အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၁)
တနင်္ဂနွေသားသမီး (သို့) သူရဇ္ဇတိုင်
မြတ်စွာဘုရား ဟောကြားတော်မူသော ပဋိစ္မ သမုပ္ပါဒ်တရားတော် တွင် အကြောင်းကြောင့် အကျိုးဖြစ်ခြင်း တရားများကို ဘာသာရေးဆိုင်ရာ စာပေများတွင် အကျယ်တ၀င့် ရှင်းလင်းရေးသားထားသည် ဖြစ်ပါ၍ ကျွန်ုပ်အနေဖြင့် ဤဆောင်းတွင် ဗုဒ္ဓ၏တရားတော်များကို ထပ်မံ၍ ရေးသားခြင်း မပြုတော့ဘဲ (ဗေဒင် ပိဋိကတ် တစပ်တည်းရှိသည်) ဟူသော ဗေဒင်မူသင်ခန်းစာ အကြောင်းအရာများကို ရှင်းလင်းသွားမည် ဖြစ်ပါသည်။
တနင်္ဂနွေမှစ၍ စနေအဆုံး (၇)နေ့နံ (သို့) အင်္ဂ၀ိဇ္ဇာတိုင် ပညာခန်း အား တလလျှင် တတိုင်မျှစီ ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါ၍ ယခုလတွင် တနင်္ဂနွေနေ့တိုင် (သို့) အင်္ဂ၀ိဇ္ဇာတိုင် (သူရဇ္ဇ)တိုင် ပညာခန်းမအား စတင်၍ ရေးသားသွားပါသည်။ ယခု ကျွန်ုပ် ရှင်းလင်းတင်ပြမည် ဖြစ်သော အင်္ဂ၀ိဇ္ဇာ တိုင် (၇)တိုင် ပညာခန်း အယူအဆများသည် (အထက်မှာ ဆောင်ပန်း အောက်မှာ နင်းကြမ်း တခန်းယူမှီးကြ) ဆိုသော အတုလ ဆရာတော် ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာ အပိုဒ်၏ အယူအဆများနှင့် ကျွန်ုပ်၏ဆရာ သခင် ကျေးဇူးရှင်များ၏ သင်တန်းမူများကို အခြေခံ၍ ရေးသား တင်ပြ သွားပါမည်။ အထက်မှာဆောင်ပန်း အောက်မှာနင်းကြမ်း တခန်းယူမှီးကြဆို သော အတုလဆရာတော် ခင်ကြီးဖျော်၏ အယူအဆမှာ
တနင်္ဂနွေ (သို့) သူရဇ္ဓတိုင်၏ အောက်ဂဏာန်းများ ဖြစ်ကြသော (ဗုဒ္ဓဟူး၊ စနေ၊ အင်္ဂါ) အစရှိသော ဂြိုဟ်၏ နံသင့်အလိုက် ပညက်များကို ရှောင်ကျဉ်၍ သူရဇ္ဇတိုင်၏ အထက်တွင်ရှိသော (သောကြာ၊ တနင်္လာ၊ ကြာသပတေး) အစရှိသောဂြိုဟ် (သို့) နံသင့်အလိုက် ပညတ်များကို ဆောင် ရန်၊ အမည်ပေးရန်၊ ဘုရားပန်းအဖြစ် ကပ်လှူရန်၊ အလုပ်အကိုင်လုပ်ရန် အစရှိသော ဂြိုလ်ပရိယာယ်တို့ကို ပြုလုပ်ဆောင်ရွက်ရန် ဖြစ်ပါသည်။
၎င်းင်းအထက်ဆောင်ပန်း အောက်နင်းကြမ်း အယူအဆများကို ကျွန်ုပ်၏ ဆရာသခင် ကျေးဇူးရှင်များက န၀င်းနှင့်ခိုက်ဟု၍ သုံးသပ်ခဲ့ပါ သည်။
ဥပမာ (၁)
အထက်ဆောင်ပန် (န၀င်း)
၅ ၅
၂ ၂
၆ ၆
-၁- -၁-
အောက်နင်းကြမ်း (ခိုက်)
၎ ၎
ဝ ၀
၃ ၃
ကျွန်ုပ်၏ အယူအဆနှင့်ဆိုသော် တိုင်အောက်ရှိ ဂဏာန်းများသည် အကြောင်းတရား ဖြစ်ကြပြီး အင်္ဂ၀ိဇ္ဇာတိုင် အပေါ်ဘက် ရှိ ဂြိုလ်နံသင့် ဂဏာန်းများသည် အကျိုးတရားများ ဖြစ်ပါသည်။ အကြောင်းတရားများ ကောင်းမွန်ပါမှ အကျိုးတရားများ ကောင်းပါ မည်။
ဥပမာ (၂)
အထက်ဆောင်ပန်း အကျိုးတရား
၅ ၅
၂ ၂
၆ ၆
-၁- -၁-
အောက်နင်းကြမ်း အကြောင်းတရား
၎ ၎
ဝ ၀
၃ ၃
အကြောင်းတရားများသည် အောက်နင်းကြမ်းများ ဖြစ်၍ အကျိုး တရားများသည် အထက်ဆောင်ပန်း ဖြစ်ပါသည်။
သူရဇ္ဇတိုင်တွင် န၀င်းတွင်ရှိသော ကြာသပတေး နံသင့်ဂဏာန်း ပညာ၊ အတွေးအခေါ်၊ ဘာသာ အစရှိသော အကျိုးတရား များကို ရရှိလို ပါက တိုင်အောက်တွင် ရှိသော (ခိုက်) စနေ ဂဏာန်း၏ ပရိယာယ်များ ဖြစ်ကြသော လောဘ၊ ဒေါသ၊ မာန အစရှိသော ဂြိုဟ်၏ပရိယာယ်များကို ပယ်သတ်ပြီးသား ဖြစ်ရပါမည်။
အထက်ပါ ကိန်းများ၏ အပြန်အလှန်သဘောကို ပြန်လည်လေ့လာ ကြည့်ပါက တနင်္ဂနွေသား တဦးသည် (လောဘ၊ ဒေါသ၊ မာန) များကို အခေါ်များ မှန်ကန်၍ ဘာသာရေးကိုးကွယ်မှု မှန်ကန်ခြင်း အစရှိသော အကောင်းဘက် အုပ်စုများကို ရရှိပါမည်။စိတ်ယုတ်မာများကို ရှောင်ကျဉ်ရန်
အထက်ပါ အကြောင်းအရာများကို ရှောင်နိုင်ပြီဆိုပါက အထက် ဆောင်ပန်းများ ဖြစ်ကြသော
(က) အတွေးအခေါ်မှန်၍ ပညာရေး၊ ဘာသာရေးတွင် ထူးချွန်ခြင်း
(ခ) ငွေကြေးများ သန့်ရှင်းစွာရရှိ၍ မှန်ကန်စွာ ကြားဝါနိုင်ခြင်း
(ဂ) ခရီးများအောင်မြင်၍ နိုင်ငံခြား ပညာတော်သင်သွားရခြင်း မင်္ဂလာရှိသော စကားများပြောရခြင်း၊ ကြားရခြင်း အစရှိသော ကောင်းသော၊ မှန်သော၊ မင်္ဂလာရှိသော ကိစ္စများကို တိုက်ဆိုင် ကြုံတွေ့ပါမည်။
အထက်ပါ အကြောင်းအရာများသည် တနင်္ဂနွေသား တစ်ဦး အတွက် သီးခြားမဟုတ်ဘဲ (၇)နေ့ နံသားသမီးများ သူရဇ္ဇတိုင် (သို့) သူရဇ္ဇ အချိန်သို့ ရောက်ရှိလာပါက (အထက်ဆောင်ပန်း အောက်နင်းကြမ်း) မူအရ ကျင့်သုံးနေထိုင် လိုက်နာပါက အချိန်တိုင်၏ (၁ နာရီ ၃၀ မိနစ်) အတွင်း ဤကဲ့သို့ အောင်မြင်မှုများကို ကြိမ်းသေရရှိပါမည်။
ဤအချိန်တိုင် (သို့) နေ့တိုင်၏ အယူအဆများသည် မြတ်ဗုဒ္ဓ၏ အယူအဆများနှင့် မွှေနှောက်ရောယှက် ထားပါသဖြင့် စာဖတ်သူ (သို့) ပညာလေ့လာသူများအတွက် အလွန်တရာမှ အကျိုးရှိလှပါသည်။

No comments:
Post a Comment
ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။