ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Thursday 13 November 2014

လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၄)

        လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၄)
                                ဗုဒ္ဓဟူးဂြိုဟ် (သို့) ဒုက္ခလောကဓံဂြိုဟ်

  နက္ခတ္တဗေဒပညာရှင်တို့သည် စကြာဝဠာအတွင်းရှိ ဂြိုဟ်တို့၏ သဘာဝကို လေ့လာရာတွင် ဗုဒ္ဓဟူးဂြိုဟ်အား ထူးခြားသော ဂြိုဟ်တစ်လုံး အဖြစ်တွေ့ရှိခဲ့ကြသည်။ ၎င်းင်းဂြိုဟ်၏ ထူးခြားချက်မှာ ဂြိုဟ်၏မျက်နှာစာ တစ်ဖက်သည် နေကို မျက်နှာမူရာတွင် ထာဝစဉ်ဖြစ်သည်။ ထို့ကြောင့် ဂြိုဟ် ၏တစ်ဖက်တစ်ခြမ်းသည် နေပူကိုရရှိ၍ နေ၏အရသာကို လည်းကောင်း၊ အခြား တစ်ဖက်ခြမ်းက နေမပူ၍ ညဥ့်၏အရသာကိုလည်းကောင်း ထာဝစဉ် ခံစားလျှက်ရှိ၏။ နေပူဒဏ်ကိုခံရသော တစ်ဖက်ခြမ်း၏ အပူရှိန်သည် ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားသည့်နေ၏အပူရှိန်ထက် (၁၀)ဆ မျှပြင်းထန်သည် ကို တွေ့ရ၏။ နေ၏အပူဒဏ်ကို မခံရသည့်အခြားတစ်ဖက်ခြမ်းမှာမူ ထာဝစဉ်မှောင်အတိ ဖုံးလျှက်ရှိသည်။ ၎င်းင်းအပြင် ဟင်းလင်းပြင် အပေါ်ကြောတွင် ရေခဲဖုံးလျှက် ရှိနေ၏။
    (ဒုက္ခံ) ဟုခေါ်ဆိုသော ဗုဒ္ဓဟူးဂြိုဟ်အား အချို့သောဗေဒင်ကျမ်း များတွင် သောမဂြိုဟ် (အအေးဂြိုဟ်) ဟုခေါ်ဆိုသော်လည်း ကျွန်ုပ်တို့ သေချာစွာ လေ့လာပါ က ၎င်းင်းဂြိုဟ်သည် အပူအအေး မမျှတသောကြောင့် (ပူလွန်း၊ အေးလွန်း) ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး အစရှိ သောဂြိုဟ်၏ လွှမ်းမိုးမှုအောက်ရှိ ပညတ်များသည် လှုပ်ရှားထိခိုက်မှု တို့ဖြစ်ကြကုန်၏။
    ထို့ကြောင့် ၎င်းင်းဂြိုဟ်သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အများဆုံး ဒုက္ခပေးသောကြောင့် ဒုက္ခံ (ဒုက္ခအပေါင်းတို့စုဝေးရာ) လောကဓံ ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဒုက္ခံ လောကဓံဟုခေါ်သော ဗုဒ္ဓဟူးဂြိုဟ်သို့ ရောက်ရှိလာသော လူများ တို့သည် ရုပ်ပိုင်းဆိုင်ရာ လူတစ်ကိုယ်လုံး အရောင်မထွက်တော့ဘဲ ညစ်နွမ်းသွား သည်။ ဒုက္ခံလောကဓံသို့ရောက်ရှိ လာသော လူများတို့သည် အတွင်းအုပ်စု၊ အပြင် အုပ်စု အားလုံးတို့၏ ၀ိုင်းပယ်မှုကိုခံရသော ဂြိုဟ်ဖြစ်ပါသည်။ ဗုဒ္ဓဟူးဂြိုဟ်ခတ်သူများ သည် မည်သို့ဝတ်ဆင်ထားသော်လည်း အရောင်းအသွေးမရှိဘဲ ညစ်နွမ်းနွမ်းဖြစ် နေ သည်။ ၎င်းင်းဂြိုဟ်သို့ရောက်ရှိသူများ အများအားဖြင့် ပိန်လှီလီဖြစ်နေခြင်း၊ အသား အရေ ခမ်းခြောက်နေခြင်းတို့ နှင့် ကြုံရ၏။
    စီးပွားရေးလုပ်ငန်းများ၊ လှုပ်ရှားမှုမှားယွင်းသောကြောင့် ကြေးတင် ၍ မိမိရရှိသော ငွေများမရှိခြင်း၊ ပေးစရာရှိသောငွေများ မပေးနိုင်ခြင်း တို့ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှစ်မျိုးစလုံး ခံစား ရသောဂြိုဟ် ဖြစ်ပါသည်။ (သစ်စိမ့်၊ ပန်းယ၊ သူရဇ္ဇ စိုက်ထလွန်ချမ်းသာပညာခန်း) အား အတုလဆရာတော်ကြီး ဖွင့်ဆိုခဲ့သော ရည်ရွယ် ချက်မှာ (သစ်ဟူသော ဆပွတ်ဂြိုဟ်သောကြာနံအား မိမိပိုင်ဆိုင်လိုပါက (စိမ့်) ဟူသော တြိရန်းဂြိုဟ် အင်္ဂါနံအား မှန်ကန်စွာ လုပ်ဆောင်ထားရန် ဖြစ်ပါသည်။ အလားတူ (ပန်း) ဆိုသော ပဉ္စပွတ်ဂြိုဟ်အား မိမိပိုင်ဆိုင်လိုပါက (ယ) ဟူသော စတုရန်း ဂြိုဟ်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန်ဖြစ်ပါသည်။
    ၅    (ပန်း)                    ၁
    ၂                                 ၅
    ၆    (သစ်)                   ၂    (ငွေ)
    -၁-                            -၄-
    ၄    (ယ)                      ဝ
    ၀                                 ၃
    ၃    (ဆိမ့်)                    ၆    (လှုပ်ရှားမှု)
တနင်္ဂနွေတိုင် (ပုံစံပြ)       (ဒုကံ္ခ) (ဗုဒ္ဓဟူးဂြိုဟ်)
        ဒုက္ခတွင် ကြေးတင်လျှင် ပြန်မဆပ်နိုင်ပါ။ သူများထံတွင် ချေးလျှင် လည်း မရပါ။ ရလျှင်လည်း အတိုးကြီးကြီးပေးရမည်။ လူပန်းရှုပ်ထွေး သောဂြိုဟ်ဖြစ်၍ လူပင်ပန်း စိတ်ပင်ပန်းနှင့် ၎င်းင်းဂြိုဟ်ခတ်သူများသည် အုပ်စုများက ၀ိုင်းပယ်လိုက်၍ အားငယ်စိတ် ဒေါသစိတ်များနှင့် တစ် ယောက်တည်း နေရသောဂြိုဟ်ဖြစ်ပါသည်။
    ဗုဒ္ဓဟူးဂြိုဟ်၏ မူလပရိယာယ်မှာ (လူ) ဖြစ်ပြီး အရောင်အားဖြင့် အ၀ါရောင်၊ ရွှေ၊ လှေ၊ လူ၊ လှည်း၊ ရွှေတွင်ပါကျောက်၊ ညီအစ်ကိုမောင်နှမ၊ ကုန်သွယ်မှု၊ လက်ဖက်ရည်ဆိုင်၊ ရေလုပ်ငန်းဆိုင်ရာများ၊ လျှော်ဖွပ်ပြီးအ၀တ်၊ အရသာအားဖြင့် အချဉ်အခါး ရောယှက်သောအရသာ၊ လူမျိုးအားဖြင့် ကဒူး၊ ဓါတ်ဖို၊ ရေချို အစရှိသော ဂြိုဟ်ပရိယာယ်များဖြစ်ပါသည်။ အမြစ်အညွန့် မတွန့်စေရ ပညာခန်းအရ ဗုဒ္ဓတိုင်၏ (ခိုက်) နေရာတွင် ရပ်တည်နေသောစိတ်ကို ထိန်းချုပ်မှုရှိရပါမည်။ ၎င်းင်းတိုင်၏ (စိတ်) ဟူသောပညာခန်းမှာ အလွန်တရာကျယ်ဝန်းသောကြောင့် အကျဉ်းအားဖြင့် ဒေါသစိတ်၊ ယှဉ်ပြိုင်လိုစိတ်များကို ပယ်သတ်လိုက်ပါက အညွန့်တွင်ရှိသော ပညာ အတွေးအခေါ်ကို မှန်ကန်စွာ ရရှိပါမည်။
    ၁                                         ၁
    ၅    (အညွန့်)                        ၅    (ပညာအတွေးအခေါ်)
    ၂                                         ၂
    -၄-                                     -၄-    (ဒုကံ္ခ) လောကဓံ
    ၀                                         ဝ
    ၃    (အမြစ်)                         ၃    (စိတ်)
    ၆                                         ၆
 (အမြစ်အညွန့်မတွန့်စေရ)    (ဒုက္ခံ လောကဓံဂြိုဟ်)
    မိမိစိတ်ကို မထိန်းနိုင်ဘဲ လောဘတကြီး စီးပွားရှာသူများသည် ၎င်းင်းဂြိုဟ်တွင် အထိနာမည်၊ ရင်းနှီးသမျှအကုန်ကုန်ပြီး ငွေကုန်လူပန်းဖြစ်သွား သည်။ ၀န်ထမ်းများ ဖြစ်ပါက အထက်လူကြီးများ၏ ငြိုငြင်မှုကို ခံကြရမည်။ လက်ရှိအလုပ်ကိုပြောင်းလို စိတ်များ ထိန်းချုပ်ရမည်။
    ၁    (ပဉ္စပွတ်)                     ၁    (အလုပ်အကိုင်)
    ၅                                       ၅
    ၂                                       ၂
    -၄-                                   -၄-
    ၀    (စတုရန်း)                     ၀    (လောဘကြီးမှု)
    ၃                                        ၃
    ၆                                        ၆
    စတုရန်းတွင်ရှိသော (စနေဂြိုဟ်) ပရိယာယ်မှာ လောဘကြီးမှုဖြစ်ပြီး ၎င်းင်းသည် ပဉ္စပွတ်ရှိသော (တနင်္ဂနွေဂြိုဟ်) အလုပ်အကိုင် မှားယွင်း မှု/ပြောင်းလဲမှုများ ပြုလုပ်နေရန် တိုက်တွန်းနေသော ဂြိုဟ်ဆိုးတစ်ခုဖြစ်ပါ သည်။ ထို့ကြောင့် ၎င်းင်းဗုဒ္ဓဟူး ဂြိုဟ်ရောက်ရှိသူများ အထူးသတိပြုရန်မှာ-
၁။    လက်ရှိနေရာမှ နောက်တစ်နေရာသို့ ပြောင်းလျှင် လက်ရှိထက်ပိုဆိုး မည်။
၂။    လက်ရှိအိမ်မှာမနေဘဲ နောက်အိမ်သို့ပြောင်းလျှင် လက်ရှိအိမ်ထက် ပိုဆိုးမည်။
၃။    လက်ရှိလူနှင့် မတည့်နောက်လူနှင့်ပေါင်းက လက်ရှိလူထက်ပိုဆိုးမည်။
    ဒုကံ္ခလောကဓံတွင် စုဆောင်းထားသော ငွေကြေးများနှင့် အိမ် ရောင်းချ၍ အလုပ်သစ်ပြောင်းလဲလုပ်ကိုင်လိုသူများ ကားသစ်၊ အိမ်အသစ် ၀ယ်သူများ ဒုက္ခလှလှ တွေ့ကြရ၏။ လက်သမားအမျိုးမျိုးပြောင်းရခြင်း၊ အိမ်ဆောက်သောလက်သမားများ အထိအခိုက်များခြင်း နောက်ဆုံးငွေ သာကုန်၍ အိမ်မပြီးပြတ်ရခြင်း၊ ဒုက္ခံ လောကဓံသည် (၇)ရက်သားသမီးတို့အား ဒုက္ခကြီးပုံ၍ ပေးသည်။
    ဆရာပေါင်းတည် ဘုန်းကြည်ရေးသားပြုစုသော နက်နဲလှစွာ စကြာဝဠာ ကျမ်း၏ စာမျက်နှာ (၁၆၃)တွင် ဗုဒ္ဓဟူးဂြိုဟ်နှင့်ပတ်သက်၍ ဖွင့်ဆိုထားသည်ကို တင်ပြရသော် ဗုဒ္ဓဟူးဂြိုဟ်သည် (နေ)ကို ပတ်ရာတွင် တစ်စက္ကန့်လျှင် (၂၃)မိုင်မှ (၃၅) မိုင်အထိ အမြန်နှုန်းပြောင်းလဲနေ သောကြောင့် ဂြိုဟ်သည် ယင်းကိုယ်ကို ယင်းငြိမ်သက်စွာလည်ပတ်နေခြင်း မဟုတ်ဘဲ ယိုင်တိယိုင်တိုင် လည်ပတ်နေပေသည်။ ထို့ကြောင့် ယင်းဂြိုဟ်၏ ၈ ပိုင်း ၃ ပိုင်းသည် အမြဲအလင်းရောင်ရရှိနေပြီး အခြား ၈ ပိုင်း ၃ ပိုင်းသည် အမြဲအမှောင်ထုဖုံးနေသည်။ ၄ ပိုင်း ၁ ပိုင်းနေရာသည် (အမှောင် နှင့် အလင်းရောင်စပ်ကြား) ဆည်းဆာဇုံ၌ ကျရောက်နေပေသည်။ နေဘက် မျက်နှာ မူရာဒေသသည် (ခဲ)ကို အရည်ပျော်စေနိုင်သည်အထိ ပူပြင်းပြီး အမှောင်ဘက်ခြမ်းသည် သက်ရှိသတ္တ၀ါများသေစေနိုင်သည်အထိ အအေးလွန်ကဲသောကြောင့် လူသားများ အတွက် သွားရောက်နေထိုင်ရန် မသင့်တော်သည့် အရပ်တစ်ခု ဖြစ်ပေ၏ဟု ဆိုထား ပေသည်။
    ထို့ကြောင့် ကျွန်ုပ်တို့လေ့လာနေသော ဒုက္ခံဟုခေါ်သည့် ဗုဒ္ဓဟူး ဂြိုဟ်သည် လူသားတို့အတွက် အလွန်အန္တရာယ်ရှိသော ဂြိုဟ်တစ်ခုဖြစ် ပါသည်။ အပူဘက်အခြမ်းသို့ ရောက်ရှိသွားသောလူတို့သည် အမှုအခင်း ဖြစ်ခြင်း၊ စီးပွားပျက်ခြင်း၊ ရာထူးချခံရခြင်း၊ ခိုက်ရန်ဒေါသဖြစ်ခြင်း၊ အတူနေအုပ်စုများနှင့်ပြဿနာတက်ခြင်း၊နေအိမ်မှထွက်ပြေးခြင်း၊ နှင်ချခံ ရခြင်း၊ အိမ်ရှင်မှအိမ်ငှားများကို ပြောင်းရွှေ့ရန်ပြောကြား ခြင်း အစရှိသော အပူဒဏ်များကို ခံကြရမည့်အပြင် အအေးဘက်အခြမ်းသို့ ရောက်ရှိသွား သော သူတို့မှာ ၀င်သမျှငွေကြေးများ ကျန်းမာရေးအတွက် ကုန်ကျခြင်း၊ ဓားရှ၊ အပ်စူး အစရှိသော ရောဂါသေးသေးလေးများမှ မေးခိုင်ပိုးဝင်သည် အထိ ဒုက္ခပေးခြင်း၊ အိမ်ထောင်ရေးကိစ္စများတွင် အထင်လွဲမှုများနှင့်တအုံနွေးနွေး စိတ်ဆင်းရဲ နေရခြင်းတို့ကို ကြုံတွေ့နေကြရသည်။
    အကယ်၍ ၎င်းင်းဂြိုဟ်၏ (ဆည်းဆာဇုံ) သို့ကျရောက်သွားပါက ငွေလည်းမ၀င်၊ ရောဂါလည်းမဖြစ်၊ အမှုလည်းမဖြစ်၊ ငတ်တလှည့် ပြတ်တလှည့်နှင့် ၎င်းင်း နယ်မြေကို ဖြတ်ကျော်ရကြသည်။
    ၎င်းင်းနယ်မြေတွင် အကြံကုန်၍ ဂဠုန်ဆားချက်က မိမိပိုင်ဆိုင်သော အိမ်၊ ကား၊ ဆိုင်ခန်း၊ ရွှေ၊ ငွေများကို ထုခွဲရောင်းချပါက မည်သည့် နည်းနှင့် ကုန်မှန်းမသိဘဲ အကောင်အထည်မပေါ်ဘဲရှိသော ငွေများကုန်ကျရသည်။ ဒုက္ခံဂြိုဟ်သည် ငွေကြေးနှင့်ပတ်သက်၍ အဓိကပြဿနာတက်သောဂြိုဟ် ဖြစ်သည်။ ဒုက္ခံ၏ အဓိပ္ပာယ်မှာ လူပန်းရှုပ်ထွေးဂြိုဟ်ဖြစ်၍ မိမိဇိမ်ခံလိုသူများ ဒုက္ခံကသတ်လိမ့်မည်။ မိမိကိုယ်ကို နှိပ်စက်တတ်မှ ဒုက္ခံမှာ သက်သာခွင့် ရမည်။
    ဒုက္ခံကို လူတိုင်းကြောက်ကြသည်။ ဒုက္ခံကိုရင်ဆိုင်ရဲသူများ ဒုက္ခံဂြိုဟ်တွင် သက်သာခွင့်ရမည်။ (၃၈)ဖြာ မင်္ဂလာတရားတော်တွင် ဖုဋ္ဌဿ လောကဓမ္မေဟိ စိတံ္တ ယဿ နကမ္မတိ၊ အသောကံဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ ဟုဆိုထားပြီး လောကဓံဓမ္မ သဘာဝတရားပင်ဖြစ်သည်။ လောကဓံ နှင့်ကြုံတွေ့သော လူသား တို့သည် စိတ်ဓါတ်ခိုင်မာစွာနှင့် တုန်လှုပ်ခြင်းမရှိဘဲ ကျော်ဖြတ်ကြရန် ဖြစ်ပါသည်။ ၎င်းင်းဒုက္ခံဂြိုဟ်တွင် တနင်္ဂနွေသားသမီးများနှင့် (၄) ခွင် ဘုမ္မိအတွင်းရန် (၄x၁) အင်းဝဖြစ်သဖြင့် အတွင်းရန်သဘောမှာ အုပ်စုကွဲခြင်း၊ အိမ်ထောင်ကွဲခြင်း၊ ခွဲစိတ်ကုသမှုခံရခြင်းတို့ကို ကြုံတွေ့ နိုင်ပါသဖြင့် အထူးသတိထားရန်ဖြစ်ပါသည်။ ကြာသပတေး သားသမီးတို့၏ ဘုမ္မိနယ်မြေဖြစ်သဖြင့် ကျန်းမာရေးကို ဂရုပြုသင့်ပါ သည်။ (၁)ကြင်း (၇)နေ့နံသားသမီးတို့၏ မရဏနယ်မြေဖြစ်သောကြောင့် ကျန်းမာရေးနှင့် အိမ်ထောင်ရေးများ ဂရုစိုက်သင့်ပါသည်။
    နိရုံးချုပ်အနေနှင့် ပြောကြားလိုသည်မှာ ဒုကံ္ခလောကဓံဂြိုဟ်သည်လူစု လူဝေးရှောင်၍ တစ်ယောက်တည်းနေလျှင် သက်သာမည်။ အရာအားလုံး သားသမီး သားမယားပိုင်ဆိုင်သမျှ ဥပေက္ခာထားလျှင် သက်သာမည်။ အကယ်၍ သင်သည် ၎င်းင်းဒုကံ္ခလောကဓံအဆိုးများကို တအားကြုံတွေ့နေပါက နီးစပ်ရာ လောကဓံ (၈)ပါး ဗေဒင်ပညာရှင်များနှင့် န၀င်းစီးပညာရှင်များကိုဆက်သွယ်၍ (၀ိဇ္ဇါဓရနယ) (၉) န၀င်း ပညာခန်းယတြာများကို တောင်းခံနိုင်ပါသည်။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။