏ခိုက်တွင် (၄) ဗုဒ္ဓဟူးဂြိုဟ် လူခိုက်သဖြင့် အိမ်ထောင် ပြုလိုပါက မိမိသဘောဆန္ဒနှင့် မရဘဲ အုပ်ထိန်း သူတို့ ဆန္ဒဖြင့် ယူ၍ရသည်။၂    (မင်္ဂလာဂြိုဟ်)
    ၆
    ၃
    - ၅ -    (မူလ)
    ၁
    ၄    (လူခိုက်)
    ဝ
    ကြာသပတေးဂြိုဟ်တွင် အေးချမ်းစွာ ဖြတ်သန်းလိုသူများသည် မူလတိုင်၏ စတုရန်းအနားတွင်ရှိသော တနင်္ဂနွေဂြိုဟ် အိုးအိမ်၊ အိမ်ထောင် အုပ်စု အပေါ်တွင် အနိုင်ယူလိုသော စိတ်များဖယ်ရှားပါ။ တိုင်၏ (ခိုက်)ဟု ခေါ်သော အမြစ်ဂြိုဟ်နေရာ တွင် (၄)ဂဏာန်း ဗုဒ္ဓဟူးဂြိုဟ် ပရိယာယ်ဖြစ် သော လူတကိုယ်လုံးအကျင့်ပျက်ခြင်း၊ အရက်၊ လောင်းကစား၊ မိန်းမရှုပ် ထွေးမှုကို လက်မခံပါ၊ တိုင်၏ ကြိန်းရန်းဌာနတွင် ရှိသော စနေဂြိုဟ် ပရိယာယ်အရ ထင်ပေါ်လာသဖြင့် စီးပွားရှာခြင်းကို ရှောင်ကျဉ်ပါ။

  အကျိုး
    ၂                                                          ၂
    ၆                                                          ၆  
    ၃                                                          ၃
    - ၅ -                                                   - ၅ -
  
 (အကြောင်း)
     ၁    (အိုးအိမ်၊ အိမ်ထောင်၊ အုပ်စု)          ၁
    ၄    (လူ)                                                ၄   
    ၀    (ထင်ပေါ်မှု၊ လောဘ)                       ဝ
    အထက်ဖော်ပြပါ အချက်များကို ရှောင်ကျဉ်နိုင်ပြီဆိုပါက တိုင်၏ မူလ (ကြာသပတေး) အတွေးအခေါ်မှန်ပြီး န၀င်းတွင်ရှိသော ငွေကြေးများ မိမိ၏ပုံမှန် လုပ်ငန်းမှ ရရှိပြီး ၎င်းင်းအလာဘောနယ်မြေတွင် စိတ်ရော ကိုယ်ရော ချမ်းသာမှုများရ ရှိပါမည်။
    ၎င်းင်းနယ်မြေသည် ၂ကြင်းမဟာဘုတ်၏ မရဏနယ်မြေဖြစ်သဖြင့် ကျန်းမာရေး အထူးဂရုစိုက်ရန်လိုပါသည်။ သောကြာသားသမီးများ အတွက်လည်း ဘုမ္မိကြီး/ဘုမ္မိလေးနယ်မြေဖြစ်သဖြင့် ကျန်းမာရေးနှင့် စီးပွားရေး ပျက်စီးလွယ်ပါ သည်။
    တနင်္လာသားသမီးများအတွက် အပြင်ရန် ( ၂x၅ ) ခေမာဖြစ်သဖြင့် အမှုအခင်းများ ကြုံတွေ့နိုင်ပါသည်။
    စနေသားသမီးများအတွက် ၎င်းင်းနယ်မြေသည် ( ၀x၅ )ဓမ္မာ၊ အတွင်းရန် ဖြစ်ပါသည်။ အုပ်စုပြိုကွဲခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း များကြုံတွေ့ နိုင်ပါသဖြင့် အစစ အရာရာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးလုံး ထိမ်းချုပ်ရန် လိုအပ်ပါသည်။
    နိဂုံးချုပ်အနေဖြင့် ဖော်ပြလိုသည်မှာ အလာဘောဂြိုဟ်(သို့) ကြာသပတေး ဂြိုဟ်သည် (ပညာ၊ အတွေးအခေါ်) ဂြိုဟ်ဖြစ်သဖြင့် မဖြစ်နိုင်သောကိစ္စများကို ကြိုတင် တွေးတောမနေဘဲ မှန်ကန်သော အသိပညာဖြင့် မိခင်ဝမ်းမှ ခလေးနေသကဲ့သို့ ကိုယ်ကျင့်တရားကောင်းစွာ ထိမ်း၍ ငွေရသည်ဖြစ်စေ မရသည်ဖြစ်စေ ( ၂x၅ ) ဂဗ္ဘေဓါတ်နယ်မြေတွင် မိမိ၏ ရုပ်၊ နံ နှစ်ပါးစလုံး ထိန်းချုပ်နေထိုင်ကြပါက ဂြိုဟ်၏ အကျိုးပေးမှုကို ရရှိမည်ဖြစ်ပါသည်။
    ကြာသပတေးတိုင်တွင် ဒုက္ခံသဘောနှင့် ဆက်စပ်သော (၄) ဂဏာန်းဗုဒ္ဓဟူး ဂြိုဟ်မှာ တိုင်၏ (ခိုက်) နေရာတွင် ရှိသဖြင့် ဒုက္ခရောက် သူများ အိမ်ပေါ်ခေါ်တင် လျှက် ၎င်းင်းနယ်မြေ၏ မိမိရပိုင်ခွင့်များဆုံးရှုံးမည်။
    ၂
    ၆
    ၃
    - ၅ -    ကြာသပတေးတိုင် (မူလ)
    ၁
    ၎
    ဝ
    တိုင်၏ (ခိုက်) သဘောမှာ အကျဉ်းအကျပ်၊ ရုံး၍မရ ဖြစ်ပါသည်။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။