ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Thursday 20 November 2014

ကျေးဇူးတင်လွှာ

                    ကျေးဇူးတင်လွှာ
 ဒုတိယအကြိမ် ဤစာအုပ် ဖြစ်မြောက်ရေးအတွက် အစစအရာရာ ၀ိုင်းဝန်းကူညီပေးခဲ့သော သစ္စာဝါဒီ ဆရာမြတ်စောလင်း ။ ကျွန်ုပ်၏ညီငယ်များဖြစ်ကြသော ကိုမျိုးနိုင် (မဟာဓါတ်အားပေး စက်ရုံမှူး) ပဲခူးတိုင်း၊ ကိုဝင်းနိုင်ဦး (လျှပ်စစ်ဓါတ်အားခွဲရုံမှူး) ပဲခူးတိုင်း။ ဤစာအုပ်ကို အခက်အခဲအမျိုးမျိုးကြားထဲမှရေးဖြစ်အောင် ကျွန်ုပ်၏ စိတ်ဓာတ်ကို တိုက်တွန်းမြှင့်တင်ပေးခ့သော ကျွန်ုပ်၏ဇနီး ဆရာမ ဒေါ်လှလှဌေးအား၎င်းင်း။   ကျွန်ုပ်၏စာမူများကို ဂရုတစိုက်စီစစ်၍ ကွန်ပြူတာ စာစီပေးခဲ့သော ကွန်ပြူတာမှကိုဇင်လင်းနှင့် မအေးအေးနိုင်အား၎င်းင်း။
    အထူးကျေးဇူးတင်ရှိပါကြောင်း   မှတ်တမ်းတင်အပ်ပါသည်။

                                            ဆရာ မြတ်ထွဋ်ခေါင်  (မြတ်ထွဋ်)
                                                မြန်မာ့ရိုးရာဗေဒင်ပညာရှင်

ကျမ်းကိုးစာရင်း

     ကျမ်းကိုးစာရင်း

    *    ဆရာကြီး ဦးကြာမြင့်    (ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း)
    *    ဆရာကြီး ဦးကြာမြင့်    (အဟာဘုတ်နှင့်အဖွင့်)
    *    ဆရာ ဦးချစ်တင်    (သင်တန်းမှတ်စုများ)
    *    ဆရာ ဦးလင်းအောင်    ( အင်္ဂ၀ိဇ္ဇာဟောချက်များ)
            အမှတ် (၁) (၂) (၃) (၄) (၅) (၆)
    *    ဆရာ ဦးသန်းဝင်း    (သင်တန်းမှတ်စုများ)
    *    ဆရာတော်ခင်ကြီးဖျော်    (အင်္ဂ၀ိဇ္ဇာဋီကာကြီး ပ+ဒု+တ )
    *    အရှင်ဣန္ဒ၀ံသမထေရ်    (အင်္ဂ၀ိဇ္ဇာအလင်းပြ ဓါတ်ရိုက်ကျမ်း)
    *    အဗျင်းရွာဆရာတော်    (ဗေဒင်ခေါင်းဆောင်ကျမ်း ပ+ဒု)

““ နိဂုံးချုပ်အမှာစကား သို့မဟုတ် ၀န်ခံခြင်း ””

                    ““ နိဂုံးချုပ်အမှာစကား သို့မဟုတ် ၀န်ခံခြင်း ””

    ကျွန်ုပ်သည် ဒုတိယအကြိမ် ဤစာအုပ်ကို သင်တန်းသားများ အတွက် သီးသန့်ထုတ်ဝေရန် ကျိုးစားရာတွင် ငွေကြေးမခက်အခဲ၊ အချိန်၊ စာမူ အစရှိသော အခက်အခဲများကြောင့် ကြံ့ကြာနေချိန်တွင် ပဲခူးတိုင်းမှ ကျွန်ုပ်၏တပည့် တစ်ဦးဖြစ်သူ လျှပ်စစ်ဓါတ်အားပေး စက်ရုံမှူး ဦးမျိုးနိုင် ဆိုသူမှ “ဆရာ” စာအုပ်ကိုမဖြစ်ဖြစ်တဲ့ နည်းနဲ့ထုတ်ပါ လိုအပ်သည့်ငွေကြေးကို သူအရင်ဆုံးမတည်ပါမည် ဟုပြောကြားလာပါသဖြင့် ကျိုက္ကစံဘုရားမှ ကျွန်ုပ်၏မိတ်ဆွေတစ်ဦးဖြစ်သော ကံကြမ္မာအလင်းရောင်ဗေဒင်ကြမ်းပြု ဆရာမြတ်စောလင်းနှင့် တိုင်ပင်ကာ ဤစာအုပ်အားလိုအပ်သည့် အချက် အလက်များကို ဖြည့်စွက်ခြင်း မလိုအပ်သည်အရာများကို ပယ်ဖျက်ခြင်းနှင့် အကောင်းဆုံး ဖြစ်အောင် ထပ်မံရိုက်နှိပ်ခဲ့ပါသည်။
    အကယ်၍ ဤစာအုပ်ကို ဖတ်မိသော ၀ါသနာရှင်၊ ပညာရှင်များ သည် ဤစာအုပ်တွင် လိုအပ်သော ပညာခန်းများတွေ့ရှိခဲ့ပါက ကျွန်ုပ်၏ ပညာ ဉာဏ်နည်းပါးမှု အတွေ့အကြုံ နည်းပါးမှုကြောင့်သာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။ ဤပညာကြီးအား တည်ထွင်ကြံဆခဲ့သော ပညာရှင်ကြီး များနှင့် ကျွန်ုပ်အား ပညာသင်ကြားပေးခဲ့သော ဆရာသခင် ကျေးဇူးရှင်များ နှင့် လုံးဝမသက်ဆိုင် ပါကြောင်း။
                                                                                       ဆရာမြတ်ထွဋ်ခေါင်

(၀)ကြွင်းမဟာဘုတ်

(၀)ကြွင်းမဟာဘုတ်

    ယခုရေးသားခဲ့သော မဟာဘုတ်ပညာသည် လူသားတို့၏ မနော အိမ်တွင် ကိန်အောင်းနေသော အဆိုးဥာဉ်များပင် ဖြစ်ပါသည်။ ၎င်းင်းအဆိုး ဥာဉ်များကို သိရှိပြီး ပြုပြင်နေထိုင်သွားကြပါက စိတ်လည်းချမ်းသာ၊ လူလည်း ကျန်းမာ၍ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒအားလုံး ပြီးမြောက်ကြမည် ဖြစ်ပါသည်။




    (ဘင်္ဂအိမ်)=(အပျက်မတည်ငြိမ်)+ (ထင်ပေါ်လောဘ)
    (မရဏအိမ်)= (ချူချာပျော့ညံ့)+ (စိတ်၊ လှုပ်ရှား)
    (အထွန်းအိမ်)=(စပ်စု၊ ကြားဝါ)+(ခရီး၊ စကား)
    (သိုက်အိမ်)=(လွဲမှား၊ စေ့စပ်)+(ငွေ၊ အကြား)
    (ရာဇအိမ်)=(မလွယ်ရှုပ်ထွေး)+(ပညာ၊ အတွေးအခေါ်)
    (ပုတိအိမ်)=(ဖုံးကွယ်မှု)+(အိမ်ထောင်၊ အုပ်စု)
    (အဓိပတိအိမ်)=(ဘ၀င်မြင့်၊မာန)+(လူ၊လူတစ်လုံးတစ်ကိုယ်လုံး)
ဘင်္ဂအိမ်= အပျက်၊မတည်ငြိမ်မှုနှင့် စနေဂြိုဟ်ထင်ပေါ်၊ လောဘနှစ်ခုတို့ ဆက်စပ်လျှက်ပေါ် ထွက်လာသောအဓိပ္ပာယ်တို့မှာ(၀)ကြင်း ဘင်္ဂဥာဉ်စရိုက်များပင်ဖြစ်ပါသည်။
    (၀)ကြင်းဘင်္ဂနေရာတွင် ထင်ပေါ်မှုအထုပ်အထည် အပျက် သဘောရှိသည်။ ဘ၀တွင် ထင်ပေါ်လာလျှင်  ပျက်စီးတော့မည်။ အထုပ် လိုက်စုမိလျှင် ကုန်မည်။ နာမည်ဂုဏ်သတင်း ထင်ပေါ်လျှင် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သိက္ခာကျမည့်အလုပ်မျိုးကို  ရွေးလုပ်သည်။ အိမ်ထောင်ရေး အဆင်ပြေလျှင် အိမ်ရှင်မ ခိုင်းတာအကုန်လုပ်သည်။ ပစ္စည်းဥစ္စာ၊ အထုပ်အထည်၊ အိမ်ထောင်၊ အုပ်စု စုစည်း၍မရပါ။ လူပျိုကြီး၊ အပျိုကြီး စု၍နေလို့ရသည်။
    ထင်ပေါ်မှုအပျက်ကြောင့် လူပုံအလယ်တွင်လက်ရှိ အခြေနေ အဆိုးများ တွေ့ကြုံရလျှင် လုံးဝသည်းမခံဘဲ သိလျှက်နှင့် မိမိကိုယ်ကိုမိမိ ဘ၀ အပျက်ခံ၍ ဆန့်ကျင်တိုက်ခိုက်သည်။ ဒေါသစိတ်နည်းခြင်း၊ ရာဂစိတ်နည်းခြင်း၊ မာန်မာနနည်းခြင်း၊ လူရည်သန့် စကားအေးဆေးစွာ ပြောခြင်း၊ ၎င်းင်းစရိုက်များကို ဆန့်ကျင်နိုင်လျှင် ဘင်္ဂကိုနိုင်လျှင် အဓိပတိကို ရမည်။ (၀)ကြင်းများကိ အထုပ်လိုက် အထည်လိုက်ရမည်ဟုထင်လျှင် ဘ၀ကို အပျက်ခံ၏။
(၀)ကြင်း မရဏဉာဉ်(သို့)မရဏဖွား




    မရဏအိမ် = ချူချာ၊ ပျော့ညံ့၊ သည်းမခံမှု အင်္ဂါဂြိုဟ်= စိတ်၊ စိတ်လှုပ်ရှားမှုတို့ ပေါင်းစပ်မှု ခြင်းကြောင့်ပေါ်ထွက်လာသော အဓိပ္ပာယ် တို့မှာ (၀) ကြင်း၏မရဏဥာဉ်များပင် ဖြစ်ပါသည်။
(က) စိတ် (အဆိုး)
    (ခ) စိတ်ချူချာပျော့ညံ့မှု (အဆိုး)
    (ဂ) စ၊ ဆ၊ ဇ၊ စ်၊ ည အဂၤါနံမ်ား (အဆိုး)
    (၀) ကြင်း ကျားမအားလုံး မရဏနေရာတွင် အင်္ဂါရှိသဖြင့် အင်္ဂါဂြိုဟ်၏ တိုက်ရိုက်အဓိပ္ပာယ်အရ (စိတ်) အင်္ဂါဂြိုဟ်ဖြစ်သည်။ (စိတ်) အင်္ဂါဂြိုဟ်စိတ်ချူချာပျော့ညံ့မှုသောကြောင့်(၀) ကြင်းအားလုံး စိတ်ဆိုး လွယ်စိတ်ပြေလွယ်သည်။ ရဲစရာရှိလျှင် လွန်စွာရဲ၍ကြောက်စရာရှိ လျှင်လည်း  လွန်စွာကြောက်သည်။ စိတ်နှင့်ပတ်သက်၍ ထိန်ချုပ်နိုင် စွမ်းအား နည်းသည်။ ကလေးဘ၀တွင် ငိုအရယ်များသည်။ မလိုတစ်မျိုး လိုတစ်မျိုးရှိသည်။ မွေးသည့်နေ့မှ သေသည့်နေ့အထိ ပေါချာချာနေထိုင် တတ်ကြ၏။ ကျားများအရွယ်ရောက်ပြီး မိဘများနှင့် မနေတော့ဘဲ ဘိုးဘွား ဆွေမျိုးများနှင့် နေထိုင်တတ်ကြ၏။ အနီးကပ်နေသူများနှင့်မတဲ့ပါ။ ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်အပြောင်းအလဲမြန်ကြ၏။ ပေါင်းသင်း ရခက်ကြ၏။ အငြင်းအခုံသန်သည်။ သူ့စိတ်နှင့်လိုလျှင် အကောင်း၊ မလိုလျှင် အဆိုးဖြစ်သွား၏။ လူပျို၊ အပျိုဘ၀တွင် မြှောက်ပင့်ပြောဆိုသူများ နှင့် အိမ်ထောင်ကျတတ်၏။
    အိမ်ထောင်ကျလျှင် မေတ္တာရှိ၍ယူခြင်းထက်သနား၍ယူခြင်း ကများ၏။ သူပြောသမျှနာခံသူကို အိမ်တွင်ရှိသမျှ အကုန်ပေး၏။ စိတ်ဆိုးဒေါသထွက်လျှင် တုတ်ဆွဲ ဓားဆွဲ ခြေလက်ပါသည်။
    မွေးသည့်နေ့မှသေသည့်နေ့အထိ စိတ်ဝေဒနာသည်များ ဖြစ်ကြ ၏။ အိမ်ထောင်ဦးစီး (၀)ကြင်းဖြစ်လျှင် အတူနေများနှင့်မတဲ့၊ မွေးသည့်နေ့မှ သေသည့်နေ့အထိစိတ်ဝေဓနာသည်များဖြစ်ကြ၏ဟု ဆိုလိုသည်မှာအ ရူးအနှမ်း ဖြစ်ခြင်းကို မဆိုလိုပါ။ လူတစ်ယောက်ဖြစ်ပြီး မိမိ၏စိတ်ကို ထိန်းချုပ်၍မရ ဖြစ်နေခြင်းကို ဆိုလိုပါသည်။ သားသမီး ၊ ဆွေမျိုးအုပ်စုများနောက်ကွယ် တွင် အတင်ပြောကြ၏။ အစိုးရ၀န်ထမ်းဖြစ်က ပင်စင်လစာရသည်အထိ အလုပ်မမြဲပါ။ အထက်လူကြီးနှင့်မတဲ့၊ အောက်လူနှင့်တဲ့သည်။ စစ်ဘက်၊ ဆေးဘက် အကျိုးမပေးပါ၊ စိန်နှင့် မတဲ့ပါ။ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်း၏။ စပ်တူလုပ်ငန်းများအကျိုးမပေး၊ ကိုယ်ပိုင်လုပ်ငန်းအကျိုးပေး၏။ စပ်တူလုပ်လျှင် ပြသာနာတက်၏။ ဘ၀တွင် အောင်မြင်လိုပါက စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီး ကြိုးစားလျှင်  လွန်စွာအောင်မြင်ကြ၏။
    (၀)ကြင်း၏မရဏမှာ (စိတ်)ဖြစ်သောကြောင့်အထွန်းဉာဉ်ထက် မရဏဉာဉ်စရိုက်ကပိုကြ၏။

    (၀)ကြင်း အထွန်းဉာဉ်(သို့) သောကြာအထွန်းဖွား





    အထွန်းအိမ်၏အဓိပ္ပာယ် ထင်ပေါ်စပ်စုလိုစိတ်နှင့်သောကြာဂြိုဟ်၏ အဓိပ္ပာယ် ခရီး၊ စကား၊ လှုပ်ရှားတို့ပေါင်းစပ်၍ ထွက်ပေါ်လာသော အဓိပ္ပာယ်ကို (၀)ကြင်းမဟာဘုတ်၏ အထွန်းဉာဉ်ဖြစ်ပါသည။
    (၀)ကြင်း၏အထွန်းဉာဉ် ထင်ပေါ်စပ်စုမှုနေရာတွင် စကားလှုပ်ရှားမှု ရှိသည်။ စကားများများပြောလျှင် အထွန်းဉာဉ်ပျက်သည်။ စကားများများ ပြောသော (၀)ကြင်းအနီးကပ်လူအထင်မကြီး၊ အငြင်းသန်လျှင် အထွန်း ပျက်သည်။ မိမိအပေါ် စကားနှင့်နှိမ့်ချပြောဆိုလာလျှင်သည်းခံစိတ်မွေး၍ စကားကို ချိုသာစွာ ပြောရသည်။ စကားပြောလောဘမကြီးရ။ (၀)ကြင်းစကားပြောလျှင်အလွန်အကျွံပြောသည်။ခြေကျွံလျှင်နှုတ်၍ရသည်။ စကားကျွံလျှင် နှုတ်၍မရ၊ ကြမ်းတမ်းစွာ ပြောဆိုသော (၀)ကြင်းများ မရဏဉာဉ်အားကြီးသည်။ စကားချိုသာစွာ ပြောဆိုသော(၀)ကြင်းများ သားသမီးအကျိုး ခံစားရ၏။
(၀)ကြင်း သိုက်ဉာဉ်(သို့)တနင်္လာသိုက်ဖွား
    သိုက်အိမ်၏အဓိပ္ပာယ် လွဲမှားစေ့စပ်၊ ကြိုတင်ပူပန်သောအဓိပ္ပာယ် နှင့် တနင်္လာဂြိုဟ် ငွေအကြား အဓိပ္ပာယ်သော အဓိပ္ပာယ် ပေါင်းစပ်၍ ထွက်ပေါ်လာသော သဘောတရားတို့မှာ (၀)ကြင်း သိုက်ဖွားအဓိပ္ပာယ်ပင် ဖြစ်ပါသည်။




    (၀)ကြင်းအားလုံး သိုက်နေရာတွင် ရှိသဖြင့်ငွေကြေးလောဘရှိသဖြင့် ငွေကြေးလောဘရှိလျှင် မရဏဉာဉ်၊ ငွေကြေးလောဘရှိလျှင် ကပ်စေးနည်း လျှင် အဆိုး၊ ငွေ၊ အကြားလွဲမှား စေစပ်သေချာသဖြင့် ငွေကို သုံးသင့်သော နေရာတွင်သုံးလျှင် သိုက်ခွင်ပျက်၏။ ငွေကြေးစုဆောင်းလိုစိတ် လွန်စွာကြီး မားသည်။ ငွေကြေးကိုကိုယ်တိုင် စာရင်းဇယားပြုလုပ်၍ စီမံခန့်ခွဲလျှင် မရဏဉာဉ်စိတ်အခန့်မသင့်လျှင် (၅)ပြား (၁၀)ပြားကစ၍ ကပ်စေးနည်း တတ်၏။
    စိတ်တိုလျှင် ကုန်ချင်သလောက်ကုန်လိုက်လျောတတ်၏။ ထိုစရိုက် သည် သိုက်နေရာတွင်ရှိသော စီးပွားတို့ကို ပိုခက်စေ၍ ပြတ်လတ်ရှားပါး စေသည်၊ ရရှိသောငွေကို ကိုယ်တိုင်ကိုင်တွယ် မသုံးစွဲဘဲ ယုံကြည်ရသော သားသမီး သားမယားတို့အား အပ်နှံသုံးစွဲလျှင် စုဆောင်းမိ၍ သိုက်ကို အကျိုးပေးသည်၊ (၀)ကြင်း တနင်္လာချမ်းသာခဲသည်။ရာဇအိမ်၏ အဓိပ္ပာယ် မလယ်ရှုပ် ပရိယာယ်နှင့်ကြသပတေးဂြိုဟ် ၏ အဓိပ္ပာယ် ပညာ၊ အတွေးခေါ်တို့ ပေါင်းစပ်လိုက်လျှင် (၀)ကြင်း ရာဇဉာဉ် ထွက်ပေါ်လာပါသည်
    (၀)ကြင်းရာဇနေရာတွင် ပညာအတွေးခေါ်ရှိနေသည်။ မလယ် ရှုပ်ထွေးသော ပညာအတွေးအခေါ် ရှိသည်။ ရှင်းပြီးသော ကိစ္စများကို ပြန်ရှုပ်သည်၊ ရှုပ်နေသောကိစ္စများကို ပြန်ရှင်းသည်။ သူတို့သည် ကွက်ကျော်မြင်လိုသောဆန္ဒကြောင့် အပေါင်းအသင်းများ သူ့အကြောင်း သိလျှင် အထင်အမြင်သေးကြ၏။လုပ်ငန်းစပ်တူလုပ်ပါက ခဏခဏ ပြသာနာတက်၏။ စပ်တူလုပ်လျှင် ရှင်းရှင်းလင်းလင်း လုပ်ကိုင်ပါက အောင်မြင်၏။ အစိုးရအလုပ်အကိုင်များနှင့် အကျိုးပေး၏။ အတတ် ပညာပေါင်းစုံကို ထင်ပေါ်လိုစိတ်နှင့် သင်ယူခြင်းမျာကို ရှောင်ကြဉ် ၍ မိမိ ဘ၀အတွက် အကျိုးရှိသောလုပ်ငန်းများကို ဇွဲနှင့်လုပ်ကိုင်ပါက လွန်စွာတိုးတက် အောင်မြင်၏။
(၀) ကြင်းပုတိဉာဉ် (သို့)တနင်္ဂနွေသား ပုတိဖွား




    ပုတိအိမ်၏ အဓိပ္ပာယ်သည် ဖုံးကွယ်ခြင်း၊ လျှို့ဝှက်ခြင်း၊ ပျော့ညံ့ခြင်း၊ မကျော်စောလိုခြင်းတို့ဖြစ်ပြီး တနင်္ဂနွေဂြိုဟ်၏ အဓိပ္ပာယ်သည် အိုးအိမ်၊ အိမ်ထောင်၊ အုပ်စုတို့ဖြစ်ပါသည်။ ၎င်းင်းတို့နှစ်ခု ပေါင်းစပ်လိုက်လျှင် (၀)ကြင်း ပုတိဉာဉ် ထွက်ပေါ်လာပါသည်။
    (၀)ကြင်းအားလုံး ပုတိနေရာတွင် အိုးအိမ်၊ အိမ်ထောင်စုရှိနေပါ သည်။ ထို့ကြောင့် အုပ်စုဒဏ်၊ အိမ်ထောင်ဒဏ်ကို မလွတ်ကင်းသူများ ဖြစ်ကြ၏။အိမ်ထောင်နေရာတွင် နှစ်ထပ်ကျသဖြင့်(၀)ကြင်းအားလုံး အိမ်ထောင်စုတို့၏ အကျိုးပေးမှုတို့ကို မလွတ်ကင်ကြဘဲ အိမ်ထောင်ရေး လောဘစိတ်ကြောင့် ခံနေကြရ၏။ အိမ်ထောင်နေရာတွင် နှစ်ထပ်ကျသဖြင့် အတွင်းအုပ်စုတွင် အိမ်ထောင်ရေးဖောက် ပြန်ရှုပ်ထွေးကြ၏။ အိမ်ထောင်ရှုပ်ထွေး လျှင် တစ်ယောက်တည်းမရှုပ်၊ အဖော်ပါသည်။ ၎င်းင်းအဖော်သည် ဓာတ်သိ ပဲဖြစ်၏။
    လက်ရှိအိမ်ထောင်နှင့် အဆင်မပြေပါက မိမိသားမယား လင်သား ကဲ့သို့ ရင်းနှီးသူများနှင့် အိမ်ထောင်ရှုပ် ထွေးကြ၏။ (၀)ကြင်းများ ကိလေသာ ရာဂစိတ်ကြီးမားလေလေ ဘ၀တွင်ခံရလေဲဖြစ်၏။ ထို့ကြောင့် တဏှာရာဂကို ထိန်းချုပ်မှသာလျှင် ဘ၀တွင် အောင်မြင်မှုများရရှိကြမည် ဖြစ်ပါသည်။
(၀)ကြင်း အဓိပတိဉာဉ် (သို့) ဗုဒ္ဓဟူး အဓိပတိဖွား




    အဓိပတိအိမ်၏ အဓိပ္ပာယ်သည် ဘ၀င်မြင့် မာနကျော်စောလိုမှုဖြစ် ပြီး ဗုဒ္ဓဟူးဂြိုဟ်၏ အဓိပ္ပာယ်မှာ လူတစ်ကိုယ်လုံးနှင့် လူဖြစ်သောကြောင့် ၎င်းင်းတို့ဆက်စပ်လိုက်သောအခါ (၀)ကြင်း အဓိပတိဉာဉ် ထွက်ပေါ်လာ ပါသည်။
(၀)ကြင်းအားလုံး လူပုံအလယ်တွင် လူတစ်ကိုယ်လုံး တစ်လောက လုံးကို ဂရုမစိုက်ဟန်ဖြင့် ပုံဖမ်း၍ ဆက်ဆံကြ၏။ အများလူမြင်ကွင်းတွင် မျက်နှာကြောတင်းတင်း ဖြင့်နေခြင်းသည် (၀)ကြင်းတို့၏ လူမြင်ကွင်းတွင် ပုံဖော်ထားသောအရာဖြစ်၏။
    (၀)ကြင်းတို့သည် မီးတောက်မီးလျှံကဲ့သို့ နေထိုင်မှုကို ရှောင်ကြဉ်၍ အာပေါဓာတ်ကဲ့သို့ နေထိုင်မှု ပြောင်းပစ်ရမည်။ လူလှဖို့ထက် စိတ်လှဖို့ကို ကျင့်ကြံရမည်။ လူတစ်ကိုယ်လုံး သန့်ပြန့်စွာနေထိုင်ရမည်။ ပစ်စလက်ခတ် နေလျှင် မရဏဉာဉ် လူလူချင်းပေါင်းသင်း ဆက်ဆံရာတွင် မိမိနှင့် ပေါင်းသင်း သူများအပေါ် စာနာစိတ်မွေးရမည်။ မိမိ မနှစ်သက်သောကိစ္စရပ်များကို သူတစ်ပါးကိုလည်း မပြုလုပ်ရပါ။ ရေဓာတ်ကဲ့သို့ မိမိနှင့် ပူးတွဲသူများအပေါ် ဆက်ဆံ။ မိမိအတွက်နှင့် ပူပင်သောကရောက်ရဘဲ အေးချမ်းမှုကို ဖြစ်စေ လျှင် အထူးအောင်မြင်၏။ လူနှင့်စိတ်သည် ကျွဲကူးရေပါ ဖြစ်သဖြင့် မိမိစိတ် ဆန္ဒကို ရှေ့တန်းမတင်ဘဲ နေထိုင်ဆက်ဆံလျှင် ဘ၀တွင် လွန်စွာအောင်မြင် ကြ၏။
    အထက်ပါရေးသားဖော်ပြခဲ့သော (၀)ကြင်းဉာဉ်စရိုက်များသည် (၀)ကြင်း (၇) ကြင်းနေ့ဖွားများနှင့် သက်ဆိုင်ပါ၍ မည်သည့်နေ့မဆို (၀)ကြင်းသည်ခုနှစ်တွင်မွေးဖွားကြကုန်သော (၇)နေ့ဖွားများသည် အထက်ပါရေးသားဖော်ပြခဲ့သော ဉာဉ်စရိုက်များနှင့် ပက်သက်၍ မကောင်းသောစရိုက်မျာကို ပယ်လိုက်ပါက လူ့ဘ၀တွင် စိတ်လည်းချမ်းသာ လူလည်းကျန်းမာ၍ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများကို ထာဝရရရှိကြ မည်ဖြစ်ပါသည်။

(၆)ကြွင်းမဟာဘုတ်

(၆)ကြွင်းမဟာဘုတ်

    (၆) ခရီး၊ စကား၊ လှုပ်ရှား-ဘင်္ဂနယ်မြေ
    (၂) ငွေ၊ အကြား-မရဏနယ်မြေ
    (၅) ပညာ၊ အတွေးအခေါ်-အထွန်းနယ်မြေ၊
    (၁) အိုးအိမ်၊ အိမ်ထောင်၊ အုပ်စု-သိုက်နယ်မြေ
    (၄) လူ၊ လူတစ်ကိုယ်လုံး-ရာဇနယ်မြေ၊
    (၀) ထင်ပေါ်၊ လောဘ-ပုတိနယ်မြေ

မှုလနယ်မြေ၏ သဘောမှာ ပျက်စီးခြင်း၊ မတည်ငြိမ်ခြင်း၊ ပြောင်းလဲ လှုပ်ရှားမှုများနှင့် သောကြာဂြိုဟ်၏အဓိပ္ပာယ် ခရီး၊ စကားလှုပ်ရှားမှု သဘောပေါင်းစပ်မှုဖြင့်ပေါ်ထွက်လာသော ဉာဉ်စရိုက်များကို(၆)ကြင်း မဟာဘုတ်၏ဘင်္ဂဉာဉ်စရိုက်ဟု ခေါ်ဆိုပါသည်။
    (၆)ကြင်းများ(ခရီး၊ စကား) အပျက်သဘောရှိ၏။ ထို့ကြောင့် ခရီးပျက်၊ စကားပျက်၊ လှုပ်ရှားမှုပျက်နေသည်။ စိတ်နှင့်စကားတစ်ထပ် တည်းမကျသူများဖြစ်၏။ စိတ်ထဲရှိသောစကားများကို မပြောဘဲ အထွန်းအကွက်တွင် ရှိသော ပညာမာန်မာနနှင့် စကားများပြောဆိုကြ သောကြောင့် မှုလစကားပျက်သွားသည်။ မလိမ်ချင်ဘဲ လိမ်ကြရ၏။(၆)ကြင်းများဘ၀တွင် အောင်မြင်လိုပါက စကားကိုတိကျပြတ်သားစွာ ပြောဆိုလျှင် ဘင်္ဂကိုနိုင်သည်၊ (၆)ကြင်းစကားကိုမပြတ်သားပါ။ စကားနှစ်ခါ ပြောဆိုကြ၏။ အဖုံးအပိတ်လုပ်လျှင်ပြောသည်။ လှုပ်ရှားမှုပျက်နေသည်။ ကိုယ်၊ စိတ်၊ နှလုံး(၃)ပါးလုံးတစ်စုံ တစ်ခုပြုလုပ်လျှင် အကုသိုလ်၊ ကုသိုလ် မရှောင်ပြုလုပ်သောကြောင့် ဘ၀တွင် ဆုံးရှုံးမှုများ ကြုံတွေ့ကြရ၏။ ကိလေသာလှုပ်ရှားမှု အပျက်များကို ရှောင်ပါက အောင်မြင်မှုများရရှိကြ၍ ဘင်္ဂဉာဉ်များကို မရှောင်ကြဉ်ပါက (၆)ကြင်း ကျား၊ မအားလုံး သွေးနှင်ပက်သက်သောရောဂါများအဖြစ်များကြ၏။
    (၂) ကြားဝါမှု (အဆိုး)
    (၃) တနင်္လာနံ (အဆိုး)
    မရဏနယ်မြေ၏ မူလသဘောမှာ ချူချာမှု၊ ပျော့ညံ့မှု၊ သည်းမခံ နိုင်မှုသဘောဖြစ်ခြင်း တနင်္လာဂြိုဟ်ပရိယာယ် ငွေ၊ အကြား၊ ဟန်အမူ အရာတို့နှင့်ပေါင်းစပ်မှုအဓိပ္ပာယ်တို့များကြောင့် ပေါ်ထွက်လာသော မနော ၀ိညဉ်စိတ်များပင်ဖြစ်ပါသည်။
    (၆)ကြင်း ကျား၊မနူးညံ့သိမ်မွေ့မှုကို နှစ်သက်သည်။(၆)ကြင်း(၂)မျိုး ရှိသည်။(၁)နူးညံ့သိမ်မွေ့သော(၆)ကြင်း၊ (၂) အပြောအဆိုကြမ်းသော (၆)ကြင်း။(၆)ကြင်း ကျား၊ မ မရဏနေရာတွင် အကြားပေါ်လွင်မှုရှိသဖြင့် အများအား ဖြင့်ချွေးထွက်သံယို အလုပ်ကြမ်းမလုပ်နိုင်ကြပေ။ ငယ်ရွယ်စဉ် ကမိန်းကလေးများ လွန်စွာအလှအပကြိုက်နှစ်သက်၍ ခေတ်မီအ၀တ် အစား ဆင်ယင်မှုကြောင့် အိမ်မှုကိစ္စများ နားမလည်ကြဘဲ အလှအပဦးစား ပေး၍ ရည်းစားများကြသူများဖြစ်ကြ၏။ ကျားများဖြစ်က အလှအပမက်မော ၍ ငွေရှိလျှင် အကျိုးရှိရှိမသုံးစွဲဘဲ မသုံးသင့်သောနေရာတွင် ငွေအသုံးများ ကြ၏။
    (၆)ကြင်း ကျား၊ မပညာတတ်သူများကြ၏။ ဆန့်ကျင်ဘက်လိင် အကျိုးပေး၏။ ငယ်ရွယ်စဉ်တွင် မိဘဆွေမျိုးအုပ်ထိန်းမှု မနိုင်ပါက ရည်းစားကိစ္စ ရှုပ်ထွေးကြ၍ အပျိုရည်၊ လူပျိုရည်ပျက်ကြ၏။ ကိုယ်နှင့်ရင်း၍လုပ်ရသော ကြမ်းကြမ်းတမ်းတမ်းလုပ်ငန်းများ အကျိုး မပေးပါ။ ဉာဉ်နှင့်ယှဉ်သောလုပ်ငန်းများ၊ စာရေး၊ စာချီ၊ အနုပညာ၊ ကျောင်းဆရာ၊ ဗေဒင်ဆရာ၊ ရှေ့နေအစရှိသောလုပ်ငန်းများ အကျိုးပေး သည်။ အိမ်ထောင်ကျပြီးနောက်ပိုင်း လင်ငယ်၊ မယားငယ်ကိစ္စတို့ဖြင့် ရှုပ်ထွေးနေကြ၏။
    ငွေကြေးပြည့်စုံပါက အိမ်ထောင်ရေးကိစ္စများ ပို၍ရှုပ်ထွေးကြ၏။(၆)ကြင်းများ အိမ်ထောင်ဘက်များခြင်းသည် တစ်အိမ်ထောင်ပြောင်းလဲပြီး ပထမအိမ်ထောင်နှင့် ပြတ်ပြတ်သားသားပြုလုပ်သော်လည်းမပြတ်၊ နောက်အိမ်ထောင်နှင့်လည်း မပြတ်မသား၊ အိမ်ထောင်နှစ်ခုကြားဗျာများ၍ အိမ်ထောင်ရေးရှုပ်ထွေးကြ၏။ အကယ်၍ သူတို့ဘ၀တွင် ထိုကိစ္စများကို ရှောင်ကြဉ်နိုင်ပါက လွန်စွာအောင်မြင်ကြသော်လည်းရှောင်နိုင်သူရှား၏။
    ဘုန်းကြီးရဟန်းဖြစ်ပါက လိင်မတူ ဒါယကာမတို့၏ အဖျက် အမြဲရှိ၏။ လှပကြားဝါမှုတို့ကြောင့် ပစ္စလက္ခမနေဘဲ အ၀တ်အစား၊ အသုံး အဆောင်မှန်သမျှ လှလှပပသေသေသပ်သပ်နေ၍ အကောင်စားများ ကိုကြိုက်နှစ်သက်သည်။(၆)ကြင်းအပြောအဆိုကြမ်းလျှင် အထွန်းဉာဉ်နူးညံ့သိမ့်မွေ့များလျှင်မရဏဉာဉ် မရဏ၏ အကျိုးပေးမှုကြောင့် ငွေကြေးကို ပင်ပန်းစွာမရှာဖွေရဘဲ တိုက်ဆိုင်မှုတစ်ခုကြောင့်အရလွယ်ကြ၏။
    ရရှိသောငွေကို အကျိုးရှိရှိမသုံးဘဲ မသုံးသင့်သော နေရာတွင် သုံးကြ၏။ မိမိကိုယ်ကို အထင်ကြီးစိတ်ရှိ၏။ ဆင်ခြေဆင်လက်များ၏။သူတစ်ပါးအပြစ်ပြောလျှင် ဆင်ခြေပေး၍ ရှောင်တိမ်းတတ်ကြ၏။ အပြစ်ကို ၀န်ခံရဲသော်(၆)ကြင်း အထွန်းဉာဉ်၊ စိတ်နှင့်နှုတ် တစ်ဆက်တည်းမကျ ဟန်ဆောင်၍ စိတ်ဆိုးတတ်ကြ၏။ ချစ်သော်လည်း မချစ်ဟန်ဆောင် တတ်ကြ၏။ စိတ်ပရိယာယ် စကားပရိယာယ်ကြယ်၏။ (၆)ကြင်းများ ငယ်ရွယ်စဉ်က နူးညံ့သိမ်မွေ့သလောက် အသက်ကြီးပါက အသံကြမ်း၊ လူကြမ်းဖြစ်တတ်၏။ ပြသာနာတတ်၏။အဆုံးသတ်ရှင်းလင်းနိုင်မှုမရှိ စိတ်ပိုင်းဆိုင်ရာအားနည်းချက်သည် ပြသာနာတစ်ရပ်ပေါ်တွင်အဖြူအမည်း ကွဲကွဲပြားပြားဆုံးဖြတ်ရမည့်နေရာမျိုးတွင် မပြတ်သားမှုများသည် (၆)ကြင်းများဘ၀တွင် အောင်မြင်လိုပါက အမှားအမှန်ကို တိကျပြတ်သားမှု ဆုံးဖြတ်ချက်ချလျှင် အောင်မြင်မှုများ ရရှိကြ၏။
    ပစ္စည်းရှိ၊ ဂုဏ်ရှိ၍ အောင်မြင်လာလျှင် ကမ္ဘာပေါ်ရှိ ရှိရှိသမျှ စည်းစိမ်၊ ဇိမ်ခံပစ္စည်းအားလုံးတို့ကို သုံးစွဲတော့သည်။(၆)ကြင်းများ၏ အိမ်ကို ကြည့်ပါ။ လူမြင်ကွင်တွင် လွန်စွာလှပသော်လည်း အိမ်တွင်းပိုင်းတွင် လွန်စွာ ညစ်ပတ်ကြ၏။ (က၊ ခ၊ ဂ၊ င)အစရှိသော တနင်္လာနံပညတ်ချက်မျက်များ၊ လုပ်ငန်းများအကျိုးမပေးပါ။ (၆)ကြင်းမများဒူးပေါ်ပေါင်ပေါ်နေခဲသည်။(၆)ကြင်းအိုကြီးအိုမအရွယ်တွင် ငွေကြေးပြည့်စုံပါက အိမ်ထောင်ရေး ရှုပ်ထွေးကြ၏။    မူလအထွန်းအိမ်၏ အဓိပ္ပာယ်ထင်ပေါ်၊ စပ်စုနှင့် ကြာသပတေး ဂြိုဟ်၏ပရိယာယ်၊ ပညာ၊ ဘာသာ၊ အတွေးခေါ်တို့ပေါင်းစပ်မှုကြောင့် (၆)ကြင်း၏ အထွန်းဉာဉ်စရုက်များပေါ်ထွက်လာပါသည်။
    (၆)ကြင်းအထွန်းနေရာတွင် အတွေးခေါ်ထင်ပေါ် ထင်ပေါ်စပ်စု မှုရှိ၏။ ထို့ကြောင့်(၆)ကြင်းတို့သည် မိမိတို့အတွေးအခေါ်နှင့် သူတစ်ပါးနှင့် သူတစ်ပါးတို့၏ အတွေးအခေါ် ထိပ်တိုက်တွေ့လျှင်ငါသာလျှင်သိ၊ ငါသာလျှင်တက်မရဏဉာဉ်ပင်ကိုအတွေးခေါ်ကောင်းသူဖြစ်သောကြောင့် အမှန်ကိုဖုံးကွယ်လှည့်ပတ်စကားနိုင်လုပြောခြင်း၊ အချက်အလက် ခိုင်လုံစွာပြောဆို၍ အမှန်ကိုဖုံးကွယ်ခြင်း၊ (၆)ကြင်းကြာသပတေးထွန်းသဖြင့် ဘ၀တွင် မိန်းမလွန်စွာအကျိုးပေး၏။ မိန်းမများသောကြာင့်ဘ၀သာယာ၏။မှီခိုရသောမိန်းမများနှင့် ကြုံရသောကြောင့် ဘ၀တွင်ကောင်းစား၏။ပညာတစ်ခုကို စပ်စပ်စုစုမဟုတ်ဘဲ ဆုံးခန်းတိုင်အောင်သင်ကြားတတ် မြောက်လျှင် ၎င်းင်းပညာလွန်စွာအကျိုးပေးသည်။တွေးခေါ်မှု၊စိတ်ပိုင်း ဆိုင်ရာတွင် မနေဘဲရုပ်ဝါဒဆန်ဆန်လက်တွေ့ကျကျ နေထိုင်ကျင့်သုံး လျှင်အထွန်းကို အောင်မြင်၍ဘ၀တွင်လွန်စွာတိုးတက်မည်။သိုက်အိမ်၏ မူလအဓိပ္ပာယ်မှာ လွဲမှားစေ့စပ်ခြင်း၊ ကြိုတင်ပူပန်ခြင်း နှင့် တနင်္ဂနွေ၏အဓိပ္ပာယ် အိုး၊အိမ်၊ အိမ်ထောင်အုပ်စုအစရှိသော ဂြိုဟ်ပရိယာယ်နှင့်ပေါင်းစပ်၍ပေါ်ထွက်လာသော အဓိပ္ပာယ်ဖွင့်ဆိုချက် တို့မှာ (၆)ကြင်း၏ သိုက်ဉာဉ်များပင်ဖြစ်ပါသည်။    (၆)ကြင်းသိုက်နေရာတွင် အိမ်ထောင်နှင့်အုပ်စုရပ်တည်နေပါသည်။လွဲမှားစေ့စပ်သော အိမ်ထောင်ရေးကိစ္စများတွင် အကွက်စေ့စေ့သေချာ စွာပြုလုပ်ကြသည်။ထို့ကြောင့်(၆)ကြင်းများ အိမ်ထောင်ရေးရှုပ်ထွေးကြ၏။(၆)ကြင်းများ မိမိများနှင့်တစ်အိမ်တည်းနေသူများ၏ မကောင်းမှုအားလုံးကို အပြင်လူမသိအောင်ပိပိရိရိဖုံးကွယ်၍နေကြသည်။(၆)ကြင်းကျား၊မအားလုံး အိမ်ထောင်ဆက်များ၏(၆)ကြင်းလက်ရှိအိမ်ထောင်နှင့် သာယာမှုမရှိ၊ ပထမအိမ်ထောင်နှင့်မမြဲ နောက်အိမ်ထောင်နှင် ပေါင်းသင်းနေသည့်အချိန် တွင် နောက်အိမ်ထောင်ကိုစိတ်ကူးပုံဖော်ကြ၏    ရာဇအိမ်၏ မူလအဓိပ္ပာယ်မှာ မလယ်ရှုပ်ထွေးခြင်း၊ ပရိယာယ်များ ခြင်းနှင့် ဗုဒ္ဓဟူးဂြိုဟ်၏အဓိပ္ပာယ်မှာလူ၊ လူတစ်ကိုယ်လုံးဖြစ်ပြီး ၎င်းင်း ပရိယာယ်နှစ်ခုပေါင်းစပ်၍ ထွက်ပေးလာသော အဓိပ္ပာယ်မှာ(၆)ကြင်း၏ ရာဇဉာဉ်စရိုက်များပင် ဖြစ်ပါသည်။
    (၆)ကြင်းအားလုံးတို့သည် ရာဇနေရာတွင် လူတစ်ကိုယ်လုံး ရောက်ရှိနေပါသည်။(၆)ကြင်းတို့သည် လူပရိယာယ်သမားများဖြစ်ကြ၏။ အနီးကပ်ပူးတွဲနေထိုင်ကြသော သွေးသားအုပ်စု၊သားမယား ပူးတွဲသူတို့ အားလုံးအပေါ်၌ လူပရိယာယ်ပြည့်ဝစွာ ဖြင့်ပေါင်းသင်းနေထိုင်ကြ၏။ရာဇဉာဉ်ကို မရှောင်ကြဉ်ပါက ဘ၀တွင်အရှက်တကွဲအကျိုးနည်းကြုံကြရ၏။ လူအများ၏၀ိုင်းပယ်မှုကို ခံကြရ၏။
    (၆)ကြင်းနှုတ်ချိုလျှင် ရာဇဉာဉ်စရုက်အားကောင်း၏။ မျက်နှာပေး န်အမူအရာကောင်းလျှင် ရာဇဉာဉ်(၆)ကြင်းမိန်းကလေးများ အလှအပ လွန်စွာမက်၍ နူးညံ့ပျော့ပျောင်းဟန်ပြလျှင် ရာဇဉာဉ်၊ (၆)ကြင်း ကျားများ စကားများများပြောလျှင် ရာဇဉာဉ်၊ လူတစ်ကိုယ်လုံး ပရိယာယ်မရှိဘဲ ပွင်းပွင်းလင်းလင်းပြောဆိုကြလျှင် အထွန်းဉာဉ်(၆)ကြင်းမိန်းမများ လူပုံအလယ်တွင် ပြောဆိုရိုက်ခံရမှုရှိလည်း စိတ်မဆိုးပါ။    ပုတိအိမ်၏အဓိပ္ပာယ်မှာ ဖုံးကွယ်၊ ပျော့ညံ့၊ မကျော်စောခြင်း၊ စနေ ၏အဓိပ္ပာယ်မှာ ထင်ပေါ်လောဘ၊ အထုပ်အထည် အစရှိသော ဂြိုဟ်ပရိ ယာယ်တို့ပေါင်းစပ်မှုကြောင့်ပုတိအိမ်၏အဓိပ္ပာယ်များ ဖြစ်ပေါ်လာပါသည်။(၆)ကြင်းအားလုံးတို့သည် ပုတိနေရာတွင် ထင်ပေါ်လောဘရှိသဖြင့် ကျား၊ မအားလုံးထင်ပေါ်လာလျှင် မဟုတ်တာအကုန်လုပ်တော့သည်။ ထင်ပေါ် လာလျှင်လင်ငယ် မယားငယ်တက်သော (၆)ကြင်းဖြစ်သည်။(၆)ကြင်းများ ကိလေသာစိတ် အလွန်ကြီးမားသည်။အိမ်ထောင်ဘက်မှ တင့်တင့်တယ် တယ်မထားလျှင် နောက်အိမ်ထောင်ပြုဖို့စိတ်ကူးသည်။မွေးသည့်နေ့မှ သေသည့်နေ့ထိ အိမ်ထောင်ရေးပြသာနာမတက်သော (၆)ကြင်းမရှိပါ။နာမ်ပိုင်းဆိုင်ရာတို့သည် အကြောင်းတရားဖြစ်သည်။ မရဏဉာဉ်အား ကောင်းသော(၆)ကြင်း များသက်ကြီးရွယ်အိုအထိ အိမ်ထောင်ရေးပြသာ နာတက်ကြ၏။
    (၆)ကြင်းများ ငယ်ရွယ်စဉ်က အရှက်ကြီးသလောက် ကြီးလေအရှက် ကင်းလေဖြစ်သည်။အဓိပတိအိမ်၏မူလအဓိပ္ပာယ်မှာထင်ပေါ်မှုအားကြီးလိုခြင်း၊ ဘ၀င်မြင့်ခြင်း၊ မာနကြီးခြင်းနှင့်အင်္ဂါဂြိုဟ်၏အဓိပ္ပာယ် စိတ်၊ စိတ်ခံစားမှုဖြစ် ပါသည်။ ၎င်းင်းတို့နှစ်ခုပေါင်းစပ်ခြင်းဖြင့် အဓိပတိဉာဉ် ဖြစ်ပေါ်လာပါသည်။




    (၆)ကြင်းအားလုံးတို့၏စိတ်တရားသည်အဓိပတိခွင်ရှိပါသည်။လူမြင်ကွင်းလူပုံအလယ်တွင်လည်းကောင်း၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် မိမိ၏ အဇ္စုတ္တသန္တာန်၌ စိတ်နေစိတ်ထားမည်သို့ရှိသည်ဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာအားဖြင့် အများမကျိုးကို ကူညီတတ်သူ၊ စိတ်ကောင်းရှိသူ၊ စိတ်နေ စိတ်ထားမြင့်မြတ်သူ၊ သဘောထားကြီးသူထိုကဲ့သို့ ဟန်ပန်မျိုးဖြင့် နေထိုင်ကြသည်။လူအများရှေ့တွင်(၆)ကြင်းကို၎င်းင်း၏စိတ်နေစိတ်ထား ပက်သက်၍ချီးမွမ်းပြောဆိုပါက လွန်စွာသဘောကျ၏။ ဘာသာတရား ပေါ်တွင် ရိုးသားသောစိတ်နှင့် ကျင့်ကြံပါက လွန်စွာအောင်မြင်၏။
    နောက်ဆုံးအနေနှင့်ပြောကြားလိုသည်မှာ(၆)ကြင်းများသည် ဘ၀တွင်အောင်မြင်လိုပါက(၆)ကြင်း မိမိအပေါ်ကျေးဇူးရှိသူတို့အား ကျေးဇူး သတိတ်မှုရှိခြင်း၊ ဘ၀ကိုရေစုန်မျော၍မလိုက်ဘဲ ဇွဲရှိစွာနှင့် ကြိုးစားခြင်းပြု လုပ်ပါက ဘ၀တွင် လွန်စွာအောင်မြင်မှုများရရှိကြမည်ဖြစ်ပါသည်။

(၅)ကြွင်း အဓိပတိဉာဉ် (သို့) တနင်္လာအဓိပတိဖွား

(၅)ကြွင်း အဓိပတိဉာဉ် (သို့) တနင်္လာအဓိပတိဖွား

         ရာဇအိမ်၏အဓိပ္ပာယ်-မလယ်ရှုပ်၊ ပရိယာယ်များ
    အင်္ဂါဂြိုဟ်၏-စိတ်၊ စိတ်လှုပ်ရှားမှု
    (၅)ကြင်း ရာဇနေရာတွင် (စိတ်) ရောက်ရှိနေသောကြောင် စိတ် အမာခံမရှိပါ။ စိတ်အမာခံရှိလျှင်အောင်မြင်သည်။ အိမ်ထောင်ရေးနှင့် ပက်သက်၍ စိတ်ကုန်ကြောင်း စကားများများပြောလေ အိမ်ထောင် ဆက်များလေလေဖြစ်၏။(၅)ကြင်းကိုပေါင်းလျှင် စိတ်ပရိယာယ်နှင့် ပေါင်းရ၏။ တစ်သမတ်တည်းပေါင်းပါက အစေးမကပ်၊ (၅)ကြင်း အလုပ်လုပ်စိတ်ကူးယဉ်ပြီး လုပ်တတ်ကြ၏။ ထို့ကြောင့် လက်တွေ့တွင် အကောင်အထည်မပေါ်ကြပါ။(၅)ကြင်း စိတ်းကူးလက်တွေ့ပေါင်းလျှင် လွန်စွာအောင်မြင်ကြ၏။ လူနေဟန်ပန်ကမာသော်လည်းစိတ်မမာကြပါ။ စိတ်ကို ဖြိုမည့်သူနှင့်တွေ့လျှင် အမာခံပျက်ကြသည်အထိ ကျဆုံးကြ၏။

  ပုတိအိမ်၏အဓိပ္ပာယ်- ဖုံးကွယ်၊ ပျော့ညံ့၊ မကျော်စော
    သောကြာဂြိုဟ်အဓိပ္ပာယ်-ခရီး၊စကား၊ လှုပ်ရှား
    (၅)ကြင်း အားလုံးတို့သည် ပုတိနေရာတွင်(၆)ဂဏန်းသောကြာရှိ သဖြင့် လှုပ်ရှားအားကောင်းလျှင် အသွားအလာများလျှင် ထို(၅)ကြင်း ကိလေသာစိတ်များသည်။ အိမ်ထောင်ရေး၊ ပုတိနေရာတွင် စကားရှိသဖြင့် အိပ်ရာထဲတွင် မကျေနပ်ချက်များအလွန်ပြောသည်။ အိမ်ထောင်ရေး၊ ပုတိနေရာတွင် စကားရှိသဖြင့်အိပ်ရာထဲမှာ မကျေနပ်ချက်များအလွန်ပြော သည်။ အိမ်ထောင်ရေးကိစ္စများ တစ်ယူသန်သည်။

  ခရီးသွားဟန်လွဲ ရည်းစားများကြုံတွေ့တတ်ကြ၏။ သားမယား ခင်ပွန်း အပေါ်လွန်စွာကတိပေးလွယ်သည်။ ကတိပျက်လွယ်သည်။ အတူ နေအိမ်ထောင်ဘက်ပေါ် ပြောသင့်ပြောထိုက်သည့် စကားများဖုံးကွယ် တတ်၏။(၅)ကြင်း ကျားမ ၀ိပသာနာစကားလွန်စွာပြောသည်။ အပျော်၊ အပျက်၊ အချော်၊ အချွတ်စကားများပြောတတ်၏။ မိမိကိုယ်ကို ပုဂ္ဂိုလ်ထူးများ စောင့်ရှောက်သည်ဟု ထင်နေတတ်ကြ၏။
 အဓိပတိအိမ်-ဘ၀င်မြင့်ခြင်း၊ မာနကြီးခြင်း၊ ကျော်စောလိုခြင်း။
    တနင်္လာဂြိုဟ်-ငွေ၊ အကြား၊ ဟန်အမှုအရာ
    (၅)ကြင်း ကျားမအားလုံး အဓိပတိနေရာတွင် ငွေအကြားရှိသဖြင့် အများလူပုံအလယ်တွင် ငွေရှိလျှင်ခြွေရံအသင်းအပင်းရှိ၍ ငွေကိုအသုံးချ၍ မိမိတို့၏ မကောင်းမှုများကို ဖုံးကွယ်ကြ၏။(၅)ကြင်းအားလုံးတို့သည် မြေပျော့ကဲ့သို့ မည်သည့်ကိစ္စမဆို လျှိုဝှက်ခြင်း၊ ပရိယာယ်ဆင်ခြင်းနှင့် စကားမာသည် စိတ်မပါဟုဆိုသည့်အတိုင်း စိတ်ပိုင်း၊ ရုပ်ပိုင်းတည်ကြည် ရန်လိုပါသည်။(၅၂)တွင်ဂဗ္ဘေဓာတ်တွင် တနင်္လာကျောက်မြေအမာကဲ့သို့ ခိုင်မြဲစွာ ကျင့်ကြံရမည်။ ထို့ကြောင့်(၅)ကြင်းတို့သည် မိမိတို့၏ အိုးအိမ်၊ အိမထောင်၊ အုပ်စုနှင့် တည့်အောင်နေပါ။ သီးခြားရှောင်ထွက်ခြင်း၊ ရှောင်ဖယ် ရှောင်ဖယ်လုပ်ခြင်းတို့ကို ရှောင်ပါ။ အများအကျိုးကို သယ်ပိုးသလို မိမိ၏မိသားစုကိုလည်း ဂရုစိုက်ပါ။ အတွေးခေါ်တည်ငြိမ်မှု ရှိပါစေ။ ၎င်းင်း(၅)ကြင်းများ ဘ၀တွင် အောင်မြင်၏။

(၄) ကြွင်းမဟာဘုတ်

(၄) ကြွင်းမဟာဘုတ်
    ကျွန်ုပ် ယခုဖွင့်ဆိုသောမဟာဘုတ်ပညာခန်းသည် အဋ္ဌလက်ခွင်၌ ရှိသော ကိန်းဂဏန်း (ဂြိုဟ်) တို့၏ ဆွဲငင်အားများ ဖြစ်သောကြောင့် မည့်သည်အကွက်တွင်ရှိသော နေ့သားသမီးကို မဆိုလိုဘဲ မဟာဘုတ် တစ်ခုလုံးကို ခြုံငုံကြည့်မှသာလျှင် အဖြေပေါ်မည်ဖြစ်ပါသည်။(၄) ကြင်း ဘင်္ဂနေရာတွင် လူအပျက်သဘောရှိနေသည်။ မွေးသည့် နေ့မှသေသည့်နေ့တိုင်အောင် လူတစ်ကိုယ်လုံးပျက်နေသည်။ ပင်ကိုယ် ချောလှလျှင် ပျက်စီးတော့သည်။ ရုပ်ဆိုးအကျည်းတန်လျှင် ကောင်း၏ (၄) ကြင်းယောက်ျားလေးများ အိမ်ထောင်မှု ကိလေသာစိတ်များ၏။ လူတစ် ကိုယ်လုံး အပျက် မတည်ငြိမ်ခြင်းကြောင့် ကျားမအားလုံးတစ်နေရာတည်း ကြာကြာထိုင်၍မရဘဲ ပြောင်းလဲလှုပ်ရှားနေသည်။
    သစ်နင်း သစ်ကျိုး၊ ၀ါးနင်း၊ ၀ါးကျိုးဖြစ်ကြသည် (၄)ကြင်းများ ဖြစ်ကြ၏။ လူတစ်ကိုယ်လုံးအပေါ် ထိန်းချုပ် နိုင်စွမ်းမရှိ၊ လူအပျက်သဘော ကြောင့် အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် မိမိ၏အိမ်ထောင်ဘက်က ဖောက်ပြန် ခဲ့လျှင် မိမိ၏ကိုယ်ကို အပျက်ခံ၍ မိမိနှင့်သင့်တော်/မတော် မစဉ်းစားဘဲ ကြုံရာလူနှင့် ညားကြ၏။ လူအပျက် သဘောကြောင့် ကျားမ အားလုံး နဂိုရ်နေထိုင်မှုသည် ကြည့်ပျော်ရှုပျော်ရှိပြီး လှပအောင် မိမိကိုယ်ကို မွမ်းမံ ပြင်ဆင်ပါက ပိုဆိုး၏။ ငယ်ရွယ်သူဖြစ်က ရည်းစားစွန့်ပစ်ခံရလျှင် ကြုံရာလူနှင့်ရှုပ်ကြ၏။ စိတ်ခံစားမှု အားကောင်း ပြီး ရုပ်ပိုင်းဆိုင်ရာ ခံစားမှု အားနည်းသည်။
(၄)ကြင်း မရဏဥာဉ်(သို့) စနေမရဏဖွား
    မရဏ၏ အဓိပ္ပာယ် ချူချာ၊ ပျော့ညံ့၊ သည်းမခံနိုင်။ စနေဂြိုဟ်၏ အဓိပ္ပာယ် ထင်ပေါ်၊ လောဘ၊ အထုပ်အထည်)(၄)ကြင်းနှစ်တွင် မွေးဖွားကုန်သော ကျားမအားလုံး မူလမဟာ ဘုတ်တွင် (မရဏ) နေရာတွင် စနေဂြိုဟ်ရှိ နေပါသည်။ စနေဂြိုဟ်သည် ထင်ပေါ်လိုစိတ်အားကြီး၍ လောဘလည်း ကြီးပါသည်။
    ထင်ပေါ်လိုစိတ်ကြောင့် မည်သည့်အလုပ် ဘာမဆို ထင်ပေါ်မည် ဆိုလျှင် အကုန်လုပ်သည်။ ထိုစိတ်ကြောင့် ငယ်ရွယ်စဉ်တွင် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများထဲ၌ ထင်ပေါ်သူကိုသာ ရွေးချယ်၍ ပေါင်းသင်းကြ၏။ အရက်သမားနှင့်ပေါင်းလျှင် အရက်သမား၊ ပုတီးသမား နှင့်ပေါင်းလျှင် ပုတီးသမား၊ ဗေဒင်ဆရာ နှင့်ပေါင်းလျှင်လည်း ဗေဒင်ဆရာ လုပ်ကြပြန်သည်။ ထင်ပေါ်မြောက်ပင့်ပြောဆိုမှုကို နှစ်သက်၏။ အမျိုးသမီး များ မပြင်မဆင်နေလျှင် ကြည့်၍ကောင်းသည်။ ပြင်လွန်းလျှင် ပုံမကျ ပန်းမ ကျဖြစ်တတ်၏။ (၄)ကြင်းမိန်းမ အင်္ကျီထက် လုံချည်ကို ပိုမက်မောကြ၏။ သားသမီးမွေးလျှင် လွန်စွာမွေး၍ မမွေးလျှင်လည်း တစ်ယောက်မှ မမွေးကြပါ။ (၄)ကြင်းမိန်းမများ သားသမီးထက် လင်သားကို ပိုမက်မော၏။ ပို၍ ဂရုစိုက်ကြ၏။
    (၄)ကြင်းကျားများ ဘ၀တွင် ထင်ပေါ်လိုစိတ်ကြောင့် လုပ်ငန်း တစ်ခုကို ဆုံးခန်းတိုင်အောင် မလုပ်ကြဘဲ ငါးပွတ်ရာ ငါးစာချသကဲ့သို့ ပြောင်းလည်းလုပ်ကိုင်၍ မည်သည့်လုပ်ငန်းမှ အောင်မြင်မှုမရှိကြပါ။  ဘုန်းကြီး၊ ရဟန်းများဝတ်လျှင် ဆရာတော်ကြီးများဖြစ်သည့်အထိ အကျိုးပေး၍ ရိုးရိုးသာမန်လူများ တပ်မတော်(သို့) ရဲတပ်ဖွဲ့များတွင် လွန်စွာအကျိုးပေး၏။ ကြီးမားသောရာထူး၊ ရာခံများရရှိကြ၏။ ကျောင်းဆရာ၊ ဆရာမများလုပ်ကြ ပါက ကျောင်းအုပ်ကြီးများဖြစ်သည် အထိ အောင်မြင်ကြ၏။
    ကျားမအားလုံး မိသားစုအပေါ် အနိုင်ယူလျှင် လွန်စွာယူ၍ အရှုံး ပေးလျှင်လည်း လွန်စွာအရှုံးပေးကြ၏။ မိသားစုအပေါ် အနိုင်ယူသည် ဖြစ်စေ၊ အရှုံးပေး၍ ဆက်ဆံသည်ဖြစ်စေ သြဇာအာဏာမရှိကြပါ။ ပတ်ဝန်း ကျင် လူများ နှိမ့်ချ၍ ပြောဆိုသောသူများကို မပေါင်းဘဲ မြှောက်ပင့်ပြောဆို သူများကို ပေါင်းကြ၏။ မိမိမွေးရပ်မြေ သို့သွားရန် လွန်စွာဝန်လေးကြ၏။ တစ်ရပ်တစ်ကျေးတွင် အရိုးထုတ်ကြ၏။ လက်ရှိနေရပ်တွင် စီးပွားပျက်ခြင်း၊ တစ်နည်းနည်းနှင့် ဘ၀ဂုဏ်သိက္ခာကျဆင်းလျှင် အိမ်ရောင်း၍ ရှောင်ပြေးကြ ၏။
    (၄)ကြင်းမိန်းမများ ကလေးလွန်စွာမွေး၍ အိမ်ထောင်ရေးလုံးဝ နားမလည်ပါ။ လူပျို၊ အပျိုများ မြှောက်ပင့် ပြောဆိုသူများ ချမ်းသာကြယ်ဝ သူများနှင့် သမီးရည်းစားဖြစ်ကြ၏။ အိမ်ထောင်ဦးစီး (၄)ကြင်းဖြစ်လျှင် ၎င်းင်းအိမ် မှာ ဆူပူနေကြသည်။ ပစ္စည်းငှားရမ်းမှုဝါသနာပါကြ၏။ ကြေးတင် လျှင် လက်ခက်၏။ ကြေးမဆပ်နိုင်က ရှောင်၍ ပြေးကြ၏။ အလုပ်လုပ်လျှင် သေသပ်မှုမရှိပါ။ အလောတကြီးလုပ်ကိုင်ကြ၏။ အထက်လူကို မြှောက်ပင့် ၍ အောက်လူကို နှိမ့်ချတတ်၏။
    ဘ၀တစ်လျှောက်လုံးတွင် အမှုအခင်း အချုပ်အနှောင်များ အများ ဆုံးတွေ့ကြရ၏။ ထောင်ကျလျှင် သေသည့်အထိ နှစ်ကြီးများကျတတ်၏။ မိသားစုအတွက် အတ္တစိတ်အလွန်ကြီးသည်။ စနေနံနှင့် ပတ်သက်၍ ပစ္စည်း များ မတည့်ပါ။ မရဏတွင် စနေနံရှိသဖြင့် ထင်ပေါ်ကျော်ကြားလျှင် ပျက်စီး သည်။ ပစ္စည်းဥစ္စာများ အထုတ်လိုက်စုမိလျှင် ပျက်စီးစရာများကြုံ၍ ကုန်တော့သည်။ ဘ၀တွင် အောင်မြင်လိုပါက (၄)ကြင်း ကျားမ အားလုံး လုပ်ငန်းတစ်ခုခုကို သေသည့်အထိ လုပ်ကိုင်လျှင် အောင်မြင်သည်။ အစိုးရ လုပ်ငန်းများနှင့် အကျိုးပေး သည်။ ဆရာသမားများနှင့် နီးနီးကပ်ကပ်နေလျှင် အောင်မြင်မှုရရှိမည်။ ဆရာသမားများ ကင်းမဲ့သော (၄)ကြင်းများ ဘ၀ပျက် သည်။ ကိုယ့်စိတ်ကိုယ့်ဆန္ဒနှင့် နေနိုင်သည့် အချိန်မျိုးရောက်လျှင် မဟုတ် တာ အကုန်လုပ်သည်။ စနေနံနှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးမပေး ပါ။ အနက်ရောင်နှင့် မတည့်ပါ။(၄)ကြင်း ကျား/မတို့ အထွန်းနေရာတွင် စိတ်ရှိသည်။ လူတစ်ကိုယ် လုံး နာရီနှင့်အမျှ စပ်စုလိုစိတ်အမြဲ ရှိသည်။
    အထွန်းခွင်၏ အဓိပ္ပာယ် စပ်စု၊ ကြားဝါ၊ အင်္ဂါဂြိုဟ်၏ အဓိပ္ပာယ် စိတ်၊ စိတ်လှုပ်ရှားမှု။
    နေရာတကာတွင် စပ်စပ်စုစုလုပ်ကိုင်တတ်ကြသဖြင့် လုပ်ငန်းပေါင်း စုံလုပ်ခြင်း၊ အရိပ်(၃)ပါး နားမလည် ဘဲ စပ်စုခြင်း၊ စပ်စုသည့်စရိုက်ကြောင့် ကိုယ်နှင့်သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ နေရာတကာ စိတ်မတည်ငြိမ်မှုကြောင့် စိတ်နှင့် ရုပ်တွင် စိတ်ပိုင်းဆိုင်ရာက ဦးဆောင် သူဖြစ်သည်။ ပင်ကိုစိတ်ရင်း ကောင်းသူ ဖြစ်သော်လည်း ကုသိုလ်မရှောင်၊ အကုသိုလ်မရှောင်၊ စပ်စုလိုစိတ်ကြောင့် ပင်ကိုယ်ရှိသော စိတ်ထား ပျက်စီး၏။
    စိတ်သမာဓိကောင်းစွာနေထိုင်သော (၄)ကြင်းများ အောင်မြင် သည်။ စိတ်အထွန်းတွင်ရှိသောကြောင့် စိတ်ဆိုးလွယ်သည်။ ဘမဟုတ် သည့်ပြဿနာများကို မီးလောင်မှုကြီးဖြစ်အောင် လုပ်သည်။
    (၄)ကြင်း ကျား/မ သတင်းစုံပြောသည်။ (၄)ကြင်း ကျားများ ပြဿနာဖြစ်သည့်နေရာကို မရောက်ရောက် အောင်သွားသည်။ အစ အနောက်သန်သည်၊ အတွန်း အတိုက်၊ အတို့အထောင်လုပ်တတ်သည်။ သတင်းစာ၊ ရေဒီယို၊ ကက်စက်၊ တီဗွီ၊ အကုန်အစုံနားထောင်သည်။ ဖတ်သည်။ ပြီးလျှင် မိမိသည် အရာရာကိုသိကြောင်း သိပြီးကြောင်း ကြား၏။ သူ့ရှေ့တွင် ဘာပဲလုပ်လုပ် အကုန်လေ့လာသည်။ ထင်ပေါ်မည့်အတတ်မျိုးစုံ အကုန် သင်သည်။ မပြီးဆုံးပါ။ ဘာသာမျိုးစုံ၊ ဓာတ်၊ နတ်၊ စုန်း၊ ပယောဂ၊ ဗေဒင်၊ ဆေး အကုန်လေ့လာသည်။ သိသာ သိ၏။ တတ်အောင် မသင်ပါ။    (သိုက်) ဌာန၏ အဓိပ္ပာယ် လွဲမှားစွာ စေ့စပ်မှု၊ သောကြာဂြိုဟ်၏ အဓိပ္ပာယ် ခရီး၊ စကားလှုပ်ရှား။
    သောကြာသိုက်ဖွားများ ခရီးများလွဲမှားနေသည်။ စကားများ လွဲမှားနေသည်။ လှုပ်ရှားမှု အမှန်အကန် မဖြစ်ဘဲ အခက်တွေ့နေသည်။ (၄)ကြင်းများ စကားပြောလျှင် မဟုတ်တာ အဟုတ်လုပ်ပြောသည်။ ကြား၍ ပြောသည်။ ခရီးသွားလျှင် ဒီနေရာဆို ဟိုနေရာရောက်သည်။ ကြေးယူလျှင် တောင်းရခက်သည်။ (၄)ကြင်း သောကြာစကားပြောလျှင် သတိထားပါ။ မမှန်တာများ၏။ (၄)ကြင်းစကားပြောချိုသာလျှင် ကတိပျက်၏။ စကားကတိမတည်ဘဲ နေလျှင် ပြောသလိုမလုပ်လျှင် ဘ၀တွင် ကျဆုံး၏။ ခရီးမှားလျှင် မရဏဉာဉ် (၄)ကြင်း သောကြာကြေးယူပြီး ပြန်မဆပ်ပါ။ (၄)ကြင်းများ အပေးအကမ်းရက်ရောနေလျှင် ထိုသူထံမှ  လိုချင်တာတစ် ခုရှိနေသည်ဟု မှတ်ပါ။ရာဇခွင်၏အဓိပ္ပာယ် မလည်ရှုပ်ထွေး ပရိယာယ်များ တနင်္လာဂြိုဟ် အဓိပ္ပာယ် ငွေ၊ အကြား။    (၄)ကြင်း ကျား/မတို့သည် မူလဇာတာခွင်၌ (၂)ဂဏာန်း တနင်္လာ ဂြိုဟ်သည် ရာဇအိမ်တွင် ရပ်တည် နေပါသည်။ အိမ်ရှင်သခင်ဂြိုဟ်ရာဇ ၏သတ္တိနှင့် အားတို့မှာ မလည်ရှုပ်ပြုလုပ်ခြင်းနှင့် ပရိယာယ်အလွန်များခြင်း တို့ဖြစ်ပါသည်။ ထို့ကြောင့် အကြားပရိယာယ်များခြင်းနှင့် ငွေပရိယာယ် များခြင်းနှစ်မျိုးလုံးကို ပရိယာယ်ဖြင့် မလည်ရှုပ်ထွေးကြ၏။ (၄)ကြင်း ကြားဝါမှုသည် အခြားအကြင်းနှင့်မတူဘဲ အငှားကြား ကြားကြ၏။ မိမိ၏ ကြားဝါမှုကို ပတ်ဝန်းကျင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဂရုမစိုက်ဘဲ မိမိကိုယ်တိုင် ရာဂစရိုက်ကြောင့် မသိချင် ယောင်ဆောင်၍ ကြားကြ၏။ မရှိသည်ကို အရှိလုပ်၍ ကြားကြ၏။ မိမိမပိုင်သော ရွှေ၊ ငွေ၊ အသုံးအဆောင် ပစ္စည်းတို့ကို ပေါင်နှံ၍ အကြားအားကောင်းကြပါက ဘ၀တွင် ထောင်၊ ဆေးရုံ အလွန်နီးကပ်လှသည်။ (၄)ကြင်း ပစ္စည်း ငှားရမ်းလျှင် ပိုင်ရှင်တောင်း မှ ပြန်ပေးသည်။ မတောင်းမချင်း ပြန်ပေးလေ့မရှိ။ ငွေကြေးနှင့် ပတ်သက်၍ ဘ၀တွင် သမာအာဇီဝကျစွာ မရှာဖွေဘဲ ငွေရလွယ်သော သမာအာဇီဝ မဟုတ်သည့် ဖြတ်လမ်းနည်းများဖြင့် လှည့်ပတ်ရှာဖွေ လုပ်ကိုင်စားသောက် ကြပါက ဘ၀တွင် ငွေကြေးမတည်မြဲသည့်အပြင် ထာဝရကြေးမကင်းဘဲ ငွေကြေးကြောင့် သိက္ခာကျခြင်း၊ အမှုအခင်းဖြစ်ခြင်းများ ကြုံတွေ့ကြရ၏။ ထိုသို့ မိမိ၏ရာဇဉာဉ်စရိုက်၏ ခိုင်းစေ ချက်များကို မပြုပြင်ဘဲ နေထိုင်ကြ မည်ဆိုပါက ဘ၀တွင် ဆိုးကျိုးများနှင့်သာ ကြုံတွေ့နိုင်ပြီး ပြုပြင် နိုင်သော သူများ သည် ဂုဏ်သတင်းလွန်စွာထင်ပေါ်၍ ပြည့်ပြည့်စုံစုံနေရသော ဘ၀သို့ ရောက်ကြရ၏။ပုတိအိမ်၏အဓိပ္ပာယ် ဖုံးကွယ်၊ ပျော့ညံ့၊ မကျော်စော။ ကြာသ ပတေးဂြိုဟ်၏ အဓိပ္ပာယ် ပညာ၊ အတွေးအခေါ်၊ ဘာသာ။
    (၄)ကြင်း ကျား/မ အားလုံးတို့သည် ပုတိနေရာတွင် (၅)ဂဏာန်း ပညာ၊ အတွေးအခေါ် ရောက်ရှိ နေပါသည်။ အိမ်ထောင်ရေးကိစ္စများတွင် လက်တွေ့ဆောင်ရွက်မှု၊ လွန်စွာညံ့ဖျင်းကြ၍ စိတ်ကူးယဉ်သမားများ ဖြစ်ကြသည်။ ကိလေသာကိစ္စများတွင် စိတ်ကူးဖြင့် ကြံစည်တွေးတော မိနေစဉ် အချိန်များတွင် အကုသိုလ်လွန်စွာ ကြီးမားကြ၏။ လူ မဖောက်ပြန် သော်လည်း မနောဖောက်ပြန်သူများ ဖြစ်ကြသဖြင့် (၄)ကြင်းများ ကာမဂုဏ် ကိစ္စများ အမြဲတွေးသည်။ လက်တွေ့တွင် ပုံဆိုးပန်းဆိုးနှင့် ညားကြ၏။ ကြာသပတေးဂြိုဟ်၏ အဓိပ္ပာယ်တစ် မျိုးမှာ (ဘာသာ) ဖြစ်သဖြင့် ဘာသာ ရေးနှင့် ပတ်သက်၍ မကျော်စော အပ်သော အဆောင်၊ လက်ဖွဲ့၊ အင်း၊ ဓာတ်လုံး၊ အစရှိသော သိဒ္ဓိ၀င်အစီအရင်များ လွန်စွာမှ နှစ်သက်ကြ၏။ခရီးသွားဟန်လွဲ ရည်းစားများကြုံတွေ့တတ်ကြ၏။ သားမယား ခင်ပွန်း အပေါ်လွန်စွာကတိပေးလွယ်သည်။ ကတိပျက်လွယ်သည်။ အတူ နေအိမ်ထောင်ဘက်ပေါ် ပြောသင့်ပြောထိုက်သည့် စကားများဖုံးကွယ် တတ်၏။(၅)ကြင်း ကျားမ ၀ိပသာနာစကားလွန်စွာပြောသည်။ အပျော်၊ အပျက်၊ အချော်၊ အချွတ်စကားများပြောတတ်၏။ မိမိကိုယ်ကို ပုဂ္ဂိုလ်ထူးများ စောင့်ရှောက်သည်ဟု ထင်နေတတ်ကြ၏။