ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Tuesday 18 November 2014

လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၈)

         လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၈)
                                    သုခံလောကဓံ (သို့) သောကြာဂြိုဟ်   
    ကျွန်ုပ်သည် လောကဓံ(၈)ပါး ဗေဒင်ပညာခန်းအား ဗေဒ၀သနာရှင် အပေါင်းနှင့် မြန်မာရိုးရာဗေဒင် လေ့လာသူအပေါင်းတို့အား ရေးသားတင်ပြခဲ့ သည်မှာ အဋ္ဌလက်ခွင်တပတ်(၈)ခွင် တိတိ ပြည့်ခဲ့ပါပြီ၊ ကျွန်ုပ်ရေးသား တင်ပြခဲ့သောလောကဓံ(၈)ပါးသက္ခတ်ဗေဒင်ပညာမှာ လူသားတို့ မွေးဖွားရာ မှာ သေဆုံးချိန်အထိ ဖြတ်သန်းရမည့် အကြောင်းအကျိုးမလွတ်သော သဘောနှင့် သဘာဝကျလှသောလောကဓမ္မများပင် ဖြစ်သည်၊ လောကဓံ (၈)ပါးအား အောင်မြင်ကျော်ဖြတ်ရန်မှာမဂ္ဂင်ရှစ်ပါးဖြစ်သော
    (၁)    သမ္မာအာဇီဝ    (ကောင်းစွာ အသက်မွေးခြင်း)
    (၂)    သမ္မာသင်္ကံပ္ပ    (ကောင်းစွာ ကြံစည် ဆုံးဖြတ်ခြင်း)
    (၃)    သမ္မာဒိဋ္ဌိ       (ကောင်းစွာ တွေးခေါ်ယူဆခြင်း)
    (၄)    သမ္မာသတိ     (ကောင်းစွာ သတိရှိုခြင်း)
    (၅)    သမ္မာကမ္မန္တ    (ကောင်းစွာ ကောင်းသောအမူပြုခြင်း)
    (၆)    သမ္မာ သမာဓိ (ကောင်းစွာ စိတ်ထားတည်ကြည်ခြင်း
    (၇)    သမ္မာ ၀ါယမ  (ကောင်းစွာ အားထုတ်ခြင်း၊ လုံ့လ၀ိရိယစိုက်ခြင်း)
    (၈)    သမ္မာ ၀ါစာ   (ကောင်းစွာ ပြောဆိုခြင်း)
    အစရှိသော မှန်ကန်သော ကာယကံ၊၀စီကံ၊မနောကံတို့ ဖြင့် လောကဓံ(၈)ပါးအား အခက်အခဲမရှိ ကျော်ဖြတ်ရန် ဖြစ်ပါသည်။ ယ္ခုနောက်ဆုံးတင်ပြရန်ကျန်နေသည့် သုခံလောကဓံ၏ မူလအိမ်ရှင် သခင်ဂြိုဟ်မှာ သောကြာဂြိုဟ်ဖြစ်ပြီး ဂြိုဟ်၏ပရိယာယ်မှာ ခရီး၊စကား၊ လှုပ်ရှားပင်ဖြစ်ပါသည်။ ၎င်းင်းနယ်မြေသို့ ကျော်ဖြတ်ရန်မှာ မှန်ကန်သောခရီး၊ မှန်ကန်သောစကားနှင့် မှန်ကန်သောလှုပ်ရှားမှုများ ပြုလုပ်ဆောက်ရွက်ရန် ဖြစ်ပါသည်။
      မမှန်ကန်သော စကားများ သုခံတွင်ပြောဆိုမိပါက အမှုအခင်း များကြုံတွေ့ နိုင်ပြီး၊ မမှန်ကန်သော ခရီးများကိုသွားမိပါက ကားတိုက်ခြင်၊   ကားမှောက်ခြင်း၊လေယာဉ်ပျံပျက်ကြခြင်း၊ ရထားမှောက်ခြင်း၊ ရန်ဖြစ်၍ ဆေးရုံရောက်ခြင်းများကြုံတွေ့နိုင်ပါသည်။မှန်ကန်သော စကားများကို ပြောဆိုမိကြပါက စီးပ္ပားရေးလုပ်ငန်းများ ဆက်သွက်မှုရရှိပြီးလျှင် လူချစ် လူခင်ပေါခြင်း မှန်ကန်သော ခရီးကိုသွားရခြင်း၊ နိုင်ငံခြားသို့  ပညာတော် သင်သွားရခြင်း ၊ ဘုရားဖူးထွက်ရခြင်း အစရှိသော ကောင်းမွန်သော ကိစ္စရပ်မျာကိုသာ ကြုံတွေ့ ရပါလိမ့်မည်။
 သုခံလောကဓံ(သောကြာဂြိုဟ်)တွင် မဂ္ဂင်(၈)ပါး၏ ရပ်တည်မှုသည် (သမ္မ၀ါစာ) ဖြစ်ကြသောကြေင့် စကားနှင့်ပတ်သက်၍ အမှားမပါရန် အထူးဂရုစိုက်ရန် လိုပါသည်။
  စာဖတ်ပရိတ်သတ်ကြီးနှင့် ဗေဒင်ဝါသနာရှင် အပေါင်းတို့အား ထပ်မံ၍တင်ပြပါရစေ။    သုခံလောကဓံ(သို့ )သောကြာဂြိုဟ်သည် လောကဓံ(၈)ပါး နယ်မြေတွင် ကောင်းသောနယ်မြေတစ်ခုဖြစ်ပြီး ယသောဂြိုဟ်နှင့်သဘော ထားခြင်း တူသော(လောဘ)နယ်မြေတစ်ခုလည်း ဖြစ်သည်။သုခံဂြိုဟ်တွင် တဏရာဂနှင့်ပတ်သက်သော အိမ်ထောင်ရေးကိစ္စများသည် ရာဟုဂြိုဟ် ကဲ့သို့  တိတ်တိတ်ပုံးအိမ်ထောင်ရေးကိစ္စများ မဟုတ်တော့ဘဲ ပြောင်ကမြင်း သောဂြိုဟ် ဖြစ်ပါသည်။သုခံဂြိုဟ်တွင်တွေ့ရသော ကိလေသာနှင့်ပတ်သက် သော ပုဂ္ဂိုလ်တို့ သည်မိမိအိမ်(သို့ )မိမိနေထိုင်ရာသို့ ဝင်ထွက်သွားလာသူတို့ နှင့် ဖေါက်ပြန်ကြ၏။
    ၎င်းင်းသုခံဂြိုဟ်တွင် သောကြာတိုင်ထူလိုက်ပါက အတွေးအခေါ်နှင့် ဆိုင်သောကြာသာပတေးဂြိုဟ်သည်(ခိုက်) နေရာတွင်တည်ရှိသောကြောင့် အတွေးခေါ်ပိုင်းများ တယူသန်ဖြစ်သွားကြပြီး (ရုပ်)ပိုင်းဆိုင်ရာ ဖြစ်သော ကြောင့် ဗုဒ္ဓဟူးဂြိုဟ်သည်(ဆပွတ်)ဌာနအိမ်ထောင်ရေး နေရာတွင်ရှိသော ကြောင့်လူခန္ဓာကိုယ်တစ်ခုလုံး အိမ်ထောင်ရေးကိစ္စ(စုပ်)စီးနေကြပါသည်။(စိတ်) အင်္ဂါံဂြိုဟ်သည်လည်းန၀င်းတွင်ရှိသောကြောင့် ကိုယ်လွတ်နှင့် အသိကင်းမဲ့စွာ အိမ်ထောင်ရေးကိစ္စကြောင့် ကျုးလွန်နေကြပါသည်။အံ့သြစရာကောင်းသော အချက်တခုမှာ သုခံတွင်တွေ့ ရသော ပုဂ္ဂိုလ်တို့ မှာ ချစ်စကား၊ကြိုက်စကားပြောရန်မလိုဘဲ အချိန်မရွေး မိမိ၏ဖောက်ပြန် မှုကို လက်ခံနေသူဖြစ်၏။
 သုခံခတ်သူအားသမုဒယတရားတို့ကိုဖြစ်စေသောဝတ်ကြီးဝတ်ငယ်တို့ကို ဖြစ်စေတတ်သည်။ ထူးခြားသောအချက်တစ်ခုမှာထိုနှစ်ဦး ဖောက်ပြန်သော အခွင့်အရေးများကို အနှောက်အယှက်ကင်းစွာ သုခံဂြိုဟ်က (ခေတ္တ) ကာကွယ်ပေးခဲ့သည်။သုခံလောကဓံ(သောကြာ)ဂြိုဟ်တွင်ထိုကဲ့သို့ ကိစ္စများ ဖြစ်ပေါ်လာပါကရှေ့ လာမည့်တနင်္ဂံနွေဂြိုလ်နှင့်  တနင်္လာဂြိုဟ်တို့တွင် ရပိုင်ခွင့်များ ဆုံးရှုံးကြရ၏
    သုခံဂြိုဟ်တွင် မိမိရည်ရွယ်သူအားအချိန်မှန်မှန်စိတ်ကူး၍ မျှော်လင့်တတ်သော စိတ်မွေးမြူပါက သုခံဂြိုဟ်၏ရပိုင်ခွင့်များ လျော့နည်းသွားကြသည်။
    ၃    (စိတ်)  ချမ်းသာမှု
    ဝ
    ၎
    -၆-
    ၂
    ၅
    ၁   (အိမ်ထောင်) ပျက်
    သောကြာဂြိုဟ်တွင်အင်္ဂါံဂြိုဟ် (စိတ်) န၀င်းစီးသောကြောင့် စိတ်ချမ်းသာမှုများရရှိကြ၏။ အင်္ဂါံနံစက်ပစ္စည်းများဝင်လာလျှင်ကောင်း၏။ သုခံဂြိုဟ်၏အ၀င်(၄)လတွင် မမျှော်လင့်သော ခရီးထွက်ရပါက ကျန်(၈)လ တွင် သုခံအကျိုးပေးမည်ခရီးမထွက်ဖြစ်ပါက သုခံဂြိုဟ်ပိတ်၏။စီးပွားရေး လုပ်းငန်းများတွင် လုပ်သလောက်အကျိုးဖြစ်ထွန်းကြ၏။
  အိမ်ထောင်နှင့်ပတ်သက်သော တနင်္ဂနွေဂြိုဟ်သည် တိုင်ခြေတွင်ရှိသော ကြောင့်အိမ်ထောင်ပြုလျှင်မကောင်းပါ။ သောကြာတိုင်၏ အောက်ခြေတွင် ရှိသောတနလာင်္ံနံနှင့် တနနွေနံပစ္စည်းများဝင်လာလျှင်သုခံဂြိုဟ်ပျက်၏။တနလာင်္ံနံဖြစ်သောကြောင့်များ ခုတင်အောက်တွင်  မွေးဖွားပါက သုခံဂြိုဟ် ပိတ်။စီးပွားရေးလုပ်ငန်းများ ချဲ့ ထွင်ရန်မလိုဘဲ လက်ရှိအတိုင်း လုပ်ကိုင်လျှင် အကျိုးပေးမည်၊အစိုးရလုပ်ငန်းများဝန်ထမ်းဖြစ်က နယ်ပြောင်းရခြင်း၊ ရာထူးတက်ခြင်း၊ယာယီခရီးသွားခြင်းကြုံတွေ့ ရ၏။
    စကားခရီးဂြိုဟ်ဖြစ်သောကြောင့်စကားကတိတည်ခြင်း နှင့်ကြမ်းတမ်း စကားမဆိုရပါ။ခရီးသွားရာတွင် အိမ်ထောင်ရေးကိစ္စများနှင့်တိုက်ဆိုက်ကြုံရတတ်၏။သောကြာဂြိုဟ်၏ မူလပရိယာယ်များမှာ စကား၊ခရီး၊လှုပ်ရှားမှု၊သွား၊အလှအပနှင့်ဆိုင်သောပဟစ္စများ၊ ရောယှက် အရောင်၊ပုလဲ၊အိပ်ယာအခမ်းအနား၊လမ်းဆုံ၊သုတ်သွေးအစရှိသော ဂြိုဟ်ပရိယာယ်များ အပါအ၀င်သေကြာပညတ်ချက်များပါဝင်ပါသည်။
 ၎င်းင်းဂြိုဟ်တွင် အထူးသတိပြုရမည့်နေ့သားများမှာ တနင်္လာသား ဖြစ်ပြီးသောကြာဂြိုဟ်နှင့် သောက (၆x၂) အတွင်းရန်ဖြစ်ပြီး အိမ်တွင်းရေး၊ အိမ်ထောင်ရေး တည်ငြိမ်မှုမရှိဘဲ ခန္ဓာကိုယ်အတွင်းရောဂါများ မကြာခဏ ဖြစ်တတ်ပါသည်။ဘုမ္မိဂြိုဟ်များနှင့်ယှဉ်၍ ၎င်းင်း သောကြာသက်ရောက် နေပါက ခွဲစိတ်ကုသမှုများခံကြရ၏။
    ဒုတိယသတိထားရမည့်အချက်မှာ ၎င်းင်းနယ်မြေသည် ၃ ကြင်းနှစ် တွင် မွေးဖွေားသူများအတွက် မာရဏနယ်မြေဖြစ်ပါသည်။
    မာရဏနယ်မြေ၏သဘောသဘာဝနှင့် သောကြာဂြိုဟ်ခရီး ပရိယာယ်ကိုပေါင်းစပ်လိုက်ပါက၎င်းင်းမာရဏနယ်မြေသို့  ရောက်ရှိလာသူ နေ့သားများနှင့် အပြင်ရန်ကျရောက်နေသာ စနေသားများ (သုတ) အပြင်ရန် သဘောကြောင့် လမ်းခရီးသွားလာရာတွင် ကားမှောက်ခြင်း၊ လှေ မှောက်ခြင်း၊ ရထားမှောက်ခြင်းများ ကြုံတွေ့နိုင်ပြီး ဘုမ္မိကြီး၊ ဘုမ္မိလေးနယ်မြေများနှင့်တိုက်ဆိုင်ပါက အထူးသတိထားရန်လိုပါသည်။
    စနေသားသ္မီးများအနေနှင့် နောက်ထပ်သတိပြုရမည် အချက်မှာ(၄) ခွင်မြောက်ဘုမ္မိနယ်မြောက်ဘုမ္မိနယ်မြေလည်းဖြစ်ပါသည်။ဘုမ္မိနယ်မြေသည် ရောဂါထူပြောခြင်းနှင့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ခက်ခဲသောကြောင့် ၎င်းင်းနယ်မြေရောက်ရှိနေသော စနေသားအထူးဂရုစိုက်ဖို့ လိုပါသည်။နိဂုံးချုပ်အနေနှင့်ကျွန်ုပ်ပြောကြားလိုသည်မှာ ကျွှန်ုပ်ရေးသားဖွင့်ဆိုခဲ့ပြီးသော လောကဓံ(၈)ခွင်လုံးတွင် လောဘ နယ်မြေ၊ ဒေါသနယ်မြေ နှင့် မောဟ နယ်မြေများ ဖုံးလွှမ်းနေသောကြောင့် လူတစ်ယောက်၏ အရေးကြီးသောစိတ်) ပိုင်းဆိုင်ရာ ကိစ္စများကို ထိန်းချုပ်နိုင်ပါက လောကဓံ(၈)ခွင် ဘေးဥပါဒ်ကင်းဝေးကြမည်ဖြစ် ပါသည်။
    ၁
    ၅
    ၂
    -၄-
    ၀        လောဘ
    ၃    (စိတ်)    ဒေါသ
    ၆        မောဟ
            မာန
    (ဗုဒ္ဓဟူးတိုင် (သို့) လူတစ်ယောက်တိုင်)
““ ပဿံသာလောကဓံ ”” တနင်္ဂနွေသက်ရောက်အတွက်ပြုလုပ်ရန်ယတြာများ
    ၁။    ဘဲသား နှင့် အုန်းနို့ ရောချက်၍ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ဆွမ်းပို့ပါ။
    ၂။    အပေါ်ရုံ သက္ကန်းတစ်စုံ လှူဒါန်းပါ။
    ၃။    စာအုပ်စာပေ နှင့် ပတ်သက်သော အလှူပြုလုပ်ပါ။
    ၄။    နေအိမ်တွင် အလှူ တစ်ခုပြုလုပ်ပါ။
    ၅။    ဂြိုဟ်တံခွန်သက်စေ့ နှင့် အထက်ဆောင်ပန်း၊ ဆီမီး၊ အမွှေးနံ့သာများကို မိမိ၏ မွေးနံထောင့်တွင် လှူဒါန်းပါ။
““ လဘော လောကဓံ ””
တနင်္လာ သက်ရောက်အတွက် ယတြာများ
    ၁။    အိမ်အမိုးသွပ်များကို မိမိ တတ်နိုင်သ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်း ပါ။
    ၂။    မိမိထက် ကြီးသူ (သို့) မိဘဆရာသမားများကို စောင်(သို့) အနွေး ထည်လှူဒါန်းပါ။
    ၃။    ရေစက်၊ ရေတွင်း၊ ရေကန်များ မိမိခွန်အားနှင့် တတ်နိုင်သ၍ ဘုန်းကြီး ကျောင်း၊ မိဘ၊ ဆရာသမားများကို လှူဒါန်းရန်။
    ၄။    နီးသောခရီး တစ်ခုသွားရန်။
    ၅။    ထီးဖြူ သက်စေ့၊ အထက်ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မိမိ၏ မွေးနံထောင့်တွင် လှူဒါန်းပါ။
““ အယသော လောကဓံ ””
အင်္ဂါသက်ရောက်အတွက် ယတြာများ ””
    ၁။    မိဘ၊ ဆရာ နှင့် ဆင်းရဲနွမ်းပါးသူများကို ငွေကြေးလှူဒါန်းပါ။
    ၂။    မျက်စိနှင့် ပတ်သက်သောရောဂါ ဝေဒနာ ရှိသူများကို ငွေကြေးလှူဒါန်း ပါ။
    ၃။    ဇီဝိတ ဒါန ဆေးရုံသို့ ငွေကြေးလှူဒါန်းပါ။
    ၄။    မိဘ၊ ဆရာ များထံသို့ စားဘွယ်စားကောင်းများပို့ပါ။
    ၅။    ကြက်လျှာ သက်စေ့၊ အထက်ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မိမိမွေးနံထောင့်တွင် လှူဒါန်းပါ။
““ ဒုက္ခံ လောကဓံ ””
ဗုဒ္ဓဟူးသက်ရောက်အတွက် ယတြာများ””
    ၁။    ရဟန်းသံဃာ၊ မိဘ၊ ဆရာသမားများကို ဆေးဝါး (သို့) အား ဆေးလှူ ဒါန်းပါ။
    ၂။    မိဘမဲ့ စာသင်ကျောင်းသို့ ငွေလှူပါ။
    ၃။    ဘုန်းကြီးကျောင်းသို့ ဆန်လှူပါ။
    ၄။    မိဘ၊ ဆရာသမားများကို ဆီ လှူပါ။
    ၅။    ဆူးတံခွန်လုံးတစ်လုံး၊ တံခွန်သေးတစ်လုံး၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေး တိုင်များကို မွေးနံထောင့်တွင် လှူဒါန်းပါ။
““ နိန္နာလောကဓံ””
စနေ သက်ရောက်အတွက်ယတြာများ ””
    ၁။    ရဟန်း၊ မိဘ၊ ဆရာများကို ထီးဖိနပ်လှူပါ။
    ၂။    နာရေးကူညီမှုအသင်းသို့ ငွေလှူပါ။
    ၃။    ငါး (သို့) ငှက်လွတ်ပါ။
    ၄။    ဘုန်းကြီးကျောင်းအိမ်သာသန့်ရှင်းရေးလုပ်ပါ။
    ၅။    ထီးနီသက်စေ့၊ ဆောင်ပန်း၊ ဆီမီး၊ အမွေးတိုင်များကို မိမိ၏မွေးနံ ထောင့်တွင် လှူဒါန်းပါ။
““အလာဘော လေကဓံ””
ကြာသပတေး သက်ရောက်အတွက် ယတြာများ ””
    ၁။    မွေးကင်းစကလေးငယ်များကို အနှီး၊ ပေါင်ဒါ၊ အင်္ကျီများကို လှူဒါန်း ပါ။
    ၂။    မိမိတက်နိုင်သ၍ ထောက်ပံ့သကူပစ်ပါ။
    ၃။    ရှင်မပြုရသေးသော ကလေးငယ်များကို ရှင်ပြုပေးပါ။
    ၄။    မိဘ၊ ဆရာသမားများကို မြေ ၀ယ်လှူပါ။
    ၅။    တံခွန်ကုက္ကားတစ်စုံ၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မွေးနံ ထောင့်တွင် လှူဒါန်းပါ။
““ ယသောလောကဓံ ””
ရာဟု သက်ရောက်အတွက်ယတြာများ ””
    ၁။    ဘုန်းကြီးရဟန်း၊ မိဘ၊ ဆရာသမားများကို ပန်ကာလှူပါ။
    ၂။    နေအိမ်တွင် ငါးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ မပြတ်ဆောင် ထားပါ။
    ၃။    ခေါင်းအုန်းစွပ်၊ အိပ်ယာခင်း၊ အခန်းစည်းပိတ်စများအသစ်လဲပါ။
    ၄။    စက်ပစ္စည်းအဟောင်ျးား အ၀င်မခံရ။
    ၅။    ယပ်ဖြူသက်စေ့၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မွေးနံထောင့် တွင် လှူဒါန်းပါ။
““ သုခံလောကဓံ ””
သောကြာ သက်ရောက်အတွက်ယတြာများ ””
    ၁။    အ၀င် (၄)လမကျော်ခင် ဘုရားဖူးခရီးတခုထွက်ပါ။
    ၂။    မိဘ၊ ဆရာသမားများကို ခရီးစရိတ်ထောက်ပံ့ပါ။
    ၃။    ရေသန့်စက် (သို့) ရေအေးပေးစက်လှူပါ။
    ၄။    ပုဆိုး၊ အင်္ကျီများ လှူဒါန်းပါ။
    ၅။    တံခွန်လုံးအသေးသက်စေ့၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မွေးနံထောင့်တွင် လှူဒါန်းပါ။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။