ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Thursday 20 November 2014

ကျေးဇူးတင်လွှာ

                    ကျေးဇူးတင်လွှာ
 ဒုတိယအကြိမ် ဤစာအုပ် ဖြစ်မြောက်ရေးအတွက် အစစအရာရာ ၀ိုင်းဝန်းကူညီပေးခဲ့သော သစ္စာဝါဒီ ဆရာမြတ်စောလင်း ။ ကျွန်ုပ်၏ညီငယ်များဖြစ်ကြသော ကိုမျိုးနိုင် (မဟာဓါတ်အားပေး စက်ရုံမှူး) ပဲခူးတိုင်း၊ ကိုဝင်းနိုင်ဦး (လျှပ်စစ်ဓါတ်အားခွဲရုံမှူး) ပဲခူးတိုင်း။ ဤစာအုပ်ကို အခက်အခဲအမျိုးမျိုးကြားထဲမှရေးဖြစ်အောင် ကျွန်ုပ်၏ စိတ်ဓာတ်ကို တိုက်တွန်းမြှင့်တင်ပေးခ့သော ကျွန်ုပ်၏ဇနီး ဆရာမ ဒေါ်လှလှဌေးအား၎င်းင်း။   ကျွန်ုပ်၏စာမူများကို ဂရုတစိုက်စီစစ်၍ ကွန်ပြူတာ စာစီပေးခဲ့သော ကွန်ပြူတာမှကိုဇင်လင်းနှင့် မအေးအေးနိုင်အား၎င်းင်း။
    အထူးကျေးဇူးတင်ရှိပါကြောင်း   မှတ်တမ်းတင်အပ်ပါသည်။

                                            ဆရာ မြတ်ထွဋ်ခေါင်  (မြတ်ထွဋ်)
                                                မြန်မာ့ရိုးရာဗေဒင်ပညာရှင်

ကျမ်းကိုးစာရင်း

     ကျမ်းကိုးစာရင်း

    *    ဆရာကြီး ဦးကြာမြင့်    (ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း)
    *    ဆရာကြီး ဦးကြာမြင့်    (အဟာဘုတ်နှင့်အဖွင့်)
    *    ဆရာ ဦးချစ်တင်    (သင်တန်းမှတ်စုများ)
    *    ဆရာ ဦးလင်းအောင်    ( အင်္ဂ၀ိဇ္ဇာဟောချက်များ)
            အမှတ် (၁) (၂) (၃) (၄) (၅) (၆)
    *    ဆရာ ဦးသန်းဝင်း    (သင်တန်းမှတ်စုများ)
    *    ဆရာတော်ခင်ကြီးဖျော်    (အင်္ဂ၀ိဇ္ဇာဋီကာကြီး ပ+ဒု+တ )
    *    အရှင်ဣန္ဒ၀ံသမထေရ်    (အင်္ဂ၀ိဇ္ဇာအလင်းပြ ဓါတ်ရိုက်ကျမ်း)
    *    အဗျင်းရွာဆရာတော်    (ဗေဒင်ခေါင်းဆောင်ကျမ်း ပ+ဒု)

““ နိဂုံးချုပ်အမှာစကား သို့မဟုတ် ၀န်ခံခြင်း ””

                    ““ နိဂုံးချုပ်အမှာစကား သို့မဟုတ် ၀န်ခံခြင်း ””

    ကျွန်ုပ်သည် ဒုတိယအကြိမ် ဤစာအုပ်ကို သင်တန်းသားများ အတွက် သီးသန့်ထုတ်ဝေရန် ကျိုးစားရာတွင် ငွေကြေးမခက်အခဲ၊ အချိန်၊ စာမူ အစရှိသော အခက်အခဲများကြောင့် ကြံ့ကြာနေချိန်တွင် ပဲခူးတိုင်းမှ ကျွန်ုပ်၏တပည့် တစ်ဦးဖြစ်သူ လျှပ်စစ်ဓါတ်အားပေး စက်ရုံမှူး ဦးမျိုးနိုင် ဆိုသူမှ “ဆရာ” စာအုပ်ကိုမဖြစ်ဖြစ်တဲ့ နည်းနဲ့ထုတ်ပါ လိုအပ်သည့်ငွေကြေးကို သူအရင်ဆုံးမတည်ပါမည် ဟုပြောကြားလာပါသဖြင့် ကျိုက္ကစံဘုရားမှ ကျွန်ုပ်၏မိတ်ဆွေတစ်ဦးဖြစ်သော ကံကြမ္မာအလင်းရောင်ဗေဒင်ကြမ်းပြု ဆရာမြတ်စောလင်းနှင့် တိုင်ပင်ကာ ဤစာအုပ်အားလိုအပ်သည့် အချက် အလက်များကို ဖြည့်စွက်ခြင်း မလိုအပ်သည်အရာများကို ပယ်ဖျက်ခြင်းနှင့် အကောင်းဆုံး ဖြစ်အောင် ထပ်မံရိုက်နှိပ်ခဲ့ပါသည်။
    အကယ်၍ ဤစာအုပ်ကို ဖတ်မိသော ၀ါသနာရှင်၊ ပညာရှင်များ သည် ဤစာအုပ်တွင် လိုအပ်သော ပညာခန်းများတွေ့ရှိခဲ့ပါက ကျွန်ုပ်၏ ပညာ ဉာဏ်နည်းပါးမှု အတွေ့အကြုံ နည်းပါးမှုကြောင့်သာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။ ဤပညာကြီးအား တည်ထွင်ကြံဆခဲ့သော ပညာရှင်ကြီး များနှင့် ကျွန်ုပ်အား ပညာသင်ကြားပေးခဲ့သော ဆရာသခင် ကျေးဇူးရှင်များ နှင့် လုံးဝမသက်ဆိုင် ပါကြောင်း။
                                                                                       ဆရာမြတ်ထွဋ်ခေါင်

(၀)ကြွင်းမဟာဘုတ်

(၀)ကြွင်းမဟာဘုတ်

    ယခုရေးသားခဲ့သော မဟာဘုတ်ပညာသည် လူသားတို့၏ မနော အိမ်တွင် ကိန်အောင်းနေသော အဆိုးဥာဉ်များပင် ဖြစ်ပါသည်။ ၎င်းင်းအဆိုး ဥာဉ်များကို သိရှိပြီး ပြုပြင်နေထိုင်သွားကြပါက စိတ်လည်းချမ်းသာ၊ လူလည်း ကျန်းမာ၍ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒအားလုံး ပြီးမြောက်ကြမည် ဖြစ်ပါသည်။




    (ဘင်္ဂအိမ်)=(အပျက်မတည်ငြိမ်)+ (ထင်ပေါ်လောဘ)
    (မရဏအိမ်)= (ချူချာပျော့ညံ့)+ (စိတ်၊ လှုပ်ရှား)
    (အထွန်းအိမ်)=(စပ်စု၊ ကြားဝါ)+(ခရီး၊ စကား)
    (သိုက်အိမ်)=(လွဲမှား၊ စေ့စပ်)+(ငွေ၊ အကြား)
    (ရာဇအိမ်)=(မလွယ်ရှုပ်ထွေး)+(ပညာ၊ အတွေးအခေါ်)
    (ပုတိအိမ်)=(ဖုံးကွယ်မှု)+(အိမ်ထောင်၊ အုပ်စု)
    (အဓိပတိအိမ်)=(ဘ၀င်မြင့်၊မာန)+(လူ၊လူတစ်လုံးတစ်ကိုယ်လုံး)
ဘင်္ဂအိမ်= အပျက်၊မတည်ငြိမ်မှုနှင့် စနေဂြိုဟ်ထင်ပေါ်၊ လောဘနှစ်ခုတို့ ဆက်စပ်လျှက်ပေါ် ထွက်လာသောအဓိပ္ပာယ်တို့မှာ(၀)ကြင်း ဘင်္ဂဥာဉ်စရိုက်များပင်ဖြစ်ပါသည်။
    (၀)ကြင်းဘင်္ဂနေရာတွင် ထင်ပေါ်မှုအထုပ်အထည် အပျက် သဘောရှိသည်။ ဘ၀တွင် ထင်ပေါ်လာလျှင်  ပျက်စီးတော့မည်။ အထုပ် လိုက်စုမိလျှင် ကုန်မည်။ နာမည်ဂုဏ်သတင်း ထင်ပေါ်လျှင် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သိက္ခာကျမည့်အလုပ်မျိုးကို  ရွေးလုပ်သည်။ အိမ်ထောင်ရေး အဆင်ပြေလျှင် အိမ်ရှင်မ ခိုင်းတာအကုန်လုပ်သည်။ ပစ္စည်းဥစ္စာ၊ အထုပ်အထည်၊ အိမ်ထောင်၊ အုပ်စု စုစည်း၍မရပါ။ လူပျိုကြီး၊ အပျိုကြီး စု၍နေလို့ရသည်။
    ထင်ပေါ်မှုအပျက်ကြောင့် လူပုံအလယ်တွင်လက်ရှိ အခြေနေ အဆိုးများ တွေ့ကြုံရလျှင် လုံးဝသည်းမခံဘဲ သိလျှက်နှင့် မိမိကိုယ်ကိုမိမိ ဘ၀ အပျက်ခံ၍ ဆန့်ကျင်တိုက်ခိုက်သည်။ ဒေါသစိတ်နည်းခြင်း၊ ရာဂစိတ်နည်းခြင်း၊ မာန်မာနနည်းခြင်း၊ လူရည်သန့် စကားအေးဆေးစွာ ပြောခြင်း၊ ၎င်းင်းစရိုက်များကို ဆန့်ကျင်နိုင်လျှင် ဘင်္ဂကိုနိုင်လျှင် အဓိပတိကို ရမည်။ (၀)ကြင်းများကိ အထုပ်လိုက် အထည်လိုက်ရမည်ဟုထင်လျှင် ဘ၀ကို အပျက်ခံ၏။
(၀)ကြင်း မရဏဉာဉ်(သို့)မရဏဖွား




    မရဏအိမ် = ချူချာ၊ ပျော့ညံ့၊ သည်းမခံမှု အင်္ဂါဂြိုဟ်= စိတ်၊ စိတ်လှုပ်ရှားမှုတို့ ပေါင်းစပ်မှု ခြင်းကြောင့်ပေါ်ထွက်လာသော အဓိပ္ပာယ် တို့မှာ (၀) ကြင်း၏မရဏဥာဉ်များပင် ဖြစ်ပါသည်။
(က) စိတ် (အဆိုး)
    (ခ) စိတ်ချူချာပျော့ညံ့မှု (အဆိုး)
    (ဂ) စ၊ ဆ၊ ဇ၊ စ်၊ ည အဂၤါနံမ်ား (အဆိုး)
    (၀) ကြင်း ကျားမအားလုံး မရဏနေရာတွင် အင်္ဂါရှိသဖြင့် အင်္ဂါဂြိုဟ်၏ တိုက်ရိုက်အဓိပ္ပာယ်အရ (စိတ်) အင်္ဂါဂြိုဟ်ဖြစ်သည်။ (စိတ်) အင်္ဂါဂြိုဟ်စိတ်ချူချာပျော့ညံ့မှုသောကြောင့်(၀) ကြင်းအားလုံး စိတ်ဆိုး လွယ်စိတ်ပြေလွယ်သည်။ ရဲစရာရှိလျှင် လွန်စွာရဲ၍ကြောက်စရာရှိ လျှင်လည်း  လွန်စွာကြောက်သည်။ စိတ်နှင့်ပတ်သက်၍ ထိန်ချုပ်နိုင် စွမ်းအား နည်းသည်။ ကလေးဘ၀တွင် ငိုအရယ်များသည်။ မလိုတစ်မျိုး လိုတစ်မျိုးရှိသည်။ မွေးသည့်နေ့မှ သေသည့်နေ့အထိ ပေါချာချာနေထိုင် တတ်ကြ၏။ ကျားများအရွယ်ရောက်ပြီး မိဘများနှင့် မနေတော့ဘဲ ဘိုးဘွား ဆွေမျိုးများနှင့် နေထိုင်တတ်ကြ၏။ အနီးကပ်နေသူများနှင့်မတဲ့ပါ။ ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်အပြောင်းအလဲမြန်ကြ၏။ ပေါင်းသင်း ရခက်ကြ၏။ အငြင်းအခုံသန်သည်။ သူ့စိတ်နှင့်လိုလျှင် အကောင်း၊ မလိုလျှင် အဆိုးဖြစ်သွား၏။ လူပျို၊ အပျိုဘ၀တွင် မြှောက်ပင့်ပြောဆိုသူများ နှင့် အိမ်ထောင်ကျတတ်၏။
    အိမ်ထောင်ကျလျှင် မေတ္တာရှိ၍ယူခြင်းထက်သနား၍ယူခြင်း ကများ၏။ သူပြောသမျှနာခံသူကို အိမ်တွင်ရှိသမျှ အကုန်ပေး၏။ စိတ်ဆိုးဒေါသထွက်လျှင် တုတ်ဆွဲ ဓားဆွဲ ခြေလက်ပါသည်။
    မွေးသည့်နေ့မှသေသည့်နေ့အထိ စိတ်ဝေဒနာသည်များ ဖြစ်ကြ ၏။ အိမ်ထောင်ဦးစီး (၀)ကြင်းဖြစ်လျှင် အတူနေများနှင့်မတဲ့၊ မွေးသည့်နေ့မှ သေသည့်နေ့အထိစိတ်ဝေဓနာသည်များဖြစ်ကြ၏ဟု ဆိုလိုသည်မှာအ ရူးအနှမ်း ဖြစ်ခြင်းကို မဆိုလိုပါ။ လူတစ်ယောက်ဖြစ်ပြီး မိမိ၏စိတ်ကို ထိန်းချုပ်၍မရ ဖြစ်နေခြင်းကို ဆိုလိုပါသည်။ သားသမီး ၊ ဆွေမျိုးအုပ်စုများနောက်ကွယ် တွင် အတင်ပြောကြ၏။ အစိုးရ၀န်ထမ်းဖြစ်က ပင်စင်လစာရသည်အထိ အလုပ်မမြဲပါ။ အထက်လူကြီးနှင့်မတဲ့၊ အောက်လူနှင့်တဲ့သည်။ စစ်ဘက်၊ ဆေးဘက် အကျိုးမပေးပါ၊ စိန်နှင့် မတဲ့ပါ။ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်း၏။ စပ်တူလုပ်ငန်းများအကျိုးမပေး၊ ကိုယ်ပိုင်လုပ်ငန်းအကျိုးပေး၏။ စပ်တူလုပ်လျှင် ပြသာနာတက်၏။ ဘ၀တွင် အောင်မြင်လိုပါက စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီး ကြိုးစားလျှင်  လွန်စွာအောင်မြင်ကြ၏။
    (၀)ကြင်း၏မရဏမှာ (စိတ်)ဖြစ်သောကြောင့်အထွန်းဉာဉ်ထက် မရဏဉာဉ်စရိုက်ကပိုကြ၏။

    (၀)ကြင်း အထွန်းဉာဉ်(သို့) သောကြာအထွန်းဖွား





    အထွန်းအိမ်၏အဓိပ္ပာယ် ထင်ပေါ်စပ်စုလိုစိတ်နှင့်သောကြာဂြိုဟ်၏ အဓိပ္ပာယ် ခရီး၊ စကား၊ လှုပ်ရှားတို့ပေါင်းစပ်၍ ထွက်ပေါ်လာသော အဓိပ္ပာယ်ကို (၀)ကြင်းမဟာဘုတ်၏ အထွန်းဉာဉ်ဖြစ်ပါသည။
    (၀)ကြင်း၏အထွန်းဉာဉ် ထင်ပေါ်စပ်စုမှုနေရာတွင် စကားလှုပ်ရှားမှု ရှိသည်။ စကားများများပြောလျှင် အထွန်းဉာဉ်ပျက်သည်။ စကားများများ ပြောသော (၀)ကြင်းအနီးကပ်လူအထင်မကြီး၊ အငြင်းသန်လျှင် အထွန်း ပျက်သည်။ မိမိအပေါ် စကားနှင့်နှိမ့်ချပြောဆိုလာလျှင်သည်းခံစိတ်မွေး၍ စကားကို ချိုသာစွာ ပြောရသည်။ စကားပြောလောဘမကြီးရ။ (၀)ကြင်းစကားပြောလျှင်အလွန်အကျွံပြောသည်။ခြေကျွံလျှင်နှုတ်၍ရသည်။ စကားကျွံလျှင် နှုတ်၍မရ၊ ကြမ်းတမ်းစွာ ပြောဆိုသော (၀)ကြင်းများ မရဏဉာဉ်အားကြီးသည်။ စကားချိုသာစွာ ပြောဆိုသော(၀)ကြင်းများ သားသမီးအကျိုး ခံစားရ၏။
(၀)ကြင်း သိုက်ဉာဉ်(သို့)တနင်္လာသိုက်ဖွား
    သိုက်အိမ်၏အဓိပ္ပာယ် လွဲမှားစေ့စပ်၊ ကြိုတင်ပူပန်သောအဓိပ္ပာယ် နှင့် တနင်္လာဂြိုဟ် ငွေအကြား အဓိပ္ပာယ်သော အဓိပ္ပာယ် ပေါင်းစပ်၍ ထွက်ပေါ်လာသော သဘောတရားတို့မှာ (၀)ကြင်း သိုက်ဖွားအဓိပ္ပာယ်ပင် ဖြစ်ပါသည်။




    (၀)ကြင်းအားလုံး သိုက်နေရာတွင် ရှိသဖြင့်ငွေကြေးလောဘရှိသဖြင့် ငွေကြေးလောဘရှိလျှင် မရဏဉာဉ်၊ ငွေကြေးလောဘရှိလျှင် ကပ်စေးနည်း လျှင် အဆိုး၊ ငွေ၊ အကြားလွဲမှား စေစပ်သေချာသဖြင့် ငွေကို သုံးသင့်သော နေရာတွင်သုံးလျှင် သိုက်ခွင်ပျက်၏။ ငွေကြေးစုဆောင်းလိုစိတ် လွန်စွာကြီး မားသည်။ ငွေကြေးကိုကိုယ်တိုင် စာရင်းဇယားပြုလုပ်၍ စီမံခန့်ခွဲလျှင် မရဏဉာဉ်စိတ်အခန့်မသင့်လျှင် (၅)ပြား (၁၀)ပြားကစ၍ ကပ်စေးနည်း တတ်၏။
    စိတ်တိုလျှင် ကုန်ချင်သလောက်ကုန်လိုက်လျောတတ်၏။ ထိုစရိုက် သည် သိုက်နေရာတွင်ရှိသော စီးပွားတို့ကို ပိုခက်စေ၍ ပြတ်လတ်ရှားပါး စေသည်၊ ရရှိသောငွေကို ကိုယ်တိုင်ကိုင်တွယ် မသုံးစွဲဘဲ ယုံကြည်ရသော သားသမီး သားမယားတို့အား အပ်နှံသုံးစွဲလျှင် စုဆောင်းမိ၍ သိုက်ကို အကျိုးပေးသည်၊ (၀)ကြင်း တနင်္လာချမ်းသာခဲသည်။ရာဇအိမ်၏ အဓိပ္ပာယ် မလယ်ရှုပ် ပရိယာယ်နှင့်ကြသပတေးဂြိုဟ် ၏ အဓိပ္ပာယ် ပညာ၊ အတွေးခေါ်တို့ ပေါင်းစပ်လိုက်လျှင် (၀)ကြင်း ရာဇဉာဉ် ထွက်ပေါ်လာပါသည်
    (၀)ကြင်းရာဇနေရာတွင် ပညာအတွေးခေါ်ရှိနေသည်။ မလယ် ရှုပ်ထွေးသော ပညာအတွေးအခေါ် ရှိသည်။ ရှင်းပြီးသော ကိစ္စများကို ပြန်ရှုပ်သည်၊ ရှုပ်နေသောကိစ္စများကို ပြန်ရှင်းသည်။ သူတို့သည် ကွက်ကျော်မြင်လိုသောဆန္ဒကြောင့် အပေါင်းအသင်းများ သူ့အကြောင်း သိလျှင် အထင်အမြင်သေးကြ၏။လုပ်ငန်းစပ်တူလုပ်ပါက ခဏခဏ ပြသာနာတက်၏။ စပ်တူလုပ်လျှင် ရှင်းရှင်းလင်းလင်း လုပ်ကိုင်ပါက အောင်မြင်၏။ အစိုးရအလုပ်အကိုင်များနှင့် အကျိုးပေး၏။ အတတ် ပညာပေါင်းစုံကို ထင်ပေါ်လိုစိတ်နှင့် သင်ယူခြင်းမျာကို ရှောင်ကြဉ် ၍ မိမိ ဘ၀အတွက် အကျိုးရှိသောလုပ်ငန်းများကို ဇွဲနှင့်လုပ်ကိုင်ပါက လွန်စွာတိုးတက် အောင်မြင်၏။
(၀) ကြင်းပုတိဉာဉ် (သို့)တနင်္ဂနွေသား ပုတိဖွား




    ပုတိအိမ်၏ အဓိပ္ပာယ်သည် ဖုံးကွယ်ခြင်း၊ လျှို့ဝှက်ခြင်း၊ ပျော့ညံ့ခြင်း၊ မကျော်စောလိုခြင်းတို့ဖြစ်ပြီး တနင်္ဂနွေဂြိုဟ်၏ အဓိပ္ပာယ်သည် အိုးအိမ်၊ အိမ်ထောင်၊ အုပ်စုတို့ဖြစ်ပါသည်။ ၎င်းင်းတို့နှစ်ခု ပေါင်းစပ်လိုက်လျှင် (၀)ကြင်း ပုတိဉာဉ် ထွက်ပေါ်လာပါသည်။
    (၀)ကြင်းအားလုံး ပုတိနေရာတွင် အိုးအိမ်၊ အိမ်ထောင်စုရှိနေပါ သည်။ ထို့ကြောင့် အုပ်စုဒဏ်၊ အိမ်ထောင်ဒဏ်ကို မလွတ်ကင်းသူများ ဖြစ်ကြ၏။အိမ်ထောင်နေရာတွင် နှစ်ထပ်ကျသဖြင့်(၀)ကြင်းအားလုံး အိမ်ထောင်စုတို့၏ အကျိုးပေးမှုတို့ကို မလွတ်ကင်ကြဘဲ အိမ်ထောင်ရေး လောဘစိတ်ကြောင့် ခံနေကြရ၏။ အိမ်ထောင်နေရာတွင် နှစ်ထပ်ကျသဖြင့် အတွင်းအုပ်စုတွင် အိမ်ထောင်ရေးဖောက် ပြန်ရှုပ်ထွေးကြ၏။ အိမ်ထောင်ရှုပ်ထွေး လျှင် တစ်ယောက်တည်းမရှုပ်၊ အဖော်ပါသည်။ ၎င်းင်းအဖော်သည် ဓာတ်သိ ပဲဖြစ်၏။
    လက်ရှိအိမ်ထောင်နှင့် အဆင်မပြေပါက မိမိသားမယား လင်သား ကဲ့သို့ ရင်းနှီးသူများနှင့် အိမ်ထောင်ရှုပ် ထွေးကြ၏။ (၀)ကြင်းများ ကိလေသာ ရာဂစိတ်ကြီးမားလေလေ ဘ၀တွင်ခံရလေဲဖြစ်၏။ ထို့ကြောင့် တဏှာရာဂကို ထိန်းချုပ်မှသာလျှင် ဘ၀တွင် အောင်မြင်မှုများရရှိကြမည် ဖြစ်ပါသည်။
(၀)ကြင်း အဓိပတိဉာဉ် (သို့) ဗုဒ္ဓဟူး အဓိပတိဖွား




    အဓိပတိအိမ်၏ အဓိပ္ပာယ်သည် ဘ၀င်မြင့် မာနကျော်စောလိုမှုဖြစ် ပြီး ဗုဒ္ဓဟူးဂြိုဟ်၏ အဓိပ္ပာယ်မှာ လူတစ်ကိုယ်လုံးနှင့် လူဖြစ်သောကြောင့် ၎င်းင်းတို့ဆက်စပ်လိုက်သောအခါ (၀)ကြင်း အဓိပတိဉာဉ် ထွက်ပေါ်လာ ပါသည်။
(၀)ကြင်းအားလုံး လူပုံအလယ်တွင် လူတစ်ကိုယ်လုံး တစ်လောက လုံးကို ဂရုမစိုက်ဟန်ဖြင့် ပုံဖမ်း၍ ဆက်ဆံကြ၏။ အများလူမြင်ကွင်းတွင် မျက်နှာကြောတင်းတင်း ဖြင့်နေခြင်းသည် (၀)ကြင်းတို့၏ လူမြင်ကွင်းတွင် ပုံဖော်ထားသောအရာဖြစ်၏။
    (၀)ကြင်းတို့သည် မီးတောက်မီးလျှံကဲ့သို့ နေထိုင်မှုကို ရှောင်ကြဉ်၍ အာပေါဓာတ်ကဲ့သို့ နေထိုင်မှု ပြောင်းပစ်ရမည်။ လူလှဖို့ထက် စိတ်လှဖို့ကို ကျင့်ကြံရမည်။ လူတစ်ကိုယ်လုံး သန့်ပြန့်စွာနေထိုင်ရမည်။ ပစ်စလက်ခတ် နေလျှင် မရဏဉာဉ် လူလူချင်းပေါင်းသင်း ဆက်ဆံရာတွင် မိမိနှင့် ပေါင်းသင်း သူများအပေါ် စာနာစိတ်မွေးရမည်။ မိမိ မနှစ်သက်သောကိစ္စရပ်များကို သူတစ်ပါးကိုလည်း မပြုလုပ်ရပါ။ ရေဓာတ်ကဲ့သို့ မိမိနှင့် ပူးတွဲသူများအပေါ် ဆက်ဆံ။ မိမိအတွက်နှင့် ပူပင်သောကရောက်ရဘဲ အေးချမ်းမှုကို ဖြစ်စေ လျှင် အထူးအောင်မြင်၏။ လူနှင့်စိတ်သည် ကျွဲကူးရေပါ ဖြစ်သဖြင့် မိမိစိတ် ဆန္ဒကို ရှေ့တန်းမတင်ဘဲ နေထိုင်ဆက်ဆံလျှင် ဘ၀တွင် လွန်စွာအောင်မြင် ကြ၏။
    အထက်ပါရေးသားဖော်ပြခဲ့သော (၀)ကြင်းဉာဉ်စရိုက်များသည် (၀)ကြင်း (၇) ကြင်းနေ့ဖွားများနှင့် သက်ဆိုင်ပါ၍ မည်သည့်နေ့မဆို (၀)ကြင်းသည်ခုနှစ်တွင်မွေးဖွားကြကုန်သော (၇)နေ့ဖွားများသည် အထက်ပါရေးသားဖော်ပြခဲ့သော ဉာဉ်စရိုက်များနှင့် ပက်သက်၍ မကောင်းသောစရိုက်မျာကို ပယ်လိုက်ပါက လူ့ဘ၀တွင် စိတ်လည်းချမ်းသာ လူလည်းကျန်းမာ၍ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများကို ထာဝရရရှိကြ မည်ဖြစ်ပါသည်။

(၆)ကြွင်းမဟာဘုတ်

(၆)ကြွင်းမဟာဘုတ်

    (၆) ခရီး၊ စကား၊ လှုပ်ရှား-ဘင်္ဂနယ်မြေ
    (၂) ငွေ၊ အကြား-မရဏနယ်မြေ
    (၅) ပညာ၊ အတွေးအခေါ်-အထွန်းနယ်မြေ၊
    (၁) အိုးအိမ်၊ အိမ်ထောင်၊ အုပ်စု-သိုက်နယ်မြေ
    (၄) လူ၊ လူတစ်ကိုယ်လုံး-ရာဇနယ်မြေ၊
    (၀) ထင်ပေါ်၊ လောဘ-ပုတိနယ်မြေ

မှုလနယ်မြေ၏ သဘောမှာ ပျက်စီးခြင်း၊ မတည်ငြိမ်ခြင်း၊ ပြောင်းလဲ လှုပ်ရှားမှုများနှင့် သောကြာဂြိုဟ်၏အဓိပ္ပာယ် ခရီး၊ စကားလှုပ်ရှားမှု သဘောပေါင်းစပ်မှုဖြင့်ပေါ်ထွက်လာသော ဉာဉ်စရိုက်များကို(၆)ကြင်း မဟာဘုတ်၏ဘင်္ဂဉာဉ်စရိုက်ဟု ခေါ်ဆိုပါသည်။
    (၆)ကြင်းများ(ခရီး၊ စကား) အပျက်သဘောရှိ၏။ ထို့ကြောင့် ခရီးပျက်၊ စကားပျက်၊ လှုပ်ရှားမှုပျက်နေသည်။ စိတ်နှင့်စကားတစ်ထပ် တည်းမကျသူများဖြစ်၏။ စိတ်ထဲရှိသောစကားများကို မပြောဘဲ အထွန်းအကွက်တွင် ရှိသော ပညာမာန်မာနနှင့် စကားများပြောဆိုကြ သောကြောင့် မှုလစကားပျက်သွားသည်။ မလိမ်ချင်ဘဲ လိမ်ကြရ၏။(၆)ကြင်းများဘ၀တွင် အောင်မြင်လိုပါက စကားကိုတိကျပြတ်သားစွာ ပြောဆိုလျှင် ဘင်္ဂကိုနိုင်သည်၊ (၆)ကြင်းစကားကိုမပြတ်သားပါ။ စကားနှစ်ခါ ပြောဆိုကြ၏။ အဖုံးအပိတ်လုပ်လျှင်ပြောသည်။ လှုပ်ရှားမှုပျက်နေသည်။ ကိုယ်၊ စိတ်၊ နှလုံး(၃)ပါးလုံးတစ်စုံ တစ်ခုပြုလုပ်လျှင် အကုသိုလ်၊ ကုသိုလ် မရှောင်ပြုလုပ်သောကြောင့် ဘ၀တွင် ဆုံးရှုံးမှုများ ကြုံတွေ့ကြရ၏။ ကိလေသာလှုပ်ရှားမှု အပျက်များကို ရှောင်ပါက အောင်မြင်မှုများရရှိကြ၍ ဘင်္ဂဉာဉ်များကို မရှောင်ကြဉ်ပါက (၆)ကြင်း ကျား၊ မအားလုံး သွေးနှင်ပက်သက်သောရောဂါများအဖြစ်များကြ၏။
    (၂) ကြားဝါမှု (အဆိုး)
    (၃) တနင်္လာနံ (အဆိုး)
    မရဏနယ်မြေ၏ မူလသဘောမှာ ချူချာမှု၊ ပျော့ညံ့မှု၊ သည်းမခံ နိုင်မှုသဘောဖြစ်ခြင်း တနင်္လာဂြိုဟ်ပရိယာယ် ငွေ၊ အကြား၊ ဟန်အမူ အရာတို့နှင့်ပေါင်းစပ်မှုအဓိပ္ပာယ်တို့များကြောင့် ပေါ်ထွက်လာသော မနော ၀ိညဉ်စိတ်များပင်ဖြစ်ပါသည်။
    (၆)ကြင်း ကျား၊မနူးညံ့သိမ်မွေ့မှုကို နှစ်သက်သည်။(၆)ကြင်း(၂)မျိုး ရှိသည်။(၁)နူးညံ့သိမ်မွေ့သော(၆)ကြင်း၊ (၂) အပြောအဆိုကြမ်းသော (၆)ကြင်း။(၆)ကြင်း ကျား၊ မ မရဏနေရာတွင် အကြားပေါ်လွင်မှုရှိသဖြင့် အများအား ဖြင့်ချွေးထွက်သံယို အလုပ်ကြမ်းမလုပ်နိုင်ကြပေ။ ငယ်ရွယ်စဉ် ကမိန်းကလေးများ လွန်စွာအလှအပကြိုက်နှစ်သက်၍ ခေတ်မီအ၀တ် အစား ဆင်ယင်မှုကြောင့် အိမ်မှုကိစ္စများ နားမလည်ကြဘဲ အလှအပဦးစား ပေး၍ ရည်းစားများကြသူများဖြစ်ကြ၏။ ကျားများဖြစ်က အလှအပမက်မော ၍ ငွေရှိလျှင် အကျိုးရှိရှိမသုံးစွဲဘဲ မသုံးသင့်သောနေရာတွင် ငွေအသုံးများ ကြ၏။
    (၆)ကြင်း ကျား၊ မပညာတတ်သူများကြ၏။ ဆန့်ကျင်ဘက်လိင် အကျိုးပေး၏။ ငယ်ရွယ်စဉ်တွင် မိဘဆွေမျိုးအုပ်ထိန်းမှု မနိုင်ပါက ရည်းစားကိစ္စ ရှုပ်ထွေးကြ၍ အပျိုရည်၊ လူပျိုရည်ပျက်ကြ၏။ ကိုယ်နှင့်ရင်း၍လုပ်ရသော ကြမ်းကြမ်းတမ်းတမ်းလုပ်ငန်းများ အကျိုး မပေးပါ။ ဉာဉ်နှင့်ယှဉ်သောလုပ်ငန်းများ၊ စာရေး၊ စာချီ၊ အနုပညာ၊ ကျောင်းဆရာ၊ ဗေဒင်ဆရာ၊ ရှေ့နေအစရှိသောလုပ်ငန်းများ အကျိုးပေး သည်။ အိမ်ထောင်ကျပြီးနောက်ပိုင်း လင်ငယ်၊ မယားငယ်ကိစ္စတို့ဖြင့် ရှုပ်ထွေးနေကြ၏။
    ငွေကြေးပြည့်စုံပါက အိမ်ထောင်ရေးကိစ္စများ ပို၍ရှုပ်ထွေးကြ၏။(၆)ကြင်းများ အိမ်ထောင်ဘက်များခြင်းသည် တစ်အိမ်ထောင်ပြောင်းလဲပြီး ပထမအိမ်ထောင်နှင့် ပြတ်ပြတ်သားသားပြုလုပ်သော်လည်းမပြတ်၊ နောက်အိမ်ထောင်နှင့်လည်း မပြတ်မသား၊ အိမ်ထောင်နှစ်ခုကြားဗျာများ၍ အိမ်ထောင်ရေးရှုပ်ထွေးကြ၏။ အကယ်၍ သူတို့ဘ၀တွင် ထိုကိစ္စများကို ရှောင်ကြဉ်နိုင်ပါက လွန်စွာအောင်မြင်ကြသော်လည်းရှောင်နိုင်သူရှား၏။
    ဘုန်းကြီးရဟန်းဖြစ်ပါက လိင်မတူ ဒါယကာမတို့၏ အဖျက် အမြဲရှိ၏။ လှပကြားဝါမှုတို့ကြောင့် ပစ္စလက္ခမနေဘဲ အ၀တ်အစား၊ အသုံး အဆောင်မှန်သမျှ လှလှပပသေသေသပ်သပ်နေ၍ အကောင်စားများ ကိုကြိုက်နှစ်သက်သည်။(၆)ကြင်းအပြောအဆိုကြမ်းလျှင် အထွန်းဉာဉ်နူးညံ့သိမ့်မွေ့များလျှင်မရဏဉာဉ် မရဏ၏ အကျိုးပေးမှုကြောင့် ငွေကြေးကို ပင်ပန်းစွာမရှာဖွေရဘဲ တိုက်ဆိုင်မှုတစ်ခုကြောင့်အရလွယ်ကြ၏။
    ရရှိသောငွေကို အကျိုးရှိရှိမသုံးဘဲ မသုံးသင့်သော နေရာတွင် သုံးကြ၏။ မိမိကိုယ်ကို အထင်ကြီးစိတ်ရှိ၏။ ဆင်ခြေဆင်လက်များ၏။သူတစ်ပါးအပြစ်ပြောလျှင် ဆင်ခြေပေး၍ ရှောင်တိမ်းတတ်ကြ၏။ အပြစ်ကို ၀န်ခံရဲသော်(၆)ကြင်း အထွန်းဉာဉ်၊ စိတ်နှင့်နှုတ် တစ်ဆက်တည်းမကျ ဟန်ဆောင်၍ စိတ်ဆိုးတတ်ကြ၏။ ချစ်သော်လည်း မချစ်ဟန်ဆောင် တတ်ကြ၏။ စိတ်ပရိယာယ် စကားပရိယာယ်ကြယ်၏။ (၆)ကြင်းများ ငယ်ရွယ်စဉ်က နူးညံ့သိမ်မွေ့သလောက် အသက်ကြီးပါက အသံကြမ်း၊ လူကြမ်းဖြစ်တတ်၏။ ပြသာနာတတ်၏။အဆုံးသတ်ရှင်းလင်းနိုင်မှုမရှိ စိတ်ပိုင်းဆိုင်ရာအားနည်းချက်သည် ပြသာနာတစ်ရပ်ပေါ်တွင်အဖြူအမည်း ကွဲကွဲပြားပြားဆုံးဖြတ်ရမည့်နေရာမျိုးတွင် မပြတ်သားမှုများသည် (၆)ကြင်းများဘ၀တွင် အောင်မြင်လိုပါက အမှားအမှန်ကို တိကျပြတ်သားမှု ဆုံးဖြတ်ချက်ချလျှင် အောင်မြင်မှုများ ရရှိကြ၏။
    ပစ္စည်းရှိ၊ ဂုဏ်ရှိ၍ အောင်မြင်လာလျှင် ကမ္ဘာပေါ်ရှိ ရှိရှိသမျှ စည်းစိမ်၊ ဇိမ်ခံပစ္စည်းအားလုံးတို့ကို သုံးစွဲတော့သည်။(၆)ကြင်းများ၏ အိမ်ကို ကြည့်ပါ။ လူမြင်ကွင်တွင် လွန်စွာလှပသော်လည်း အိမ်တွင်းပိုင်းတွင် လွန်စွာ ညစ်ပတ်ကြ၏။ (က၊ ခ၊ ဂ၊ င)အစရှိသော တနင်္လာနံပညတ်ချက်မျက်များ၊ လုပ်ငန်းများအကျိုးမပေးပါ။ (၆)ကြင်းမများဒူးပေါ်ပေါင်ပေါ်နေခဲသည်။(၆)ကြင်းအိုကြီးအိုမအရွယ်တွင် ငွေကြေးပြည့်စုံပါက အိမ်ထောင်ရေး ရှုပ်ထွေးကြ၏။    မူလအထွန်းအိမ်၏ အဓိပ္ပာယ်ထင်ပေါ်၊ စပ်စုနှင့် ကြာသပတေး ဂြိုဟ်၏ပရိယာယ်၊ ပညာ၊ ဘာသာ၊ အတွေးခေါ်တို့ပေါင်းစပ်မှုကြောင့် (၆)ကြင်း၏ အထွန်းဉာဉ်စရုက်များပေါ်ထွက်လာပါသည်။
    (၆)ကြင်းအထွန်းနေရာတွင် အတွေးခေါ်ထင်ပေါ် ထင်ပေါ်စပ်စု မှုရှိ၏။ ထို့ကြောင့်(၆)ကြင်းတို့သည် မိမိတို့အတွေးအခေါ်နှင့် သူတစ်ပါးနှင့် သူတစ်ပါးတို့၏ အတွေးအခေါ် ထိပ်တိုက်တွေ့လျှင်ငါသာလျှင်သိ၊ ငါသာလျှင်တက်မရဏဉာဉ်ပင်ကိုအတွေးခေါ်ကောင်းသူဖြစ်သောကြောင့် အမှန်ကိုဖုံးကွယ်လှည့်ပတ်စကားနိုင်လုပြောခြင်း၊ အချက်အလက် ခိုင်လုံစွာပြောဆို၍ အမှန်ကိုဖုံးကွယ်ခြင်း၊ (၆)ကြင်းကြာသပတေးထွန်းသဖြင့် ဘ၀တွင် မိန်းမလွန်စွာအကျိုးပေး၏။ မိန်းမများသောကြာင့်ဘ၀သာယာ၏။မှီခိုရသောမိန်းမများနှင့် ကြုံရသောကြောင့် ဘ၀တွင်ကောင်းစား၏။ပညာတစ်ခုကို စပ်စပ်စုစုမဟုတ်ဘဲ ဆုံးခန်းတိုင်အောင်သင်ကြားတတ် မြောက်လျှင် ၎င်းင်းပညာလွန်စွာအကျိုးပေးသည်။တွေးခေါ်မှု၊စိတ်ပိုင်း ဆိုင်ရာတွင် မနေဘဲရုပ်ဝါဒဆန်ဆန်လက်တွေ့ကျကျ နေထိုင်ကျင့်သုံး လျှင်အထွန်းကို အောင်မြင်၍ဘ၀တွင်လွန်စွာတိုးတက်မည်။သိုက်အိမ်၏ မူလအဓိပ္ပာယ်မှာ လွဲမှားစေ့စပ်ခြင်း၊ ကြိုတင်ပူပန်ခြင်း နှင့် တနင်္ဂနွေ၏အဓိပ္ပာယ် အိုး၊အိမ်၊ အိမ်ထောင်အုပ်စုအစရှိသော ဂြိုဟ်ပရိယာယ်နှင့်ပေါင်းစပ်၍ပေါ်ထွက်လာသော အဓိပ္ပာယ်ဖွင့်ဆိုချက် တို့မှာ (၆)ကြင်း၏ သိုက်ဉာဉ်များပင်ဖြစ်ပါသည်။    (၆)ကြင်းသိုက်နေရာတွင် အိမ်ထောင်နှင့်အုပ်စုရပ်တည်နေပါသည်။လွဲမှားစေ့စပ်သော အိမ်ထောင်ရေးကိစ္စများတွင် အကွက်စေ့စေ့သေချာ စွာပြုလုပ်ကြသည်။ထို့ကြောင့်(၆)ကြင်းများ အိမ်ထောင်ရေးရှုပ်ထွေးကြ၏။(၆)ကြင်းများ မိမိများနှင့်တစ်အိမ်တည်းနေသူများ၏ မကောင်းမှုအားလုံးကို အပြင်လူမသိအောင်ပိပိရိရိဖုံးကွယ်၍နေကြသည်။(၆)ကြင်းကျား၊မအားလုံး အိမ်ထောင်ဆက်များ၏(၆)ကြင်းလက်ရှိအိမ်ထောင်နှင့် သာယာမှုမရှိ၊ ပထမအိမ်ထောင်နှင့်မမြဲ နောက်အိမ်ထောင်နှင် ပေါင်းသင်းနေသည့်အချိန် တွင် နောက်အိမ်ထောင်ကိုစိတ်ကူးပုံဖော်ကြ၏    ရာဇအိမ်၏ မူလအဓိပ္ပာယ်မှာ မလယ်ရှုပ်ထွေးခြင်း၊ ပရိယာယ်များ ခြင်းနှင့် ဗုဒ္ဓဟူးဂြိုဟ်၏အဓိပ္ပာယ်မှာလူ၊ လူတစ်ကိုယ်လုံးဖြစ်ပြီး ၎င်းင်း ပရိယာယ်နှစ်ခုပေါင်းစပ်၍ ထွက်ပေးလာသော အဓိပ္ပာယ်မှာ(၆)ကြင်း၏ ရာဇဉာဉ်စရိုက်များပင် ဖြစ်ပါသည်။
    (၆)ကြင်းအားလုံးတို့သည် ရာဇနေရာတွင် လူတစ်ကိုယ်လုံး ရောက်ရှိနေပါသည်။(၆)ကြင်းတို့သည် လူပရိယာယ်သမားများဖြစ်ကြ၏။ အနီးကပ်ပူးတွဲနေထိုင်ကြသော သွေးသားအုပ်စု၊သားမယား ပူးတွဲသူတို့ အားလုံးအပေါ်၌ လူပရိယာယ်ပြည့်ဝစွာ ဖြင့်ပေါင်းသင်းနေထိုင်ကြ၏။ရာဇဉာဉ်ကို မရှောင်ကြဉ်ပါက ဘ၀တွင်အရှက်တကွဲအကျိုးနည်းကြုံကြရ၏။ လူအများ၏၀ိုင်းပယ်မှုကို ခံကြရ၏။
    (၆)ကြင်းနှုတ်ချိုလျှင် ရာဇဉာဉ်စရုက်အားကောင်း၏။ မျက်နှာပေး န်အမူအရာကောင်းလျှင် ရာဇဉာဉ်(၆)ကြင်းမိန်းကလေးများ အလှအပ လွန်စွာမက်၍ နူးညံ့ပျော့ပျောင်းဟန်ပြလျှင် ရာဇဉာဉ်၊ (၆)ကြင်း ကျားများ စကားများများပြောလျှင် ရာဇဉာဉ်၊ လူတစ်ကိုယ်လုံး ပရိယာယ်မရှိဘဲ ပွင်းပွင်းလင်းလင်းပြောဆိုကြလျှင် အထွန်းဉာဉ်(၆)ကြင်းမိန်းမများ လူပုံအလယ်တွင် ပြောဆိုရိုက်ခံရမှုရှိလည်း စိတ်မဆိုးပါ။    ပုတိအိမ်၏အဓိပ္ပာယ်မှာ ဖုံးကွယ်၊ ပျော့ညံ့၊ မကျော်စောခြင်း၊ စနေ ၏အဓိပ္ပာယ်မှာ ထင်ပေါ်လောဘ၊ အထုပ်အထည် အစရှိသော ဂြိုဟ်ပရိ ယာယ်တို့ပေါင်းစပ်မှုကြောင့်ပုတိအိမ်၏အဓိပ္ပာယ်များ ဖြစ်ပေါ်လာပါသည်။(၆)ကြင်းအားလုံးတို့သည် ပုတိနေရာတွင် ထင်ပေါ်လောဘရှိသဖြင့် ကျား၊ မအားလုံးထင်ပေါ်လာလျှင် မဟုတ်တာအကုန်လုပ်တော့သည်။ ထင်ပေါ် လာလျှင်လင်ငယ် မယားငယ်တက်သော (၆)ကြင်းဖြစ်သည်။(၆)ကြင်းများ ကိလေသာစိတ် အလွန်ကြီးမားသည်။အိမ်ထောင်ဘက်မှ တင့်တင့်တယ် တယ်မထားလျှင် နောက်အိမ်ထောင်ပြုဖို့စိတ်ကူးသည်။မွေးသည့်နေ့မှ သေသည့်နေ့ထိ အိမ်ထောင်ရေးပြသာနာမတက်သော (၆)ကြင်းမရှိပါ။နာမ်ပိုင်းဆိုင်ရာတို့သည် အကြောင်းတရားဖြစ်သည်။ မရဏဉာဉ်အား ကောင်းသော(၆)ကြင်း များသက်ကြီးရွယ်အိုအထိ အိမ်ထောင်ရေးပြသာ နာတက်ကြ၏။
    (၆)ကြင်းများ ငယ်ရွယ်စဉ်က အရှက်ကြီးသလောက် ကြီးလေအရှက် ကင်းလေဖြစ်သည်။အဓိပတိအိမ်၏မူလအဓိပ္ပာယ်မှာထင်ပေါ်မှုအားကြီးလိုခြင်း၊ ဘ၀င်မြင့်ခြင်း၊ မာနကြီးခြင်းနှင့်အင်္ဂါဂြိုဟ်၏အဓိပ္ပာယ် စိတ်၊ စိတ်ခံစားမှုဖြစ် ပါသည်။ ၎င်းင်းတို့နှစ်ခုပေါင်းစပ်ခြင်းဖြင့် အဓိပတိဉာဉ် ဖြစ်ပေါ်လာပါသည်။




    (၆)ကြင်းအားလုံးတို့၏စိတ်တရားသည်အဓိပတိခွင်ရှိပါသည်။လူမြင်ကွင်းလူပုံအလယ်တွင်လည်းကောင်း၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် မိမိ၏ အဇ္စုတ္တသန္တာန်၌ စိတ်နေစိတ်ထားမည်သို့ရှိသည်ဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာအားဖြင့် အများမကျိုးကို ကူညီတတ်သူ၊ စိတ်ကောင်းရှိသူ၊ စိတ်နေ စိတ်ထားမြင့်မြတ်သူ၊ သဘောထားကြီးသူထိုကဲ့သို့ ဟန်ပန်မျိုးဖြင့် နေထိုင်ကြသည်။လူအများရှေ့တွင်(၆)ကြင်းကို၎င်းင်း၏စိတ်နေစိတ်ထား ပက်သက်၍ချီးမွမ်းပြောဆိုပါက လွန်စွာသဘောကျ၏။ ဘာသာတရား ပေါ်တွင် ရိုးသားသောစိတ်နှင့် ကျင့်ကြံပါက လွန်စွာအောင်မြင်၏။
    နောက်ဆုံးအနေနှင့်ပြောကြားလိုသည်မှာ(၆)ကြင်းများသည် ဘ၀တွင်အောင်မြင်လိုပါက(၆)ကြင်း မိမိအပေါ်ကျေးဇူးရှိသူတို့အား ကျေးဇူး သတိတ်မှုရှိခြင်း၊ ဘ၀ကိုရေစုန်မျော၍မလိုက်ဘဲ ဇွဲရှိစွာနှင့် ကြိုးစားခြင်းပြု လုပ်ပါက ဘ၀တွင် လွန်စွာအောင်မြင်မှုများရရှိကြမည်ဖြစ်ပါသည်။

(၅)ကြွင်း အဓိပတိဉာဉ် (သို့) တနင်္လာအဓိပတိဖွား

(၅)ကြွင်း အဓိပတိဉာဉ် (သို့) တနင်္လာအဓိပတိဖွား

         ရာဇအိမ်၏အဓိပ္ပာယ်-မလယ်ရှုပ်၊ ပရိယာယ်များ
    အင်္ဂါဂြိုဟ်၏-စိတ်၊ စိတ်လှုပ်ရှားမှု
    (၅)ကြင်း ရာဇနေရာတွင် (စိတ်) ရောက်ရှိနေသောကြောင် စိတ် အမာခံမရှိပါ။ စိတ်အမာခံရှိလျှင်အောင်မြင်သည်။ အိမ်ထောင်ရေးနှင့် ပက်သက်၍ စိတ်ကုန်ကြောင်း စကားများများပြောလေ အိမ်ထောင် ဆက်များလေလေဖြစ်၏။(၅)ကြင်းကိုပေါင်းလျှင် စိတ်ပရိယာယ်နှင့် ပေါင်းရ၏။ တစ်သမတ်တည်းပေါင်းပါက အစေးမကပ်၊ (၅)ကြင်း အလုပ်လုပ်စိတ်ကူးယဉ်ပြီး လုပ်တတ်ကြ၏။ ထို့ကြောင့် လက်တွေ့တွင် အကောင်အထည်မပေါ်ကြပါ။(၅)ကြင်း စိတ်းကူးလက်တွေ့ပေါင်းလျှင် လွန်စွာအောင်မြင်ကြ၏။ လူနေဟန်ပန်ကမာသော်လည်းစိတ်မမာကြပါ။ စိတ်ကို ဖြိုမည့်သူနှင့်တွေ့လျှင် အမာခံပျက်ကြသည်အထိ ကျဆုံးကြ၏။

  ပုတိအိမ်၏အဓိပ္ပာယ်- ဖုံးကွယ်၊ ပျော့ညံ့၊ မကျော်စော
    သောကြာဂြိုဟ်အဓိပ္ပာယ်-ခရီး၊စကား၊ လှုပ်ရှား
    (၅)ကြင်း အားလုံးတို့သည် ပုတိနေရာတွင်(၆)ဂဏန်းသောကြာရှိ သဖြင့် လှုပ်ရှားအားကောင်းလျှင် အသွားအလာများလျှင် ထို(၅)ကြင်း ကိလေသာစိတ်များသည်။ အိမ်ထောင်ရေး၊ ပုတိနေရာတွင် စကားရှိသဖြင့် အိပ်ရာထဲတွင် မကျေနပ်ချက်များအလွန်ပြောသည်။ အိမ်ထောင်ရေး၊ ပုတိနေရာတွင် စကားရှိသဖြင့်အိပ်ရာထဲမှာ မကျေနပ်ချက်များအလွန်ပြော သည်။ အိမ်ထောင်ရေးကိစ္စများ တစ်ယူသန်သည်။

  ခရီးသွားဟန်လွဲ ရည်းစားများကြုံတွေ့တတ်ကြ၏။ သားမယား ခင်ပွန်း အပေါ်လွန်စွာကတိပေးလွယ်သည်။ ကတိပျက်လွယ်သည်။ အတူ နေအိမ်ထောင်ဘက်ပေါ် ပြောသင့်ပြောထိုက်သည့် စကားများဖုံးကွယ် တတ်၏။(၅)ကြင်း ကျားမ ၀ိပသာနာစကားလွန်စွာပြောသည်။ အပျော်၊ အပျက်၊ အချော်၊ အချွတ်စကားများပြောတတ်၏။ မိမိကိုယ်ကို ပုဂ္ဂိုလ်ထူးများ စောင့်ရှောက်သည်ဟု ထင်နေတတ်ကြ၏။
 အဓိပတိအိမ်-ဘ၀င်မြင့်ခြင်း၊ မာနကြီးခြင်း၊ ကျော်စောလိုခြင်း။
    တနင်္လာဂြိုဟ်-ငွေ၊ အကြား၊ ဟန်အမှုအရာ
    (၅)ကြင်း ကျားမအားလုံး အဓိပတိနေရာတွင် ငွေအကြားရှိသဖြင့် အများလူပုံအလယ်တွင် ငွေရှိလျှင်ခြွေရံအသင်းအပင်းရှိ၍ ငွေကိုအသုံးချ၍ မိမိတို့၏ မကောင်းမှုများကို ဖုံးကွယ်ကြ၏။(၅)ကြင်းအားလုံးတို့သည် မြေပျော့ကဲ့သို့ မည်သည့်ကိစ္စမဆို လျှိုဝှက်ခြင်း၊ ပရိယာယ်ဆင်ခြင်းနှင့် စကားမာသည် စိတ်မပါဟုဆိုသည့်အတိုင်း စိတ်ပိုင်း၊ ရုပ်ပိုင်းတည်ကြည် ရန်လိုပါသည်။(၅၂)တွင်ဂဗ္ဘေဓာတ်တွင် တနင်္လာကျောက်မြေအမာကဲ့သို့ ခိုင်မြဲစွာ ကျင့်ကြံရမည်။ ထို့ကြောင့်(၅)ကြင်းတို့သည် မိမိတို့၏ အိုးအိမ်၊ အိမထောင်၊ အုပ်စုနှင့် တည့်အောင်နေပါ။ သီးခြားရှောင်ထွက်ခြင်း၊ ရှောင်ဖယ် ရှောင်ဖယ်လုပ်ခြင်းတို့ကို ရှောင်ပါ။ အများအကျိုးကို သယ်ပိုးသလို မိမိ၏မိသားစုကိုလည်း ဂရုစိုက်ပါ။ အတွေးခေါ်တည်ငြိမ်မှု ရှိပါစေ။ ၎င်းင်း(၅)ကြင်းများ ဘ၀တွင် အောင်မြင်၏။

(၄) ကြွင်းမဟာဘုတ်

(၄) ကြွင်းမဟာဘုတ်
    ကျွန်ုပ် ယခုဖွင့်ဆိုသောမဟာဘုတ်ပညာခန်းသည် အဋ္ဌလက်ခွင်၌ ရှိသော ကိန်းဂဏန်း (ဂြိုဟ်) တို့၏ ဆွဲငင်အားများ ဖြစ်သောကြောင့် မည့်သည်အကွက်တွင်ရှိသော နေ့သားသမီးကို မဆိုလိုဘဲ မဟာဘုတ် တစ်ခုလုံးကို ခြုံငုံကြည့်မှသာလျှင် အဖြေပေါ်မည်ဖြစ်ပါသည်။(၄) ကြင်း ဘင်္ဂနေရာတွင် လူအပျက်သဘောရှိနေသည်။ မွေးသည့် နေ့မှသေသည့်နေ့တိုင်အောင် လူတစ်ကိုယ်လုံးပျက်နေသည်။ ပင်ကိုယ် ချောလှလျှင် ပျက်စီးတော့သည်။ ရုပ်ဆိုးအကျည်းတန်လျှင် ကောင်း၏ (၄) ကြင်းယောက်ျားလေးများ အိမ်ထောင်မှု ကိလေသာစိတ်များ၏။ လူတစ် ကိုယ်လုံး အပျက် မတည်ငြိမ်ခြင်းကြောင့် ကျားမအားလုံးတစ်နေရာတည်း ကြာကြာထိုင်၍မရဘဲ ပြောင်းလဲလှုပ်ရှားနေသည်။
    သစ်နင်း သစ်ကျိုး၊ ၀ါးနင်း၊ ၀ါးကျိုးဖြစ်ကြသည် (၄)ကြင်းများ ဖြစ်ကြ၏။ လူတစ်ကိုယ်လုံးအပေါ် ထိန်းချုပ် နိုင်စွမ်းမရှိ၊ လူအပျက်သဘော ကြောင့် အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် မိမိ၏အိမ်ထောင်ဘက်က ဖောက်ပြန် ခဲ့လျှင် မိမိ၏ကိုယ်ကို အပျက်ခံ၍ မိမိနှင့်သင့်တော်/မတော် မစဉ်းစားဘဲ ကြုံရာလူနှင့် ညားကြ၏။ လူအပျက် သဘောကြောင့် ကျားမ အားလုံး နဂိုရ်နေထိုင်မှုသည် ကြည့်ပျော်ရှုပျော်ရှိပြီး လှပအောင် မိမိကိုယ်ကို မွမ်းမံ ပြင်ဆင်ပါက ပိုဆိုး၏။ ငယ်ရွယ်သူဖြစ်က ရည်းစားစွန့်ပစ်ခံရလျှင် ကြုံရာလူနှင့်ရှုပ်ကြ၏။ စိတ်ခံစားမှု အားကောင်း ပြီး ရုပ်ပိုင်းဆိုင်ရာ ခံစားမှု အားနည်းသည်။
(၄)ကြင်း မရဏဥာဉ်(သို့) စနေမရဏဖွား
    မရဏ၏ အဓိပ္ပာယ် ချူချာ၊ ပျော့ညံ့၊ သည်းမခံနိုင်။ စနေဂြိုဟ်၏ အဓိပ္ပာယ် ထင်ပေါ်၊ လောဘ၊ အထုပ်အထည်)(၄)ကြင်းနှစ်တွင် မွေးဖွားကုန်သော ကျားမအားလုံး မူလမဟာ ဘုတ်တွင် (မရဏ) နေရာတွင် စနေဂြိုဟ်ရှိ နေပါသည်။ စနေဂြိုဟ်သည် ထင်ပေါ်လိုစိတ်အားကြီး၍ လောဘလည်း ကြီးပါသည်။
    ထင်ပေါ်လိုစိတ်ကြောင့် မည်သည့်အလုပ် ဘာမဆို ထင်ပေါ်မည် ဆိုလျှင် အကုန်လုပ်သည်။ ထိုစိတ်ကြောင့် ငယ်ရွယ်စဉ်တွင် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများထဲ၌ ထင်ပေါ်သူကိုသာ ရွေးချယ်၍ ပေါင်းသင်းကြ၏။ အရက်သမားနှင့်ပေါင်းလျှင် အရက်သမား၊ ပုတီးသမား နှင့်ပေါင်းလျှင် ပုတီးသမား၊ ဗေဒင်ဆရာ နှင့်ပေါင်းလျှင်လည်း ဗေဒင်ဆရာ လုပ်ကြပြန်သည်။ ထင်ပေါ်မြောက်ပင့်ပြောဆိုမှုကို နှစ်သက်၏။ အမျိုးသမီး များ မပြင်မဆင်နေလျှင် ကြည့်၍ကောင်းသည်။ ပြင်လွန်းလျှင် ပုံမကျ ပန်းမ ကျဖြစ်တတ်၏။ (၄)ကြင်းမိန်းမ အင်္ကျီထက် လုံချည်ကို ပိုမက်မောကြ၏။ သားသမီးမွေးလျှင် လွန်စွာမွေး၍ မမွေးလျှင်လည်း တစ်ယောက်မှ မမွေးကြပါ။ (၄)ကြင်းမိန်းမများ သားသမီးထက် လင်သားကို ပိုမက်မော၏။ ပို၍ ဂရုစိုက်ကြ၏။
    (၄)ကြင်းကျားများ ဘ၀တွင် ထင်ပေါ်လိုစိတ်ကြောင့် လုပ်ငန်း တစ်ခုကို ဆုံးခန်းတိုင်အောင် မလုပ်ကြဘဲ ငါးပွတ်ရာ ငါးစာချသကဲ့သို့ ပြောင်းလည်းလုပ်ကိုင်၍ မည်သည့်လုပ်ငန်းမှ အောင်မြင်မှုမရှိကြပါ။  ဘုန်းကြီး၊ ရဟန်းများဝတ်လျှင် ဆရာတော်ကြီးများဖြစ်သည့်အထိ အကျိုးပေး၍ ရိုးရိုးသာမန်လူများ တပ်မတော်(သို့) ရဲတပ်ဖွဲ့များတွင် လွန်စွာအကျိုးပေး၏။ ကြီးမားသောရာထူး၊ ရာခံများရရှိကြ၏။ ကျောင်းဆရာ၊ ဆရာမများလုပ်ကြ ပါက ကျောင်းအုပ်ကြီးများဖြစ်သည် အထိ အောင်မြင်ကြ၏။
    ကျားမအားလုံး မိသားစုအပေါ် အနိုင်ယူလျှင် လွန်စွာယူ၍ အရှုံး ပေးလျှင်လည်း လွန်စွာအရှုံးပေးကြ၏။ မိသားစုအပေါ် အနိုင်ယူသည် ဖြစ်စေ၊ အရှုံးပေး၍ ဆက်ဆံသည်ဖြစ်စေ သြဇာအာဏာမရှိကြပါ။ ပတ်ဝန်း ကျင် လူများ နှိမ့်ချ၍ ပြောဆိုသောသူများကို မပေါင်းဘဲ မြှောက်ပင့်ပြောဆို သူများကို ပေါင်းကြ၏။ မိမိမွေးရပ်မြေ သို့သွားရန် လွန်စွာဝန်လေးကြ၏။ တစ်ရပ်တစ်ကျေးတွင် အရိုးထုတ်ကြ၏။ လက်ရှိနေရပ်တွင် စီးပွားပျက်ခြင်း၊ တစ်နည်းနည်းနှင့် ဘ၀ဂုဏ်သိက္ခာကျဆင်းလျှင် အိမ်ရောင်း၍ ရှောင်ပြေးကြ ၏။
    (၄)ကြင်းမိန်းမများ ကလေးလွန်စွာမွေး၍ အိမ်ထောင်ရေးလုံးဝ နားမလည်ပါ။ လူပျို၊ အပျိုများ မြှောက်ပင့် ပြောဆိုသူများ ချမ်းသာကြယ်ဝ သူများနှင့် သမီးရည်းစားဖြစ်ကြ၏။ အိမ်ထောင်ဦးစီး (၄)ကြင်းဖြစ်လျှင် ၎င်းင်းအိမ် မှာ ဆူပူနေကြသည်။ ပစ္စည်းငှားရမ်းမှုဝါသနာပါကြ၏။ ကြေးတင် လျှင် လက်ခက်၏။ ကြေးမဆပ်နိုင်က ရှောင်၍ ပြေးကြ၏။ အလုပ်လုပ်လျှင် သေသပ်မှုမရှိပါ။ အလောတကြီးလုပ်ကိုင်ကြ၏။ အထက်လူကို မြှောက်ပင့် ၍ အောက်လူကို နှိမ့်ချတတ်၏။
    ဘ၀တစ်လျှောက်လုံးတွင် အမှုအခင်း အချုပ်အနှောင်များ အများ ဆုံးတွေ့ကြရ၏။ ထောင်ကျလျှင် သေသည့်အထိ နှစ်ကြီးများကျတတ်၏။ မိသားစုအတွက် အတ္တစိတ်အလွန်ကြီးသည်။ စနေနံနှင့် ပတ်သက်၍ ပစ္စည်း များ မတည့်ပါ။ မရဏတွင် စနေနံရှိသဖြင့် ထင်ပေါ်ကျော်ကြားလျှင် ပျက်စီး သည်။ ပစ္စည်းဥစ္စာများ အထုတ်လိုက်စုမိလျှင် ပျက်စီးစရာများကြုံ၍ ကုန်တော့သည်။ ဘ၀တွင် အောင်မြင်လိုပါက (၄)ကြင်း ကျားမ အားလုံး လုပ်ငန်းတစ်ခုခုကို သေသည့်အထိ လုပ်ကိုင်လျှင် အောင်မြင်သည်။ အစိုးရ လုပ်ငန်းများနှင့် အကျိုးပေး သည်။ ဆရာသမားများနှင့် နီးနီးကပ်ကပ်နေလျှင် အောင်မြင်မှုရရှိမည်။ ဆရာသမားများ ကင်းမဲ့သော (၄)ကြင်းများ ဘ၀ပျက် သည်။ ကိုယ့်စိတ်ကိုယ့်ဆန္ဒနှင့် နေနိုင်သည့် အချိန်မျိုးရောက်လျှင် မဟုတ် တာ အကုန်လုပ်သည်။ စနေနံနှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးမပေး ပါ။ အနက်ရောင်နှင့် မတည့်ပါ။(၄)ကြင်း ကျား/မတို့ အထွန်းနေရာတွင် စိတ်ရှိသည်။ လူတစ်ကိုယ် လုံး နာရီနှင့်အမျှ စပ်စုလိုစိတ်အမြဲ ရှိသည်။
    အထွန်းခွင်၏ အဓိပ္ပာယ် စပ်စု၊ ကြားဝါ၊ အင်္ဂါဂြိုဟ်၏ အဓိပ္ပာယ် စိတ်၊ စိတ်လှုပ်ရှားမှု။
    နေရာတကာတွင် စပ်စပ်စုစုလုပ်ကိုင်တတ်ကြသဖြင့် လုပ်ငန်းပေါင်း စုံလုပ်ခြင်း၊ အရိပ်(၃)ပါး နားမလည် ဘဲ စပ်စုခြင်း၊ စပ်စုသည့်စရိုက်ကြောင့် ကိုယ်နှင့်သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ နေရာတကာ စိတ်မတည်ငြိမ်မှုကြောင့် စိတ်နှင့် ရုပ်တွင် စိတ်ပိုင်းဆိုင်ရာက ဦးဆောင် သူဖြစ်သည်။ ပင်ကိုစိတ်ရင်း ကောင်းသူ ဖြစ်သော်လည်း ကုသိုလ်မရှောင်၊ အကုသိုလ်မရှောင်၊ စပ်စုလိုစိတ်ကြောင့် ပင်ကိုယ်ရှိသော စိတ်ထား ပျက်စီး၏။
    စိတ်သမာဓိကောင်းစွာနေထိုင်သော (၄)ကြင်းများ အောင်မြင် သည်။ စိတ်အထွန်းတွင်ရှိသောကြောင့် စိတ်ဆိုးလွယ်သည်။ ဘမဟုတ် သည့်ပြဿနာများကို မီးလောင်မှုကြီးဖြစ်အောင် လုပ်သည်။
    (၄)ကြင်း ကျား/မ သတင်းစုံပြောသည်။ (၄)ကြင်း ကျားများ ပြဿနာဖြစ်သည့်နေရာကို မရောက်ရောက် အောင်သွားသည်။ အစ အနောက်သန်သည်၊ အတွန်း အတိုက်၊ အတို့အထောင်လုပ်တတ်သည်။ သတင်းစာ၊ ရေဒီယို၊ ကက်စက်၊ တီဗွီ၊ အကုန်အစုံနားထောင်သည်။ ဖတ်သည်။ ပြီးလျှင် မိမိသည် အရာရာကိုသိကြောင်း သိပြီးကြောင်း ကြား၏။ သူ့ရှေ့တွင် ဘာပဲလုပ်လုပ် အကုန်လေ့လာသည်။ ထင်ပေါ်မည့်အတတ်မျိုးစုံ အကုန် သင်သည်။ မပြီးဆုံးပါ။ ဘာသာမျိုးစုံ၊ ဓာတ်၊ နတ်၊ စုန်း၊ ပယောဂ၊ ဗေဒင်၊ ဆေး အကုန်လေ့လာသည်။ သိသာ သိ၏။ တတ်အောင် မသင်ပါ။    (သိုက်) ဌာန၏ အဓိပ္ပာယ် လွဲမှားစွာ စေ့စပ်မှု၊ သောကြာဂြိုဟ်၏ အဓိပ္ပာယ် ခရီး၊ စကားလှုပ်ရှား။
    သောကြာသိုက်ဖွားများ ခရီးများလွဲမှားနေသည်။ စကားများ လွဲမှားနေသည်။ လှုပ်ရှားမှု အမှန်အကန် မဖြစ်ဘဲ အခက်တွေ့နေသည်။ (၄)ကြင်းများ စကားပြောလျှင် မဟုတ်တာ အဟုတ်လုပ်ပြောသည်။ ကြား၍ ပြောသည်။ ခရီးသွားလျှင် ဒီနေရာဆို ဟိုနေရာရောက်သည်။ ကြေးယူလျှင် တောင်းရခက်သည်။ (၄)ကြင်း သောကြာစကားပြောလျှင် သတိထားပါ။ မမှန်တာများ၏။ (၄)ကြင်းစကားပြောချိုသာလျှင် ကတိပျက်၏။ စကားကတိမတည်ဘဲ နေလျှင် ပြောသလိုမလုပ်လျှင် ဘ၀တွင် ကျဆုံး၏။ ခရီးမှားလျှင် မရဏဉာဉ် (၄)ကြင်း သောကြာကြေးယူပြီး ပြန်မဆပ်ပါ။ (၄)ကြင်းများ အပေးအကမ်းရက်ရောနေလျှင် ထိုသူထံမှ  လိုချင်တာတစ် ခုရှိနေသည်ဟု မှတ်ပါ။ရာဇခွင်၏အဓိပ္ပာယ် မလည်ရှုပ်ထွေး ပရိယာယ်များ တနင်္လာဂြိုဟ် အဓိပ္ပာယ် ငွေ၊ အကြား။    (၄)ကြင်း ကျား/မတို့သည် မူလဇာတာခွင်၌ (၂)ဂဏာန်း တနင်္လာ ဂြိုဟ်သည် ရာဇအိမ်တွင် ရပ်တည် နေပါသည်။ အိမ်ရှင်သခင်ဂြိုဟ်ရာဇ ၏သတ္တိနှင့် အားတို့မှာ မလည်ရှုပ်ပြုလုပ်ခြင်းနှင့် ပရိယာယ်အလွန်များခြင်း တို့ဖြစ်ပါသည်။ ထို့ကြောင့် အကြားပရိယာယ်များခြင်းနှင့် ငွေပရိယာယ် များခြင်းနှစ်မျိုးလုံးကို ပရိယာယ်ဖြင့် မလည်ရှုပ်ထွေးကြ၏။ (၄)ကြင်း ကြားဝါမှုသည် အခြားအကြင်းနှင့်မတူဘဲ အငှားကြား ကြားကြ၏။ မိမိ၏ ကြားဝါမှုကို ပတ်ဝန်းကျင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဂရုမစိုက်ဘဲ မိမိကိုယ်တိုင် ရာဂစရိုက်ကြောင့် မသိချင် ယောင်ဆောင်၍ ကြားကြ၏။ မရှိသည်ကို အရှိလုပ်၍ ကြားကြ၏။ မိမိမပိုင်သော ရွှေ၊ ငွေ၊ အသုံးအဆောင် ပစ္စည်းတို့ကို ပေါင်နှံ၍ အကြားအားကောင်းကြပါက ဘ၀တွင် ထောင်၊ ဆေးရုံ အလွန်နီးကပ်လှသည်။ (၄)ကြင်း ပစ္စည်း ငှားရမ်းလျှင် ပိုင်ရှင်တောင်း မှ ပြန်ပေးသည်။ မတောင်းမချင်း ပြန်ပေးလေ့မရှိ။ ငွေကြေးနှင့် ပတ်သက်၍ ဘ၀တွင် သမာအာဇီဝကျစွာ မရှာဖွေဘဲ ငွေရလွယ်သော သမာအာဇီဝ မဟုတ်သည့် ဖြတ်လမ်းနည်းများဖြင့် လှည့်ပတ်ရှာဖွေ လုပ်ကိုင်စားသောက် ကြပါက ဘ၀တွင် ငွေကြေးမတည်မြဲသည့်အပြင် ထာဝရကြေးမကင်းဘဲ ငွေကြေးကြောင့် သိက္ခာကျခြင်း၊ အမှုအခင်းဖြစ်ခြင်းများ ကြုံတွေ့ကြရ၏။ ထိုသို့ မိမိ၏ရာဇဉာဉ်စရိုက်၏ ခိုင်းစေ ချက်များကို မပြုပြင်ဘဲ နေထိုင်ကြ မည်ဆိုပါက ဘ၀တွင် ဆိုးကျိုးများနှင့်သာ ကြုံတွေ့နိုင်ပြီး ပြုပြင် နိုင်သော သူများ သည် ဂုဏ်သတင်းလွန်စွာထင်ပေါ်၍ ပြည့်ပြည့်စုံစုံနေရသော ဘ၀သို့ ရောက်ကြရ၏။ပုတိအိမ်၏အဓိပ္ပာယ် ဖုံးကွယ်၊ ပျော့ညံ့၊ မကျော်စော။ ကြာသ ပတေးဂြိုဟ်၏ အဓိပ္ပာယ် ပညာ၊ အတွေးအခေါ်၊ ဘာသာ။
    (၄)ကြင်း ကျား/မ အားလုံးတို့သည် ပုတိနေရာတွင် (၅)ဂဏာန်း ပညာ၊ အတွေးအခေါ် ရောက်ရှိ နေပါသည်။ အိမ်ထောင်ရေးကိစ္စများတွင် လက်တွေ့ဆောင်ရွက်မှု၊ လွန်စွာညံ့ဖျင်းကြ၍ စိတ်ကူးယဉ်သမားများ ဖြစ်ကြသည်။ ကိလေသာကိစ္စများတွင် စိတ်ကူးဖြင့် ကြံစည်တွေးတော မိနေစဉ် အချိန်များတွင် အကုသိုလ်လွန်စွာ ကြီးမားကြ၏။ လူ မဖောက်ပြန် သော်လည်း မနောဖောက်ပြန်သူများ ဖြစ်ကြသဖြင့် (၄)ကြင်းများ ကာမဂုဏ် ကိစ္စများ အမြဲတွေးသည်။ လက်တွေ့တွင် ပုံဆိုးပန်းဆိုးနှင့် ညားကြ၏။ ကြာသပတေးဂြိုဟ်၏ အဓိပ္ပာယ်တစ် မျိုးမှာ (ဘာသာ) ဖြစ်သဖြင့် ဘာသာ ရေးနှင့် ပတ်သက်၍ မကျော်စော အပ်သော အဆောင်၊ လက်ဖွဲ့၊ အင်း၊ ဓာတ်လုံး၊ အစရှိသော သိဒ္ဓိ၀င်အစီအရင်များ လွန်စွာမှ နှစ်သက်ကြ၏။ခရီးသွားဟန်လွဲ ရည်းစားများကြုံတွေ့တတ်ကြ၏။ သားမယား ခင်ပွန်း အပေါ်လွန်စွာကတိပေးလွယ်သည်။ ကတိပျက်လွယ်သည်။ အတူ နေအိမ်ထောင်ဘက်ပေါ် ပြောသင့်ပြောထိုက်သည့် စကားများဖုံးကွယ် တတ်၏။(၅)ကြင်း ကျားမ ၀ိပသာနာစကားလွန်စွာပြောသည်။ အပျော်၊ အပျက်၊ အချော်၊ အချွတ်စကားများပြောတတ်၏။ မိမိကိုယ်ကို ပုဂ္ဂိုလ်ထူးများ စောင့်ရှောက်သည်ဟု ထင်နေတတ်ကြ၏။

(၃)ကြွင်းမဟာဘုတ်

(၃)ကြွင်းမဟာဘုတ်

    (၃) ဘင်္ဂအိမ်- စိတ်အပျက် (မတည်ငြိမ်)
    (၆) မရဏ- ခရီး၊ စကား (အဆိုး)
    (၂)အထွန်းအိမ်- ငွေ၊ အကြား (ကြားဝါမှု)
    (၅)သိုက်အိမ်- ပညာ၊ အတွေးအခေါ် (လွဲမှား)
    (၁) ရာဇအိမ်- အိမ်ထောင် (မလည်ရှုပ်)
    (၄) ပုတိအိမ်- လူတစ်ကိုယ်လုံး (ဖုံးကွယ်)
    (၀) အဓိပတိအိမ်- ထင်ပေါ်မှု (ဘ၀င်မြင့်)
        (၃)ကြင်း ကျား၊ မ ဘင်္ဂခွင်တွင် အင်္ဂါဂြိုဟ် (စိတ်) အပျက်လှုပ်ရှား မှုဖြစ်သဖြင့် စိတ်ပျက်လွယ်သည်။စိတ်ဆိုးလွယ်သည်။ စိတ်ပြေလွယ်သည်။ အနီးကပ်ပေါင်းသင်းရခက်သောလူမျိုးဖြစ်သည်။ ဘင်္ဂခွင်တွင် ၀ါယောဓာတ ပျက်နေသည်။ အိမ်ထောင်ရေးကိစ္စသည် လက်တွေ့သာဖြစ်၍ ခံစာမှုအား နည်းသည်။ စိတ်မြန်သဖြင့် လူမြန်သည်။ ၀ါယောဓာတ်ပျက်သောကြောင့် လေကိုအားပြုရသောနေရာတွင် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဆုံးခန်းတိုင်ကြ၏။
    လင်မယားခြင်ထောင်ထဲရောက်မှပြသာနာတက်သည်။ဘ၀တွင် ဘင်္ဂခွင်ကို နိုင်၍အောင်လိုပါကလျှပ်တစ်ပြက်ထိတွေ့မှုများ၌ စိတ်ထိန်း ချုပ်နိုင်စွမ်းရှိလျှင်ဘ၀တွင် အဓိပတိမှာရှိသော ထင်ပေါ်မှုများရရှိမည်။ နာမည်ဂုဏ်သတင်းကြီးမည်။ သွားလာလှုပ်ရှားသောနေရာတွင် ထင်ပေါ်မှု ဂုဏ်သတင်းကြီးသည်။    (က)  စကား အဆိုး
    (ခ)   လှုပ်ရှားမှု အဆိုး
    (ဂ)   ခရီးသွားလာမှု အဆိုး
    (၃) ကြင်း ကျား၊မ မွေးသည့်နေ့တိုင်အောင် အတိုက်အခံအပြိုင် အဆိုင်အားကြီးသည်။ ဘ၀တွင် အတိုက်အခံအပြိုင်အဆိုင်နှင့် အမြဲကြုံ တွေ့နေမည်။ (၃) ကြင်းများသည် မွေးတစ်နေရာ ကြီးတစ်နေရာဖြစ်သည်။ ကျော်ကြားမှုဖြစ်လျှင်လည်း တစ်နေရာဖြစ်နေပြန်သည်။ လူလတ်ပိုင်း အရွယ်တွင် ငွေကြေးအရလွယ်ကူ၍ သိန်း၊ သောင်းချီ၍ကိုင်ကြရသည်။ (၃)ကြင်းများသည် မွေးအမေတစ်ဦး၊ ကျွေးအမေတစ်ဦးဖြစ်၍ နောက်ပိုင်း တွင် မိခင်နို့ကိုပင် ၀အောင်မစို့ရသည်ကများသည်။ သွားနှင့်ပက်သက်သော ရောဂါများအဖြစ်များသည်။
    မရဏနေရာတွင် သောကြာနံရှိသဖြင့် (၃)ကြင်းစိတ်နှင့် အခန့်မသင့် လျှင် နှုတ်ထိန်းချုပ်နိုင်စွမ်းမရှိ လက်လွတ်စပယ်ပြောတတ်ကြသဖြင့် ပြောဆိုသောစကား ထိမိပီပြင်သောကြောင့် နားထောင်ရသော တစ်ဖက်လူ မှာ မခံနိုင်ဘဲ နာကျင်မှုများ ဖြစ်သွားကြ၍ ရန်များခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း များ ဖြစ်တတ်ကြသည်။ (၃)ကြင်းများမွေးရပ်ဒေသမှာ မကျော်စောဘဲ တစ်ရပ်တစ်ကျေးမှာ နေထိုင်လျှင် အောင်မြင်သည်။
    (၃) ကြင်းများ ဖြတ်ထိုးဉာဏ်ကောင်းပြီး မျက်စိလျှင်သည်။ ဒေါသကြီးလျှင် လွန်စွာကြီး၍ သနားစရာရှိလျှင် လွန်စွာသနား တတ်ကြသည်။ သောကြာနံ (၆)ဂဏန်း မရဏနေရာတွင်ရှိသဖြင့် တည်ငြိမ်မှုမရှိဘဲ ကိုယ်၊ စိတ် နှုတ်(၃) ပါးစလုံး လှုပ်ရှားအားကောင်းကြပါက ဘ၀တွင် တည်ငြိမ်မှုမရှိဘဲ တည်တည်ငြိမ်ငြိမ်နှင့် စကားနည်းသူများ လွန်စွာအောင်မြင်ကြသည်။
    ဘုန်းကြီးရဟန်းဝတ်ပါက လွန်စွာအောင်မြင်သည်။ သင်္ဘောသားလုပ်ငန်းအကျိုးပေးသည်။ အစိုးရလုပ်ငန်းအကျိုးပေးသည်။ ကိုယ်ပိုင် လုပ်ငန်းများအကျိုးမပေးပါ။ အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်နှင့် မကြာခဏစကားများ၍ အိမ်ထောင်ရေးဆူပူနေကြသည်။ ဘာသာရေး ကိုင်းရှိုင်းသူများဖြစ်ပါက ကံပေး၍ဖြစ်သော ထီဆုကြီးများပေါက်တတ်သည်။ မိဘညီအစ်ကိုမောင်နှမများနှင့် မတည့်သူများသည်။ တစ်နေရာထဲ အငြိမ်မနေဘဲ ခရီးသွား၍စီးပွားရှာသူများ လုံးဝအဆင်မပြေပါ။ (၃) ကြင်းကျားမအသံကောင်းသော်လည်း အဆိုတော်လုပ်ငန်း နှင့်အကျိုး မပေးပါ။ (၃)ကြင်းအဝေး အနီးလူနှင့် မတည့်ပါ။
    (၃)ကြင်းများ မွေးထုတ်လိုက်သော သာသမီးကို လိုအပ်သလို ပုံစံချ၍မရပါ။ သားသမီးအကျိုးပေးမှုကို သေသည့်နေ့အထိ မခံစားရပါ။ အတိတ်ကံအားကောင်းသော်လည်း နှုတ်အဆိုးသဘောကြောင့် မိမိအလုပ် အိမ်ဌာနများတွင် မလိုမုန်းထားသူများ၍ တိုးတက်မှုကို ဖျက်ဆီးသူများနှင့် ကြုံတွေ့ရသည်။
    သံ၊ သစ်၊ သွပ်၊ အသံနှင့် ပက်သက်သောလုပ်ငန်းများအကျိုးမပေး ပါ။ စိတ်မြန်၊ ကိုယ်မြန် (၃)ကြင်းသည်မရဏဉာဉ်ဖြစ်၍ စိတ်သမာဓိရှိရှိ စကားနည်းနည်း (၃)ကြင်းသည် အထွန်းဖြစ်ပါသည်။ အထွန်းဉာဉ်သမား များ ဘ၀တွင် လွန်စွာအောင်မြင်ကြသည်။ (၃)ကြင်းများအတူမိသားစု အပေါ်တွင် အခွင့်အရေးယူကြ၏။ (၃) ကြင်းကျား၊ မ ကျောက်အရောင်း အ၀ယ်လုပ်ငန်း၊ ကားအရောင်းအ၀ယ်လုပ်ငန်းများ အကျိုးပေးသည်။ မိမိ ကိုယ်တိုင်တွင် တန်ဖိုးရှိသော ကျောက်ကို ကိုယ်နှင့်မကွာဝတ်ဆင်ထားပါက အဆောင်ကောင်းဖြစ်၍ ငွေကြေးနှင့်ပက်သက်၍အရလွယ်ကူသည်။    (၃)ကြင်း ကျား/မ အထွန်းခွင် ငွေအကြားလွန်နေသဖြင့် (၃)ကြင်း များ နဂိုရ်ငွေရှိပြီးသားမို့ ငွေမက်သော စိတ်ဖျောက်ရမည်။ မွေးသည့်နေ့မှ သေသည့်နေ့တိုင်အောင် ငွေလာဘဖျောက်နိုင်လျှင် တစ်သက်လုံးငွေမရှား သူများဖြစ်လိမ့်မည်။ သိန်းဆုကြီးများပေါက်၍ ငွေအထုပ်လိုက်ရကြသော သူများဖြစ်ကြ၏။ ထို့သို့ရသောသူများနှင့် ငွေအထုပ်လိုက်ရသောသူများ သည် အနန္တောအနန္တ (၅)ပါးကို ကိုင်းရှိုင်းသူများဖြစ်ကြ၏။ မရဏဉာဉ် အားကောင်းသော (၃)ကြင်းသည် လူပုံအလယ်တွင်အကြားသန်သည်။ သူ့နှုတ်ကမရ၊ ရအောင်ကြားလေသည်။ ပိုက်ဆံအနည်းငယ်ရှိက သိန်းသောင်းအထိ ပြောဆိုကြ၏။ (၃)ကြင်း ငွေကြေးနှင့်အကျိုးပေးမှုသည် အကုသိုလ်၊ ဘယ်လို ပင်ရှိရှိ နှစ်ဖက်မှရတတ်၏။ စကားနည်းနည်းပြော၍ ရိုးရိုးအေးအေးနေလျှင် အထွန်းဉာဉ်ဖြစ်၏။(၃)ကြင်းမဟာဘုတ်တွင် (သိုက်) ဌာန၌ ပညာအတွေး အခေါ် ပညာမာနစိတ်ရှိသည်။ အတွေးအခေါ်ပညာများသည် အကျပ်အတည်း ဖြစ်နေသည်။ အတွးခေါ်တို့သည် အမှန်အကန်မဖြစ်ဘဲ လွဲမှားသော အတွေးမျိုးဖြစ်သည်။ မဟုတ်သည့်နေရာတွင် လွန်စွာတော်သည်။ မိသားစုထဲတွင် သူသာအတတ်ဆုံး၊ အသိဆုံးကျန်လူအားလုံးငတုံးဟု ထင်ကြသည်။ ၎င်းင်းအတွေးခေါ်ကို မှားယွင်းမှုကြောင့် အနီးကပ်လူများ ၎င်းင်းအတွေးခေါ်ကို ဆန့်ကျင်ကြ၏။ အတွေးခေါ် တစ်ယူသန်သည် (၃)ကြင်း ကြာသပတေးပိုဆိုးသည်။ မိသားစုတွင် (၃) ကြင်း ကြာသပတေးပါလျှင် ၎င်းင်းမိသားစုအားလုံး၊ အားလုံးအုပ်စုကွဲတော့သည်။(၃)ကြင်း ကျား၊ မ အားလုံးရာဇနေရာတွင် တနင်္ဂနြွေဂိုဟ်ရှိနေ ပါသည်။ အိမ်ထောင်ရှုပ်ခြင်း၊ အိုးအိမ်ရှုပ်ခြင်း၊ အုပ်စုရှုပ်ခြင်း၊ တနင်္ဂနေနှင့် ပက်သက်၍ မလည်ရှုပ်ထွေးသောဘ၀တွင် ရှုပ်ထွေးကြ၏။ (၃)ကြင်းရာဇ စရိုက်တွင်ကြည့်ပါက ကိုယ်တိုင်လည်း ရှုပ်သည်။ သူများလည်းရှုပ်စေ ချင်သည်။ အိမ်ထောင်ရေးကိစ္စတွင် ရှုပ်ထွေးမိပါက ရှင်းရခက်သော အိမ်ထောင်ရေးကိစ္စဖြစ်သည်။ မိဘဆွေမျိုးများ သေခန်းရှင်ခန်းပြတ် သည်အထိ ဖြစ်ကြရ၏။ မိသားစုအချင်းချင်း စေ့စပ်ကြောင်းခြင်းများ ပြုလုပ်ကာ အိမ်ထောင်ရေးကိစ္စများကို ရှုပ်ထွေးကြ၏။ ထို့ကြောင့် နှစ်ဖက် မိဘများ၏ ကဲ့ရဲ့ရှုပ်ချမှုကို ခံကြရ၏။ အံ့သြစရာကောင်းသောအချက်မှာ (၃) ကြင်း တစ်ယောက်ယောက်က အိမ်ထောင်ချပေးလျှင် ၎င်းင်းအိမ်ထောင် ရေးတစ်သက်လုံးမြဲ၏။
    ကိုယ်တိုင်ဆွေမျိုးနီးစပ်သူများနှင့် အိမ်ထောင်ရေးရှုပ်ခြင်း၊ မိသားစု စည်းလုံးညီညွတ်မှုပျက်ပြားအောင်အုပ်စုအရေးအခင်းများတွင် ပါဝင်ရှုပ် ထွေးခြင်း သူတစ်ပါးအိမ်ထောင်ရေးကိစ္စများတွင် ကိုယ်တိုင်ဝင်ရောက်ရှုပ် ထွေးခြင်းအစရှိသော ရာဇဉာဉ်စရိုက်များကို မရှောင်ကြဉ်ဘဲ ပြုလုပ်မည်ဆို လျှင် လူတစ်ကိုယ်လုံးရောဂါအနာတရများပြီး ဆရာဝန်လက်မြောက်ရသော နာတာရှည်ရောဂါများဖြစ်ကြ၏။ (သို့)သွားလာလှုပ်ရှားလည်ပတ်ရာတွင် လမ်းခရီးအန္တရာယ်များကျရောက်၍ ဥပစ္ဆေဒကကံဖြင့်သေကြရ၏။
(၃)ကြင်း ကျား၊ မအားလုံး ပုတိနေရာတွင် (လူ) လူတတစ်ကိုယ်လုံ်းှိဲု့ ရောက်ရှိနေပါသည်။ ထို့ကြောင့် (၃)ကြင်းမရဉာဉ်အားကောင်းလျှင် ကာမဂုဏ်ကိစ္စများကိုပီပြင်အောင်ပြောရဲဆိုရဲကြ၏။ ကာမဂုဏ်စိတ် သည်စိတ်တွင်မရှိဘဲ ရုပ်တွင်အပြည့်ရှိသဖြင့် အနီးကပ်ထိတွေ့မှုများလျှင် လွန်လွန်ကျွံ့ကျွံ့ဖြစ်တတ်ကြ၏။ ကျား၊ မ အားလုံး ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့မှုများပါက ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်စွမ်းမရှိကြပါ။ မောင်နှမ ၀မ်းကွဲများ သွေးသားနီးစပ်သူများနှင့် အနေများပါက ညားတတ်ကြ၏။ ရုပ်တွင် ကာမဂုဏ်စိတ်ရှိသည့်အတွက် ကိလေသာစိတ်များသည် လူတစ် ကိုယ်ဖုံးကွယ်မှုဖြင့် အများမြင်ကွင်းတွင် အနေတည်သော်လည်း မျက်ကွယ် ရောက်လျှင် ဖုံးကွယ်လှုပ်ရှားတော့သည်။ (၃)ကြင်း ကျား/မ မျက်စိ လျှင်သည်။ အရှက်အကြောက်ကြီး၏။(၃)ကြင်း အားလုံးတို့၏ အဓိပတိနေရာတွင် စနေဂြိုဟ် (၀)ဂဏန်း ရောက်ရှိနေပါသည်။ လူမြင်းကွင်းတွင် ထင်ပေါ်မှု အဓိပတိရှိသဖြင့် လူတစ် ကိုယ်လုံးထင်ပေါ်မှုရှိစေရန် သူ့ကိုယ်သူ ပုံဖော်ကြ၏။ (၃)ကြင်း စနေ မာနကြီ၏။ ချမ်းသာချင်စိတ်ကြီးမား၏။ ငွေကြေးချမ်းသာသော (၃)ကြင်း များမောက်မာကြ၏ မာရာဏဉာဉ်အားကြီးသော (၃)ကြင်းများ ငွေရလျှင် ဥပဒေနှင့်မကင်းသောလုပ်ငန်းများကိုပင်လုပ်ကိုင်ရဲကြ၏။
    (၃)ကြင်းများအားလုံး ဒေါသကိုလျှော့ပါ။ တည်ကြည်စွာနေထိုင်ပါ။ လောဘစိတ်ကိုလျှော့ပါ။ ၀ါယောစိတ်ကဲ့သို့ မနေပါနှင့်။ မီးတောက် စိတ်ကဲ့သို့ တည်ကြည်စွာနေထိုင်ပါက လွန်စွာအောင်မြင်မှုများ ရရှိမည်ဖြစ် ပါသည်။
    အထက်ဖော်ပြေခဲ့သော (၃)ကြင်းဉာဉ်စရိုက်များသည် တစ်နေ့ချင်း သော်လည်းကောင်း၊ (၇)နေ့ဖွား(၃)ကြင်းများသော်လည်း သက်ဆိုင် နေပါသည်။ ဉာဉ်စရိုက်အားလုံးသည် (၃) ကြင်းမဟာဘုတ် တစ်ခုလုံးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ဖော်ပြခဲ့သော ဉာဉ်စရိုက်များကု သိရှိပြီးလျှင် မိမိ၌လိုအပ်နေသော အချက်အလက်များကို ပြုပြင်နေထိုင်ကြမည်ဆိုပါက စိတ်လည်းချမ်းသာ လူလည်း ကျန်းမာ၍ စိတ်သွားတိုင်းကိုယ်ပါလိုရာ ဆန္ဒများ ပြည့်ဝကြမည်ဖြစ်ပါသည်။

(၂)ကြွင်းမဟာဘုတ်

(၂)ကြွင်းမဟာဘုတ်
    မဟာဘုတ်၏ဉာဉ်ဆိုသည်မှာ မိမိတို့၏မွေးရာပါ ပင်ကိုဉာဉ်စရိုက် ပင်ဖြစ်သည်။ ၎င်းင်းဉာဉ်စရိုက်သည် နာမ်ပိုင်းဆိုင်ရာဖြစ်၍ ရုပ်ပိုင်းကို ပုံသေတွက်လို့မရပါ။ တချို့သည် နာမ်က ခိုင်းသမျှကို ရုပ်ကလိုက်လုပ်၍ တချို့လူများသည် နာမ်က ခိုင်းသမျှကို ဦးနှောက်အသိနှင့် ယှဉ်ပြီး လုပ်သင့် မလုပ်သင့် ချိန်ဆကြပါသည်။
    ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာကို ကြည့်၍ လူတစ်ယောက်၏စိတ်ကို အမှန်ယူ၍ မရပါ။ သို့သော်လည်း နာမ်ပိုင်းဆိုင်ရာသည် ရုပ်ပိုင်းဆိုင်ရာအား အဆိုးဉာဉ်များကို ပြုလုပ်အောင် သေသည့်အထိလိုက်၍ နှောက်ယှက်နေဦး မည်ဖြစ်ပါသည်။ အဆိုးဉာဉ်များသည် သေသည့်အထိ ရင်ထဲတွင် ကိန်းအောင်းနေသည်ကို သင်ရော ကျွန်ုပ်ပါငြင်း၍မရပါ။ ရုပ်ပိုင်းကတော့ မိမိဖြတ်သန်းခဲ့သည့် လောက၊ ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ တောတောင် သဘာဝအရ ပြောင်းလဲနေဦးမည်ဖြစ်ပါသည်။
    ယခု ကျွန်ုပ်ဖွင့်ဆိုသွားမည့် (၂)ကြင်း မဟာဘုတ်သည် နာမ်ပိုင်း ဆိုင်ရာ စေ့ဆော်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း ဥပဒေများကိုသာ အဓိကထား၍ဖော်ပြသွားပါမည်။
(၂)ကြင်းအားလုံးတို့သည် ဘင်္ဂနေရာတွင် တနင်္လာဂြိုဟ် (ငွေ၊အကြား)ပျက်နေသည်။ ငယ်ရွယ်စဉ် ကာလတွင် မိဘများသည် ငွေ ကြေးကြယ်ဝပါက(သို့) ဆင်းရဲလွန်းပါက ဘ၀တွင်အသိဉာဏ် ကြယ်သော လူတော် ကလေးများဖြစ်လာကြသည်။ (ငွေ၊အကြား) အပျက်သဘော ကြောင့် ငွေရှိလျှင် ခဏသာဖြစ်၍ ကြားဝါနေထိုင်လွန်းပါက ခဏသာဖြစ် သည်။ (၇)ရက်သားသမီး ဘင်္ဂခွင်နှင့် တွေ့လျှင် တည်ငြိမ်မှုမရှိ၊ တုန်လှုပ် တတ်ကြသည်။ (၂)ကြင်း ငွေများများရှိလျှင် ငွေများများရပေါက် ရှိလျှင် သမာဓိပျက်တတ်သည်။ ကျား/မ အားလုံးရည်းစားအပေါ် ဘယ်လောက် ချစ်ချစ် နောက်တစ်ဦးက ငွေကြေးပြည့်စုံလျှင် နောက်လူနှင့်ညားတတ် သည်။ မိမိတို့၏ ဘင်္ဂခွင်ကိုထိန်းသိမ်းနိုင်ပါက အဓိပတိတွင်ရှိသော (လှုပ်ရှားမှု)အားလုံး အောင်မြင်သည့်ဘ၀ကိုရမည်။ ငွေကြေးလောဘကို သတ်နိုင် ရမည်၊ ငွေရှိလျှင် မှန်မှန်ကန်ကန် အသုံးချတတ်ရမည်။ မိမိ၏ ဘင်္ဂခွင်တွင် အကြားပျက်နေသည်။ ကြားလျှင် ပျက်စီးမည်၊ အရှိကို အရှိ အတိုင်းထားလျှင် အောင်မြင်မည်။ (၂)ကြင်း သောကြာအများစုမှာ မိန်းမ ပျက်များနှင့် ပျော်ပါးတတ်သည်။ (၂)ကြင်း မိန်းကလေးများ အတူနေမိသားစု အပေါ် ဗိုလ်ကျတတ်သည်။ ပြန်ပြောလျှင် ဒေါသအိုးပေါက်ကွဲသည်။
(က) တယူသန်မှု အဆိုး၊ (ခ) ပညာအဆိုး၊ (ဂ) တွေးခေါ်မှု အဆိုး (၂)ကြင်း ကျား/မ အားလုံး၏ မရဏနေရာတွင် ပညာ၊ အတွေးအခေါ် (၅)ဂဏာန်းရှိပါသည်။ (၂)ကြင်း (၂)မျိုးရှိသည်။ အရပ်ရှည်လွန်းသူ (သို့) အရပ်ပုလွန်းသူများသည် တစ်ယူသန် စိတ်ရှိပြီး မရဏဉာဉ်အားကောင်း၍ ကိုယ်ထင်ရာကို လုပ်တတ်ကြသည်။ အသက်ကြီးလေ တစ်ယူသန်စိတ်များ လေဖြစ်သည်။
    (၂)ကြင်းအားလုံးတို့သည် ကိုယ့်သဘောကိုယ့်ဆန္ဒနှင့် အရာရာကို ပြုလုပ်တတ်၍ အမှန်ထက် အမှားများနေသည်။ မိဘပေးစား သူနှင့်မညား ဘဲ ကိုယ်ကြိုက်တာ ကိုယ်ယူတတ်သည်။ မိဘချမ်းသာလျှင် လူဆိုးလူမိုက် ဖြစ်၍ သူယူသော အိမ်ထောင်ဖက်ပါ ဆိုးသည်၊ (၂)ကြင်းမိန်းကလေးများ မာနကြီး ၍ ခေတ်မီဆန်းပြားသော အ၀တ်အစားများကို ကြိုက်နှစ်သက် သည်။ ရပ်ကွက်ထဲတွင် အော်ကျောလံ ကလေးများဖြစ်ကြသည်။ မိဘ ဆင်းရဲလျှင် လူကောင်းသူကောင်းဖြစ်နိုင်သည်။ ရိုးသားကြိုးစား၍ ခေတ်ပညာတတ်များ ဖြစ်ကြသည်။ အရှက်အကြောက်ကြီးမားသည်။ အရှက်မရှိလုပ်လျှင်လည်း သူများထက်သာသည်။
    လောကတွင် ဆရာသမား၊ ဘုန်းကြီး ရဟန်းများနှင့် ကိလေသာရာဂ အားဖြင့် ငြိစွန်းသူများသည် (၂)ကြင်း မိန်းကလေးများ ဖြစ်ကြသည်။
    (၂)ကြင်းကျား/မအားလုံး ဘာသာရေးစကားပြောလျှင် မဟုတ် တာ အကုန်လုပ်သည်။ လေကြောရှည်သည်။ (၂)ကြင်း ကျား/မများ အိမ်ထောင် ကျလျှင် အောက်ပါပုံစံနှင့် အိမ်ထောင်ကျကြသည်က များသည်။
(က) မိမိအိမ်သို့ အ၀င်အထွက်ရှိသောသူများနှင့် (ခ) ဇရပ်၊ ကျောင်းကန် တရားစခန်းများတွင် နေသော သူများဖြစ်ကြသည်။
    (၂)ကြင်းအားလုံး မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်၊ တရားတစ်ဖက်၊ ကိလေသာတစ်ဖက်ဖြစ်သည်။ (၂) ကြင်းများသည် ဘုန်းကြီး၊ ရသေ့၊ ဖိုးသူ တော်၊ သီလရှင်မကြာခဏ၀တ်ကြသည်။ (၂)ကြင်းမများ အိမ်ထောင်ရေး အဆင်မပြေပါက သီလရှင်ဝတ် ကြသည်။ (၂)ကြင်း ကျား/မ အားလုံး ပညာ၊ အတွေးအခေါ်ဆိုးကြောင့် မှားသင့်သည်ထက်လွန်ကျူး၍ မှားမိလျှင် အဆိပ်သောက်၍ သေခြင်း၊ ဆွဲကြိုးချ၍ သေခြင်း၊ ရေထဲခုန်ချ၍ သေခြင်းတို့ဖြင့် သတ်သေသူများသည် ခေတ်ပညာကိုဆုံးခန်းတိုင်အောင် တတ်ကျွမ်း လျှင် လက်အောက်ငယ်သားများအပေါ် မောက်မာစွာဆက်ဆံကြ၏။ ငယ်ရွယ်သူများ ရည်းစားများသည်၊ အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် စိတ်ဆန္ဒအလိုမကျပါက လင်ပြိုင် မယားပြိုင်ထား ကြသည်။ ငွေနှင့်ပတ်သတ်လျှင် လောဘကြီး၍ ငွေရမည်ဆိုလျှင် ဘာမဆိုလုပ်ရဲသည်။ အသက်ကြီးသောအဘိုးကြီး၊ အဘွားကြီးများကိုလည်း ငွေရမည်ဆိုလျှင် အိမ်ထောင်ပြုရဲကြသည်။ (၂)ကြင်းတို့၏စိတ်သည် ပစ္စုပ္ပန်တွင်မရှိဘဲ ပြီးခဲ့သောအတိတ်ကို အာရုံပြုကြသည်။ မရောက်သေး သောအနာဂတ်ကို ကြိုတင်ပူပန်၍ ပြောဆိုလှုပ်ရှားကြသည်။ (၂)ကြင်း အားလုံး စကားပြော ကောင်း၍ သူများအပေါ် နိုင်အောင်ပြောသည်။ (၂)ကြင်း အားလုံး သွက်လက်ဖျတ်လတ်နေလျှင် အထွန်းဥာဉ်ဖြစ်၍ စကားနည်း အေးအေး ကုတ်ကုတ် နေလျှင် မရဏဥာဉ်ဖြစ်သည်။
    (၂)ကြင်း ကျား/မ အားလုံး လုပ်ရဲကိုင်ရဲ၊ သေရဲသောစိတ်ဓာတ် ရှိသည်။ အမှားအမှန်မခွဲခြားဘဲ စိတ်ထင်ရာပြုလုပ်တတ် ကြသည်။ အကြောတက်၊ လိပ်ခေါင်း၊ ဂရင်ဂျီနာများအဖြစ်များသည်။
    (၂)ကြင်း ကျား/မ ငယ်ရွယ်စဉ်တွင် မိဘစိတ်ဆင်းရဲကြရ၏။ မိခင် ကိုပို၍ ဒုက္ခပေးသည်။ (၂)ကြင်းများ ဘိုးတော်၊ မယ်တော်၊ ဘာသာရေး လုပ်ငန်းများကို အရေခြုံ၍ မဟုတ်တာအကုန်လုပ်သည်။
    (၂)ကြင်းများ မိဘ၊ ဆရာများနှင့် တိုင်ပင်ရင်းနှီး၍ အစစအရာ ရာလုပ်ကိုင်လျှင် အောင်မြင်မှုများရရှိကြ၏။ ကိုယ့်စိတ်ကိုယ့် သဘောနှင့် ထင်ရာလုပ်လျှင် ပျက်စီးကြ၏။ မိဘပေးစားသူနှင့်ယူလျှင် ချမ်းသာကြ၏။ (၂)ကြင်းများ အစိုးရ၀န်ထမ်းနှင့် ကိုယ်ပိုင် လုပ်ငန်း(၂)မျိုးစလုံး အကျိုးပေး သည်။ ကြာသပတေးနံများဖြစ်ကြသော (ပ၊ဖ၊ဘ၊ဗ၊မ) လုပ်ငန်းများကျိုးမပေးပါ။
တနင်္ဂနွေနံ အိုးအိမ်၊ အိမ်ထောင်၊ အုပ်စု အထွန်းနေရာတွင်ရှိသဖြင့် (၂)ကြင်းအားလုံးတို့သည် မိမိနှင့်အဆင်ပြေသောသူများကို အိမ်ပေါ်သို့ ခေါ်တင်ကြသည်။ မိဘဆရာသမား တို့ပေးစားသောအိမ်ထောင်နှင့်ယူပါက ဘ၀တွင်မဆင်းရဲဘဲ အောင်မြင်မှုရရှိကြ၏။ မိမိသဘောနှင့်ပြုလုပ်သူများ ဘ၀တွင် ဆင်းရဲမှုများနှင့် ကြုံတွေ့ကြရ၏။ အိမ်ထောင်နှင့်အုပ်စုများအပေါ် စီမံအုပ်ချုပ်လိုသော စိတ် ဓာတ်ရှိ၏။ (၂)ကြင်း ကျား/မမွေးသည့် အချိန်မှ စ၍ သေသည့်အချိန်အထိ ရှာဖွေသမျှပစ္စည်းဥစ္စာများ၊ မိဘ၊ ဆရာသမား များ မစားရ၊ သားသမီးများသာ စားရ၏။(၂)ကြင်းအားလုံး လူတစ်ကိုယ်လုံး စေ့စပ်သေချာနေသည်။ လူတစ် ကိုယ်လုံး အကျဉ်းအကျပ်ထဲရောက်နေသည်။ ရောက်လေ ရုန်းထွက်လိုစိတ် များလေ ဖြစ်သည်။ (၂)ကြင်းများ ရုန်းလျှင် တောထွက်၍ ဘုန်းကြီး ၀တ်ကြသည်။
    မိမိကိုယ်ကို စေ့စပ်သေချာသူဟူ၍ ထင်မှတ်ပြီး အိမ်တွင်း၌ စာရင်း ဇယားများလုပ်ကာ နေကြ၏။ အရွယ်ရောက်သည့်အချိန် တွင် မိဘများ၏ သော့ကိုင်ရာထူးကိုယူပြီး နေအိမ်တွင်း လွှမ်းမိုးကြ၏။(၂)ကြင်းများ ရာဇနေရာတွင် စနေဂြိုဟ်ရှိသည်။ ကျား/မ အားလုံး ထင်ပေါ်လိုစိတ်ရှိသည်။ အထူးသဖြင့် မိသားစုထဲတွင် ပို၍ထင်ပေါ်လိုစိတ် ရှိသည်။ မိမိ၏အောင်မြင်မှုအတွက် သူများကို ခုတုံးလုပ်သည်။ ထင်ပေါ် လိုမှုအတွက် ပွင့်လင်းမှန်ကန်မှုမရှိဘဲ လှည့်ပတ်ကွေ့ကောက်မှုများ ပြုလုပ် ကြလျှင် မရဏနေရာ၏ အတွေးအခေါ်မှားယွင်းမှုများကြောင့် အောင်မြင်မှု မရရှိဘဲ ဖုံးထားသမျှ ပေါ်သည်။ အရှက်လုံးလုံးကွဲသည်။ အိမ်ထောင်ရေးနှင့် ပတ်သက်သော မကောင်းမှု မှားယွင်းမှု ပရိယာယ်ကြယ်စွာ ဖုံးကြသည်။ နီးစပ်ရာသွေးသား၊ သားသမီးများကိုလည်းကောင်း ပူးတွဲရာ လူများအတွက် ဖုံးပေးခြင်းကိုလည်းကောင်း ပူးတွဲရာလူများအတွက် ဖုံးပေးခြင်းနှင့် သားသမီး များ မဟုတ်တာလျှင် ပတ်ဝန်းကျင်မသိအောင် မိဘကဖုံးထားသည်။ ထိုကဲ့သို့မကောင်းသောအလုပ်နှင့်ရာဇကို မှားယွင်းစွာ ပြုကြပါက ကျား၊ မအားလုံးဘ၀တွင် ပြင်၍မရသောမှား ယွင်းမှုများဖြစ်ကြ သောကြောင့် မိမိကိုယ်ကို သတ်သေလောက် သည့်အဖြစ်များနှင့် ကြုံရပြီး လျှင် လူတစ်ကိုယ်လုံးမမြင်အပ်သောနေရာများတွင် ရောဂါများဖြစ်ကြပြီး လူအများရှေ့တွင် အရှက် တကွဲ အကျိုးနည်းဖြစ်ကြရ၏။ မိမိရာဇခွင်ကို တည်ငြိမ်အောင် ပြုလုပ်ကြပါက ဘ၀တိုးတက်မှုရရှိပြီး ရာဇခွင်မတည်ငြိမ်ပါ က ဘ၀တွင် တိုးတက်အောင်မြင်မှုများ နှောင့်နှေးမည်။
(၂)ကြင်းအားလုံး၏ အကုသိုလ်အများဆုံးနေရာသည် ပုတိခွင် ဖြစ်သည်။ ပုတိနေရာတွင် (စိတ်)ရှိသည်။ (၂)ကြင်းအားလုံး၏ စိတ်သည် ပုတိစိတ်ဖြစ်သည်။ ထို့ကြောင့် (၂)ကြင်းအားလုံး နံနက်မိုးသောက်တွင် အလင်းရောင်ရှိသည့်အချိန်၌ ပိပြားစွာ နေထိုင် သလောက် ညအမှောင် ဖုံးကွယ်ရာအရပ်တွင် လူတစ်ကိုယ်လုံး ပုတိစိတ်ရှိ၍ ဆန့်ကျင်ဘက်ဖြစ်ကုန် ကြ၏။ အရှက်အကြောက်ကြီးလေ ပုတိစိတ်များလေဖြစ်သည်။ ကာမဂုဏ်စိတ်သည် ရုပ်တွင်မရှိဘဲ စိတ်တွင်ရှိသဖြင့် (၂)ကြင်းများ သူ့စိတ်သူ့ဆန္ဒ ဖြစ်ပေါ်လာလျှင် မည်သည့်လူမျိုးကိုမှ မရှောင်ဘဲ အိမ်ထောင်ပြုရဲသူများ ဖြစ်သည်။ ကျား/မအားလုံး စိတ်ပိုင်းဆိုင်ရာတွင် ဖုံးကွယ်မှုလုပ်ကိုင်ကြ၏။ အိမ်ထောင်ရေးကိစ္စများတွင် စိတ်မပါလျှင် ဆန့်ကျင်သည်။ မှောင်သော နေရာတွင် ပုတိစိတ်ရှိသဖြင့် အများလူမြင်ကွင်းတွင် အနေတည် သလောက် ကွယ်ရာတွင် ကိလေသာကာမဂုဏ်ကိစ္စများ လွန်စွာလုပ်သည်။ အဓိပတိ တွင်ရှိသော ဘာသာရေးစကား လွန်စွာပြောလျှင် ထိုလူမျိုး ပုတိစိတ်အလွန် များသည်။ (၂)ကြင်း ကျား/မများ လင်သားမျက်ကွယ်၊ ဇနီးသားသမီးများ မျက်ကွယ်တွင် သွားလာလှုပ် ရှားနေထိုင်မှုများရှိပါက အိမ်ထောင်ရေး ရှုပ်ထွေးကြ၏။ ဘာသာရေးကို ခုတုံးလုပ်၍ ပြောဆိုနေထိုင်မှုများ ရှိသော် လည်း တိတ်တိတ် ပုန်းကိစ္စများ လွန်စွာရှုပ်ထွေးကြသည်။ အရွယ်ရောက် သည့် အချိန်မှစ၍ ပုတိစိတ်များရှိကြသဖြင့် အတူနေသွေးသားအုပ်စုများနှင့် ရောထွေး၍ အိပ်စားနေထိုင်ကြပါက ငယ်ငယ်ရွယ်ရွယ်နှင့် လူပျိုရည်၊ အပျိုရည် ပျက်ကြရ၏။    (၂)ကြင်း ကျား/မအားလုံးတို့သည် လွန်စွာ ဘာသာရေးစကားပြော သည်။ လူပုံအလယ်တွင် သူ့ဘ၀တစ်ခုလုံးကို ဘာသာရေး စကားများနှင့် သူသိ၊ သူတတ်၊ သူနပ်စကားများဖြင့် အကာအကွယ်ယူ၍ ဖုံးထားကြ၏။ ငယ်စဉ်က ရွှေထီးဆောင်းခဲ့သည့်အကြောင်း၊ ကောင်းစားခဲ့သည့်အကြောင်း လွန်စွာပြောသည်။ လူတစ်ယောက်သည် သူ၏အဓိပတိကို ရမည်ဆိုလျှင် ဘ၀ကိုစွန့်လွှတ်ရဲကြ၏။
    ထို့ကြောင့် နိဂုံးချုပ်အနေဖြင့် (၂)ကြင်းအားလုံးတို့သည်။ မိမိဘ၀ကို စကားနှင့် လိမ်ညာဖုံးကွယ်ခြင်းကို ရှောင်ပါ။ စကားနည်း နည်းပြောပါ။ လက်တွေ့ကျကျပြောပါ။ အာပေါဓာတ်ကဲ့သို့ မိမိနှင့်တွေ့ကြုံသမျှ လူအများကို လိုက်ရောညီထွေစွာဆက်ဆံပါ။ ဘင်္ဂတွင် ရှိသော မြေဓာတ်ကဲ့ သို့ မာန်မာနများကို လျှော့ပါဟု စေတနာထား၍ တိုက်တွန်းလိုက်ရပါသည်။

(၁)ကြွင်း

(၁)ကြွင်း
    မြန်မာရိုးရာဗေဒင် ပညာ၏မူလအစ မဟာဘုတ်ပညာအကြောင်း ကို အနည်းငယ်ဖော်ပြချင်ပါသည်။ ဗေဒင်ဝါသနာပါသူ အားလုံးသိပြီးသား ဖြစ်သော မွေးဖွားသည့် ခုနှစ်သက္ကရာဇ် ကိုတည်(၇)နှစ်ဖြင့်စားပြီး အကြင်းကို အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲဟု ချရသောအခြေခံသည် လွန်စွာနက်ရှိုင်း သော၊ အင်အား ကြီးမားသော မဟာဘုတ်တစ်ခု အဖြစ်ရပ်တည်နေကြောင်း သာမန်ဗေဒင်အဆင့်ဖြင့် သိရှိနိုင်မည်မဟုတ်ချေ။
    လူတစ်ယောက်၏ မွေးဖွားရာခုနှစ်တွင် ဖြစ်ပေါ်လာသော မဟာဘူတ (မဟာဘုတ်)သည် ဓာတ်လေးပါးနှင့် ဖွဲ့စည်းထားသောရုပ် ကောင်ကြီးပင် ဖြစ်ပါသည်။ သာမန်အားဖြင့် လူတစ်ယောက်မွေးဖွား လာခြင်း၏မူလအစသည် ဆေးပညာအရ မိဘနှစ်ပါးရဲ့တရားတော်မှာတော့ လူတစ်ယောက်မွေးဖွားခြင်းသည် ကံကြောင့်ဟုပြဋ္ဌာန်းထားပါသည်။
    လူတစ်ယောက်မွေးဖွားရန်အတွက် လွန်ခဲ့သော အတိတ်ဘ၀ကကံ (ကံမ္မနိမိတ်)၊ ဂတိနိမိတ်ကြောင့်ပဋိ သန္ဓေဖြစ်ဖို့ ကံဖြစ်ပေါ်လာပြီး ပထမ ရှေးဦးစွာ ကာလလရေကြည်၊ ဒုတိယအမြုတ်၊ နောက်ပြီးတော့ အသားတစ်၊ အဲဒီကနေမှ မိခင်ရဲ့အာဟာရကြောင့်ရုပ်ခန္ဓာကြီးပေါ်လာတာပါ၊ မိမိမွေးဖွား သောနေ့၊ အချိန်၊ ရက်အစရှိတဲ့အရာတွေအားလုံးဟာ အတိတ်က (က)ကြောင့်ဖြစ်ပေါ်လာတာပါ။ (၁)ကြင်းတဲ့ခုနှစ်၊ (၂)ကြင်းတဲ့ခုနှစ်၊ ဒါတွေကိုလည်း ကံကဖန်တီးတာပါဘဲ၊ အမေက အစပ်စားရင် ချက်ကြိုး ကနေ တစ်ဆင့်ပူမယ်၊ စပ်မယ်၊ ရေခဲစားရင် အေးမယ်၊ ဒီသဘောတွေက ဆက်စပ်နေတယ်၊ မိခင်ရဲ့ ဉာဉ်တွေ၊ စရိုက်တွေ၊ စားတာ သောက်တာတွေ မိမိမွေးဖွားမယ့် ကလေးရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းတွေကို တိုက်ရိုက်ဆက်သွယ် နေကြတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ (၄)ပါးကဲပြုပြင်လို့ ဒီရုပ်ကြီး ဖြစ်ပေါ်လာတာပါ၊ ရှေးက ကံအကြောင်းတွေကို ပြန်လေ့လာရင် ဉာဉ်ပညာကွားခြားတဲ့အကြောင်းကို တွေ့ရပါမယ်။
    မိခင်၊ ဖခင်တွေ လောဘ၊ ဒေါသ၊ မောဟ၊ မာနကြီးရင် ကလေးမှာပါ ဒေါသကြီးတတ်ပါသည်၊ အမိဝမ်းထဲက ပဋိသန္ဓေတည်းကတည်းက ကွာခြားပြီးလာခဲ့ပါသည်၊ မိဘတွေက လောဘကြီးရင် မွေးလာတဲ့  ကလေးတွေမှာ ဘ၀တစ်လျှောက်လုံးစီးပွားရှာရခက်ခဲပါတယ်။
    ဒီတော့ မွေးဖွားတဲ့ ရက်၊ လ၊ နှစ်၊ အချိန်အစရှိအရာအားလုံးဟာ တစ်ထပ်တည်းတူနေဦးတော့ ဥတုဗီဇက မတူတော့ လူတစ်ယောက်ရဲ့ကံကို ဘယ်လိုလောကီပညာမျိုးနဲ့မှ အတတ်ဟောလို့မရပါဘူး။ ဗုဒ္ဓရဲ့အဘိဓမ္ဓာ ကျမ်းမှာ မိဘနှစ်ပါးသံဝါသပြုလို့ ကာလရေကြည်တည်ကတည်းက ၀ိဉာဏ်စိတ်၊ စေတသိတ်နဲ့ ကံကြောင့်ဖြစ်တဲ့ ရုပ်ကလပ်စည်း(၃)မျိုးက တစ်ပြိုင်တည်းပေါ်လာပြီး ယောကျောင်္းဖြစ်မယ့်ကံ၊ မိန်းမဖြစ်မယ့်ကံဆိုတာ တစ်ခါတည်း ပေါ်တာပါ။အဲဒီဟာကိုမှ ဗေဒင်မျိုးစုံက ဘယ်ရက်၊ ဘယ်အချိန်၊ ဘယ်နေ့ရယ်ဆိုပြီး လိုက်တွက်ကြ တာပါ။
    ဘယ်ဇာတာက ဗိုလ်ချုပ်ဖြစ်သွားတဲ့ ဇာတာ၊ ဘယ်ဇာတာက ထီပေါက်သွားတဲ့ဇာတာ ဖြစ်ပြီးအကြောင်း အရာတွေကိုမှီပြီးမှ ဗိုလ်ချုပ် ဖြစ်သွားတဲ့ဇာတာနဲ့တူနေလို့၊ ထီပေါက်သွားတဲ့ဇာတာနဲ့တူနေလို့ ဒီကလေး လည်း ဒီလိုပဲ ဗိုလ်ချုပ်ဖြစ်မယ်၊ ထီပေါက်မယ် ခန့်မှန်းတွက်ကြတာပါ။ ကျိန်းသေ၊ ကိန်းသေဆိုတာ မရှိပါဘူး၊ ဟိုမှာက ဗိုလ်ချုပ်ဖြစ်သွားတဲ့ကလေးရဲ့မိခင်၊ ဖခင်တို့ရဲ့အကြောင်းတရားက ရှိသေးတယ်။ ပဋိသန္ဓေ တည်တဲ့အချိန်မှာ မိဘနှစ်ပါးရဲ့စိတ်ခံစားချက်နဲ့ ရှေးဘ၀က ကံအကြောင်း တရားတွေက ရှိပါသည်။
    တစ်နေ့က မိတ်ဆွေတစ်ယောက်က မွေးဖွားခြင်း၊ မဟာဘုတ်နဲ့ ပဋိသန္ဓေစိတ်အကြောင်းတရားတွေကို ကျွန်ုပ်နဲ့ ဆွေးနွေးဖြစ်ကြသည်။ သူက ပြောပါတယ်။ ထင်ရှားတဲ့ ဆရာတော်ကြီးတွေဟာ လယ်သမား သားသမီး တွေကဖြစ်ကြတယ်တဲ့။ ဟုတ်ပါတယ်။ အမိ၊ အဖကလယ်သမားတွေပဲ။ မြို့ကလူတွေလို အာရုံခံစားမှုသိပ်မများကြဘူး။ တီဗွီတွေ၊ ရေခဲသေတ္တာ၊  ကာရာအိုကေ၊ နိုက်ကလပ်၊ အလှအပနဲ့ အပျော်အပါးမျိုးစုံတွေ သူတို့လယ်သမားဘ၀မှာ မတောင့်တကြပါဘူး၊အဲဒီတော့ လောဘ၊ ဒေါသ၊ မောဟတွေ နည်းပါတယ်။ အာရုံ (၆)ပါးအတွက် ထိခိုက်မှု များလေလေ လောဘ၊ ဒေါသတွေများလေပါဘဲ။ ဒီတော့ ဥတုဗီဇစဖြစ်ကတည်းကိုက ဒီတပ်မက်မှုတွေနည်းတဲ့ လယ်သမားမိသားစုမှာ သန္ဓတည်တယ်။ ဒီတော့ မွေးလာတဲ့ သားသမီးတွေမှာ လောဘတွေ၊ ဒေါသတွေနည်းနေတယ်၊ ဒါက ဗုဒ္ဓရဲ့မဟာပဠာန်းကျမ်းထဲမှာ ဆိုထားတာပါ။
    ပရွတ်ပျံတွေလာရင် မနက်နေပူမယ်၊ ဖားအော်ရင်မိုးရွာမယ် ဆိုတာက ဥတုနိယာမပါ။ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ဥတုနိယာမနဲ့ လူတစ် ယောက်ရဲ့ ကံဇာတာ ကံ၊ကမ္မနိမိတ်ကို ဆက်စပ်ပြီး ယူလို့မရပါဘူ။  ပထမဗိုလ်ချုပ်ဇာတာနဲ့ တူနေပေမယ့်လည်း ဒီကလေးရဲ့မိဘနှစ်ပါးရဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရဆိုတဲ့အကြောင်း(၄)မျိုးဟာ တူချင်မှတူမှာပါ။
    မြတ်စွာဘုရားနဲ့ တစ်ချိန်တည်းမှာမွေးတဲ့ ဖွားဖက်တော်တွေကို လေ့လာလို့ရပါတယ်။ တစ်ချိန်တည်းမှာမွေးပေမယ့်လည်း အားလုံးဟာ ဘုရားမဖြစ်ကြပါဘူး။
    မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာမှာ ဒါတွေကိုမတွက်ပါဘူး။ မိမိမွေးဖွားလာတဲ့ မဟာဘုတ် (ဓာတ်လေးပါးအဖွဲ့အစည်း) ရဲ့ စိတ်ဖောက်ပြန်မှု (အဆိးုဉာဉ်) တွေကို ရှာဖွေပြီး အဲဒီတွေရှိလာတဲ့အဆိုးတွေကို ကောင်းအောင်ပြုပြင်နေထိုင်သွားကြရုံပါပဲ
    အဲဒီတော့ ပစ္စုပ္ပန်တည့်တည့်ကိုပဲကြည့်ရမယ်။ ပစ္စုပ္ပန်မှာ ကောင်းအောင်နေထိုင်သွားမယ်ဆိုရင် နောင်အနာဂတ်မှာ ကောင်းလာ မှာပါပဲ။ ယနေ့ကံကောင်းနေသူကိုကြည့်ရင် ဉာဏ်ကောင်းနေတာ တွေ့ကြရ ပါလိမ့်မည်။
    ကျွန်ုပ် ယခုဖွင့်ဆိုသွားမည် မဟာဘုတ်ပညာခန်းသည် မွေးဖွားရာ ခုနှစ်သက္ကရာဇ်ကိုတည်ပြီး (၇)ဖြင့်စား၍ ရရှိသောအကြင်းတို့ကို (၁)ကြင်း မဟာဘုတ် (၂)ကြင်းမဟာဘုတ်အစရှိသော မဟာဘုတ်ခွင်များ၏ အဋ္ဌလက်ခွင်အကွက်တွင်ရှိသော ကိန်းဂဏန်းများ၏ သဘောသဘာဝနှင့် ဆိုးခြင်း၊ ကောင်းခြင်း၊ ဆန့်ကျင်ဘက် သဘော နှင့် ပစ္စုပ္ပန်တည့်တည့်တွင် မိမိ၏မသိစိတ်နှင့် ကိန်းအောင်းနေသော မာရဏဉာဉ်(အဆိုးဉာဉ်) စိတ်များကိုကောင်အောင်ပြုပြင်ပြီး နေထိုင်သွားကြပါက လောကတွင် လူကောင်း၊ စိတ်ကောင်း၊ ဉာဏ်ကောင်း၊ ကောင်း(၃)ကောင်းနှင့်ပြည့်စုံကြပြီး လျှင်ကံကောင်းသောမဟာလူသားများအဖြစ် ရပ်တည်နေထိုင်သွားနိုင်ကြ မည်ဖြစ်ပါသည်။
(၁)ကြင်းသောခုနှစ်တွင် မွေးဖွားသော (၇)နေ့သားသမီးများနှင့် သက်ဆိုင်ပါသည်။ (ဘင်္ဂ) အကွက်တွင်(၁)ဂဏန်းရှိနေပါသည်။ (၁)ဂဏန်း၏အဓိပ္ပာယ်မှာ အိုး၊ အိမ်၊ အိမထောင်၊ အုပ်စု၊ အလုပ်၊ ကျောင်းအစရှိသည်တို့ဖြစ်ပြီး၊ ဘင်္ဂ၏အဓိပ္ပာယ်မှာ မတည်ငြိမ်ခြင်း၊ ပျက်စီးခြင်း၊ ပြောင်းရွှေ့ခြင်း အစရှိသည်တို့ဖြစ်ပါသည်။ဘင်္ဂ၏အဓိပ္ပာယ်မှာ ပါဠိစကားဖြစ်ပြီး တိုက်ရုက်အဓိပ္ပာယ်မှာ (အပျက်) ဖြစ်သည်။ထို့ကြောင့်(၁)ကြင်း မဟာဘုတ်ခွင်တွင် ကြည့်ပါက ဘင်္ဂနေရာတွင် တနင်္ဂနွေဂြိုဟ်ရှိသည်။ ၎င်းင်းဘင်္ဂဂြိုဟ်သည် သက်ဆိုင်ရာ မဟာဘုတ်ရှင်တို့၏ အမိဝမ်းမှကျွတ်သည့်အချိန်မှစ၍သတ်မှတ်ရမည်။ ဘ၀တစ်ခု၏ အစကာလဖြစ်သည်။ ထို့ကြောင့်ဘင်္ဂခွင်သည် လွန်စွာအရေး ကြီးသည် ဘ၀၏အစသည် အပျက်နှင့်စသည်၊ ရုပ်တရားတို့သည်(အဖြစ်) နှင့် စ၍ (အပျက်)နှင့်ဆုံးသည်။ နာမ်တရားတို့သည် (အပျက်) နှင့်စ၍ (အဖြစ်)နှင့်ဆုံးသည်။ (၁)ကြင်း ကျား၊မအားလုံးတို့သည် မွေးဖွားသည့် အချိန်မှစ၍ အမိဝမ်းမှကျွတ်သည်နှင့် အိုးအိမ်၊ အိမ်ထောင်၊ အုပ်စုပျက် စီးနေသည်။ ထို့ကြောင့် (၁)ကြင်းနှစ်မွေးသောသူတို့သည် ငယ်ရွယ်စဉ် ကာလတွင် အမိ၊ အဖများ၊ အိမ်ခြေရာခြေမမြဲခြင်း(သို့) အလုပ်အကိုင် မမြဲခြင်း၊ မိဘများ စိတ်အခန့်မသင့်၍ ကွဲကွာနေခြင်း၊ ဆွေမျိုးအုပ်စုများနှင့် ကွဲကွာနေသောအချိန်ဖြစ်နေခြင်း။ ၎င်းင်းကာလမျိုးတွင် မွေးဖွားလာကြသည်။ တနင်္ဂနွေသည် အန္တောဓာတ်တွင် မီးခဲဓာတ်အပျက်နေရာတွင်ရှိသည်။ မီးသည် အပူဓာတ်ဖြစ်ပြီး အပူကို လူတွေကြောက်ကြသည်။ ထို့ကြောင့်(၁) ကြင်းတို့သည် မိဘညီအစ်ကိုမောင်နှင့်များ၏ချစ်ခင်မှုကို မရကြချေ။ ကလေးဘ၀တွင် အပြင်လူများက ပို၍ချစ်ကြသည်။ကျောင်းနေစဉ်ခဏတွင်အသိဉာဉ်မဖွံ့ဖြိုးသေးသဖြင့် အပေါင်းအသင်း၊ မိတ်ဆွေတို့သည် လူကောင်းများဖြစ်ခဲ့သည်။ ခံစားချက်ခြင်းတူညီသော လူဆိုး၊ လူပေများနှင့် ပေါင်းသင်းကြသည်။ (၁)ကြင်းများခေတ်ပညာတတ်ဖြစ်သည်ကနည်းသည်။ သို့သော်လည်း ရဏဉာဉ်အားများကို ပယ်သတ်နိုင်သောသည် ခေတ်ပညာ တတ်ပါက သူမတူအောင်ထူးချွန်သည်။
    (၁)ကြင်းမွေးဖွာသော ဇာတာရှင်များအိမ်ထောင်ပြုကြလျှင် မိမိထက်ငယ်သူ(သို့) ရွယ်တူများနှင့်ပြုကြပါက အိမ်ထောင်ရေးမတည်ငြိမ်ဘဲ အိမ်ထောင်ဆက်များကြမည်။ မိမိထက်အသက်ကြီးသောသူနှင့် ပူးတွဲနေထိုင်သော (၁)ကြင်းများလွန်စွာဘေးအန္တရာယ်ကြီးမားသည်(၁)ကြင်း (ဘင်္ဂ) ဉာဉ်အားကြီးမားသောသူများ ငယ်စဉ်အခါတွင် လွန်စွာရည်းစား များကြသည်။ အုပ်စုအပျက်သဘောကြောင့်လည်း ဆွေမျိုးအုပ်စုနှင့် မတည့်ခြင်း၊ ပူးတွဲ၍နေထိုင်လို့မရကြပေ။
    (၁)ကြင်းအများစုသည် နေအိမ်အဆောက်အအုံများကို ပူးတွဲ၍ နေထိုင်ကြသည်။ နေအိမ်တွင်မှာလည်းတစ်ဦးနှင့်တစ်ဦး အတိုက်အခိုက်၊ အပြိုင်အဆိုင်များဖြစ်နေကြသည်။ မိမိ၏ အိမ်ထောင်ဘက်နှင့်လည်း သူမှန်၊ ကိုယ်မှန်နှင့် တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်၍ အမြဲမတည့်ကြချေ။ အိမ်ထောင် ဖက်နှင့် မကြာခဏကွဲလိုက် ပေါင်းလိုက်ဖြစ်နေကြ၏။ ထို့ကြောင့်(၁) ကြင်းအားလုံးတို့သည် အိမ်ထောင်ရေးတည်ငြိမ်အောင် ထိန်းသိမ်းရန်လို သည်။ မိမိဘ၀တွင် (ဘင်္ဂ) ကို ပျက်ပြီးသည်ဖြစ်စေ၊ မပျက်သေးသည်ဖြစ်စေ တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ပါက ဘ၀တွင်လွန်စွာတိုးတက်မည်။ ဘင်္ဂကိုနိုင်လျှင် အဓိပတိကိုရရှိပါမည်။
    ၁။ ငယ်စဉ်အခါတွင် ကျောင်းခဏခဏမပြောင်းဘဲတည်ငြိမ်မှုရှိလျှင် အဓိပတိတွင်ရှိသော ပညာတတ်မည်။
    ၂။ ငယ်စဉ်အခါတွင် ရည်းစားခဏခဏမပြောင်းဘဲ၊ ကျောင်းစာ ကိုသာ ကြိုးစားပါက အဓိပတိတွင်ရှိသော ပညာတတ်မည်။    ၃။ ဒုတိရအရွယ်တွင် ဘင်္ဂတွင်ရှိသော အိမ်ထောင်တည်ငြိမ်မှုရှိပါက အဓိပတိတွင်ရှိသော မြေပိုင်၊ ယာပိုင်ရရှမည်။
    ၄။ အုပ်စုများနှင့် ပူးတွဲမနေပါက တိုးတက်မည်။
    ၅။ (၁) ကြင်း (ဘင်္ဂ) နေရာအပျက်ကို ဆန့်ကျင်၍ အလုပ်အကိုင် များကို မကြာခဏမပြောင်းဘဲ တည်ငြိမ်စွာနှင့် တစ်ခုကောင်းပြုလုပ်ပါက ကြီးပွားချမ်းသာမည်။
    ၆။ သွေးသားအုပ်စုများနှင့် ပြသာနာမတက်ဘဲ၊ …၎င်းင်းအုပ်စုများကို တတ်နိုင်သ၍ ထောက်ပံ့ပါက ၍မိမိတွင်အုပ်စုမပျက်တော့ပါ။(မရဏ)ဆိုသည့်စကားမှာ ပါဠိစကားဖြစ်၍သေဆုံးခြင်းဟု အဓိပ္ပာယ်ရပါသည်။ မရဏဆိုသည်မှာ မွေးသည့်နေ့မှ သေဆုံးခြင်း တိုင်အောင် ရုပ်တရား၊ နာမ်တရားအားလုံးတို့အား  နှစ်မျိုးစလုံးကို မကောင်းသောလွန်စွာအကုသိုလ်ကြီးမားသော (ကိုယ်၊ စိတ်၊နှုတ်) (၃)ပါးစလုံးတို့ကို ဖြစ်စေတတ်သော စေ့ဆော်မှုကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ နာမ်စရိုက်ဟူ၍ခေါ်သည်။ မာရဏဆိုသည်မှာ လူသား အားလုံးတို့အား အထူးဒုက္ခပေးသောနေရာဖြစ်သည်။ (၇)နေ့သား သမီးတို့သည် မိမိတို့၏ ကိုယ်၊ စိတ်၊နှုတ် (၃)ပါးလုံး၊ ၎င်းင်းတို့၏ မရဏနေရာ တွင် သူ၏အကျင့်စရိုက်များနှင့် ပုံဖော်ထားကြ၏။
    (၁)ကြင်း၏ မရဏအကွက်ရှိအဓိပ္ပာယ်မှာ ချူချာခြင်း၊ ပျော့ညံ့ခြင်း၊ အားမရှိခြင်း၊ သည်းမခံနိုင်ခြင်း အစရှိသည်တို့နှင့် ဗုဒ္ဓဟူးဂြိုဟ်၏ အဓိပ္ပာယ်မှာ (လူ) လူတစ်ကိုယ်လုံးအစရှိသော ပရိယာယ်နှစ်ခုပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဉာဉ်စရိုက်ပင်ဖြစ်ပါသည်။
    ထို့ကြောင့် (၁)ကြင်း ကျား၊ မတို့သည် လူတစ်ကိုယ်လုံးဆိုး၍ သူနှင့် (ဗဟိဒ္ဓ)ဖြစ်သော လူအားလုံးတို့သည် သူ့ကြောင့် လူဆိုးများဖြစ်ကုန်ကြ၏။ (၁)ကြင်းအားလုံးတို့သည် မိဘ၊ ဆရာ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမ၊ လူအားလုံး အကျိုးမပေးပါ။
    (၁)ကြင်းခုနှစ်တွင် မွေးဖွားသူတို့သည် မိဘများစီးပွားပျက်ချိန်၊ ဒုက္ခရောက်ချိန်တွင် မွေးဖွားကြ၏။(၁)ကြင်း တနင်္ဂနွေသားသမီးများ မိဘလက်ထက်တွင် မကြီးပြင်းဘဲ ညီအစ်ကိုမောင်နှမ ဦးလေး၊ အဒေါ် သားချင်းတို့နှင့် ကြီးပြင်းကြ၏။ မိဘနှင့် အတူနေသာ (၁)ကြင်းတို့တွင် သီးခြားစရိုက်၊ ဟန်ပန်ရှိကြ၏။
    ပညာသင်ကြားနေစဉ် (လူမရဏ)နှင့် လူအဆိုး အကျိုးပေးသော ကြောင့် လူဆိုး၊ သူခိုးများကို ခင်တွယ်ပေါင်းသင်းနေမိခြင်း၊ အရက်၊ ဖဲ၊ လောင်းကစားသမားများကို ပေါင်းသင်းမိခြင်း၊ ကျား၊ မ ပညာရေးဆုံးခန်း မတိုင်ခင် အိမ်ထောင်ကျခြင်း၊ လူအဆိုးကြောင့် တစ်ခုလပ်၊ မုဆိုးဖိုများနှင့် အိမ်ထောင်ကျခြင်း၊(၁)ကြင်းများသည် အများအားဖြင့် အိမ်ထောင်ကျပြီး အစောပိုင်းကာလအထိ ကိုယ်နေချင်သလို နေထိုင်တတ်ကြ၏။ (၁)ကြင်း နှစ်မျိုးရှိသည်။ တစ်မျိုးသည်ဘာသာရေးလိုက်စားပြီး ယဉ်ကျေးသိမ်မွေ့၏။ နောက်တစ်မျိုးသည် ဘာသာရေးမလိုက်စားဘဲ စရိုက်ကြမ်း၏။
    ကျား၊ မ အားလုံးတို့သည် မရဏဉာဉ်အားကောင်းကြပါက ငွေရ လျှင်ပြီးရောစိတ်နှင့် ကောင်းမှု၊ မကောင်းမှု၊ မရွေးတော့ဘဲ လုပ်ကိုင်စား သောက်ကြသဖြင့် လူဆိုး၊ လူမိုက်များဖြစ်ကုန်ကြ၏။ မရဏဉာဉ် အားကောင်းကြပါက လုံချည်အပေါက်၊ အဖာနှင့်ဝတ်ဆင်ကြရ၏။ (၁)ကြင်းများအားလုံးတို့သည် လူတစ်နှင့်ကြာမြင့်စွာ မပေါင်းကြဘဲ ကောက်ရိုးမီးပမာခဏသာပေါင်းသင်းကြ၏။ မရဏခွင်တွင် (၄)ဂဏန်း၊ဗုဒ္ဓဟူးဂြိုဟ်ရှိသဖြင့် လူစုလူဝေးအဖွဲ့အစည်းနှင့် ပက်သက်သောလုပ်ငန်းများ လုံးဝအကျိုးမပေးပါ။ ရေနှင့်ပက်သက်သော သင်္ဘောသားလုပ်ငန်းများ အကျိုးမပေးပါ။ ရေနှင့်ပက်သက်လျှင် သေသည်အထိဖြစ်ကြ၏။ ရေဓာတ်နှင့် လေဓာတ်မှာ မရဏကျသဖြင့် လေဖြတ်သောရောဂါဖြစ်ကြ ရ၏။ လူအဆိုးဘဘောကြောင့် ရုပ်ရှင်လုပ်ငန်း၊ အတီး၊ အမှုတ်၊ အက၊အခုန်လုပ်ငန်းများအကျိုပေးပါ။
    အစိုးရလုပ်ငန်းများ အကျိုးမပေးပါ။ ကျား၊မ အားလုံးတို့သည် လူအဆိုးသဘောကြောင့် ရုပ်ရည်ချောမောလှပကြ၏။ ရည်းစားများခြင်း၊ အိမ်ထောင်ဆက်များခြင်း၊ လူကိုအရင်းတည်ရသော ပြည့်တန်ဆာလုပ်ငန်း များနှင့် သိုက်တူးသောအကျင့်ရှိသူသည် မာရဏဉာဉ်အားကြီးသူများ ဖြစ်ကြ၏။ ၀က်သားနှင့်မတည့်ပါ။ ရေချိုးမှား၍ရောဂါရတတ်၏။
    (၁)ကြင်းသော မဟာဘုတ်၏ မာရဏမှာ (လူ)ဖြစ်သာကြောင့် လူအများနှင့် မိမိတစ်ယောက် (အများနှင့်တစ်ယောက်) ဇာတာဖြစ်ပါသည်။(အထွန်း)ဉာဉ်ဆိုသည် မဟာဘုတ်ပိုင်ရှင်အားလုံးတို့သည် မွေး သည့်နေ့တိုင်အောင် တိုးတက်ထွန်းကားအောင် ပြုလုပ်နေကြခြင်းဖြစ်သည်။ သို့သော် လူသားအားလုံးတို့သည် အသိမဲ့၍လုပ်နည်းမမှန်သောကြောင့် မထွန်းသည့်အပြင်စိုက်သွားသည်။ အထွန်းဉာဉ်၏မူလအဓိပ္ပာယ်မှာ ထင်ပေါ်လောဘ၊ စပ်စုမှုဖြစ်သည်။ (၁)ကြင်း၏အထွန်းခွင်တွင် (၀)ရှိသည့်အတွက်စနေ၏ပရိယာယ်မှာ ထင်ပေါ်စပ်စုပင်ဖြစ်သည်။ထို့ကြောင့် ထင်ပေါ်နှစ်ထပ်၊ စပ်စုနှစ်ထပ် ထပ်ဖြစ်ပါသည်။
        ဆိုလိုသည်မှာ လူသားတိုင်း မိမိ၏အထွန်းခွင်အား လောဘကြီးမားထင်ပေါ်လိုစိတ်နှင့် နေရာတကာစပ်စပ်စုစုပြုလုပ် နေကြခြင်းဖြစ်သည်။ ထွန်းအောင်လုပ်လေ ကျဆင်းလေဖြစ်သည်။ အထွန်းခွင်ကို ဥပက္ခာပြုရမည်။ မိမိ၏အထွန်းခွင်ကို ဥပက္ခာပြုနိုင်လျှင် ပို၍အောင်မြင်မည်ဟု သေချာပေါက်မှတ်ယူပါ။ အထွန်းသည် မွေးရာ ပါပင်ကိုယ် အကျိုးပေးဖြစ်သည်။ ပင်ကိုယ်အကျိုးပေးကို လုပ်ယူ၍မရပါ။ (၁)ကြင်းအားလုံးထင်ပေါ်လိုမှုအထုပ်အထည် (စနေ) ဂဏန်း အထွန်းတွင် ရှိသည့်အတွက် လူ့လောက လူပုံအလယ်တွင် အနီးမဝေးပတ်ဝန်းကျင်တွင် သူ့တစ်ကိုယ်လုံးထင်ပေါ်လိုစိတ်အမြဲရှိသည်။ ထင်ပေါ်လိုမှု အနုသယဓာတ် ကြောင့် (၁)ကြင်း ကျား၊မ အားလုံးထင်ပေါ်လိုသော စိတ်ဓာတ်ရှိသ်ည်။ (၁)ကြင်းစနေမှာ ထင်ပေါ်လိုစိတ်တွင် အဆိုးဆုံးဖြစ်ပါသည်။သိုက်ဆိုသည်မှာ လွဲမှားသော ကိစ္စရပ်များကို စေ့စေ့စပ်စပ်သေသေ ချာချာ၊ အကွက်စေ့စေ့အမှားများပြုလုပ်နေကြသည် (၁)ကြင်းများသည် (စိတ်)စေ့စပ်သေချာသည်။
    (သိုက်) ခွင်သည် အလိုချင်ဆုံးအရာ၍ အခက်ခဲဆုံးသော နေရာဖြစ်ပါသည်။ (၁)ကြင်းများသည် စိတ်ချမ်းသာမှုကိုလိုချင်ကြသည်။ သို့သော်လည်း စိတ်ချမ်းသာမှုသည် တဒင်္ဂသာဖြစ်သည်။ (၁)ကြင်းအားလုံး တို့သည် အနာဂတ်ကို တွေးတောပူပန်လိုစိတ်နှင့် ပုံစံဇယားချကာ ပူပင်ကြံစည်ကြသည်။ စိတ်သည်ကျဉ်းကျပ်ခက်ခဲနေသည်။ စိတ်လွတ်လပ်မှု ကို ရှာဖွေကြသည်။ ရှာလေခက်ခဲလေဖြစ်သည်။ (၁)ကြင်းရုန်းလျှင် အကုန်ရုန်းသည်။
မွေးဇာတာ မဟာဘုတ်တွင် ရုပ်၊ နာမ်နှစ်ပါးရှိသည့်အနက် နာမ်ခိုင်း သမျှကို ရုပ်ကလိုက်၍လုပ်ကြရ၏။ နာမ်ခွင်များကိုနိုင်နင်းအောင် ကျင့်သုံးနိုင်လျှင်ရုပ်ခွင်များ၏ ဒုက္ခဘေးမှကင်းလွတ်မည်။ ရာဇကို နိုင်လျှင်ရာဇ၏ဒုက္ခဘေးမှ ကင်းလွတ်မည်။ ပုတိကိုနိုင်လျှင် ဘ၀ကို တိုးတက်နိုင်သည်။ အဓိပတိကိုနိုင်လျှင် (ဘင်္ဂ) အပျက်ဘေးမှ လွတ်ကင်း မည်။
    မရဏ၊ ပုတိနှင့် ရာဇဖွားများအားလုံးတို့သည် ဉာဏ်သမားများ ဖြစ်ကြ၏။ (၁)ကြင်းအားလုံးတို့၏ ရာဇခွင်ကိုကြည့်ပါက ရာဇဆိုသော စကား၏အဓိပ္ပာယ်မှာ (မင်းလိုကြယ်)၍ မိမိပြုလုပ်လိုသော ဆန္ဒအလုပ် တစ်ခုကို တိုက်ရိုက်မပြုလုပ်ကြဘဲ လှည့်ပတ်ကွေ့ကောက်ပြုလုပ် တတ်သည့်သဘောသဘာဝနှင့် မမှန်ကန်သည့်သဘောသဘာဝနှင့် မမှန်ကန်သည့်သဘောပင်ဖြစ်သည်။ အကြင်း(၇)ပါးတွင် ရာဇခွင်နှင့် ကင်းလွတ်သူဟူ၍မရှိပါ။ ရာဇနှင့်အကြောင်းအကျိုးဆက်စပ်နေသော (မရဏ) ခွင်၏ခိုင်းသမျှကို ရာဇခွင်မှလိုက်လုပ်ကြ၏။
    နာမ်၏ခိုင်းစေသမျှကို ရုပ်ကလိုက်၍လုပ်သော် ရုပ်ဒုက္ခရောက်ရ၏။(၇)ရက်သားသမီးများ သက်တမ်းစေ့မနေရဘဲ၊ အရွယ်မတိုင်ခင်သေဆုံးရခြင်း၏အကြောင်းတရားသည် (ရာဇ) ခွင်၏လုပ်ရပ်များကြောင့်ဖြစ်ပါ သည်။ (၁)ကြင်းများကိုကြည့်ပါက (ရာဇ) အိမ်တွင် (သောကြာ)ဂြိုဟ် ရပ်တည်နေပါသည်။ သောကြာ၏ပရိယာယ်မှာ (စကား၊ခရီး) ဖြစ်သော ကြောင့် ကျား၊မ အားလုံးစကားကို လှည့်ပတ်၍ပြောဆိုကြသည်။ သွားလာ လှုပ်ရှားမှုများ၊ လှည့်ပတ်ကွေ့ကောက်ကြ၏။ ပြောဆိုမှုနှုတ်လွယ်သည်။ ကတိပေးလွယ်သည်။ (၁)ကြင်းများသည် လှုပ်ရှားမှုကို ပုံမှန်မလှုပ်ရှားဘဲ အခြေအနေကြည့်၍ လှုပ်ရှားကြ၏။ စကားပြောလျှင် ဦးတည်ချက် ပျောက်နေကြ၏။ စကားပြောရာတွင် လိုရာမရောက်ဘဲ အဓိပ္ပာယ် ပေါ်လွင်အောင်ရှင်းရှင်းလင်းလင်းမပြောဘဲ ဝေ့၀ိုက်၍ပြောဆိုတတ်ကြ၏။ တစ်ဖက်သားမှ သူတို့၏စကားကို နားမ၀င်ပါ။ စကားပြောရာတွင် ရှင်းလေ ရှုပ်လေဖြစ်၏။ စကားကြောင့် သင်္ကာရှင်းရ၏။ ရာဇခွင်၏စရိုက်များ ကိုမရှောင်နိုင်ကြပါက ငယ်ငယ်ရွယ်ရွယ်နှင့် လေဖြတ်ကြရ၏။ ထို့ကြောင့် (၁)ကြင်းမဟာဘုတ်ပိုင်ရှင်များသည် စကားကို အမှန်တိုင်းပြောဆိုပါ။ နှုတ်ချိုပါ။ ကတိတည်ပါစေ။ စကားစကားများများမပြောရ။ မဟုတ်တာ ပါမည် တစ်နေရာထဲတွင် တည်ငြိမ်စွာလုပ်ကိုင်စားသောက်ပါ။ လုပ်ငန်း မတည်ငြိမ်ခြင်းများသည် မရဏ၏ခိုင်းစေချက်များကို ရာဇမှလိုက်လုပ် နေခြင်းဖြစ်သည်။ (၁)ကြင်းများ အိမ်လည်သော် ရာဇဉာဉ်အဆိုးဖြစ်၏။(၁)ကြင်း မဟာဘုတ်ခွင်၏ ပုတိနေရာတွင် တနင်္လာဂြိုဟ် (၂)ဂဏန်းရောက်ရှိနေပါသည်။ပုတိဆိုသည့် ပါဠိစကား၏အဓိပ္ပာယ်မှာ (အပိုဒ်) ဓာတ်ဖြစ်ပါသည်။
    ဖုံးကွယ်ခြင်း၊ ပျောံ့ညံ့ခြင်း၊ မကျော်စောသင့်သော အရာများတွင် ကျော်စောခြင်းများသည် ပုတိခွင်၏အဓိပ္ပာယ်များဖြစ်သောကြောင့် (၁) ကြင်း၏ပုတိခွင် (ငွေ) အကြားရောက်ရှိနေသောကြောင့် ဖုံးကွယ်၍ရရှိသော ငွေကိုလွန်စွာမက်မောသည်။ အိမ်ထောင်ရေးကိစ္စများတွင် စီးပွားတွက်၊ တွက်၍အိမ်ထောင်ပြုသည်။ ဆန့်ကျင်ဘက်လိင်အပေါ်တွင် ချူစား၊ မြှောက် စားသည်။ ဘ၀တွင် ငွေကြေးပြတ်လတ်၍ဆင်းရဲကြခြင်းမှာ မယူသင့်သော ငွေများကို ယူမိသောကြောင့်ဖြစ်ပါသည်။ မမှန်ကန်သော စီးပွားရေး ဖြတ်လမ်း များကိုလုပ်ဆောင်မိကြပါက လွန်စွာအန္တရာယ်ကြီးမားသည်။(၁)ကြင်းမဟာဘုတ်၏ အဓိပတိနေရာတွင်(၅) ဂဏန်းပညာ အတွေးအခေါ်ရောက်ရှိနေသောကြောင့် မူလအဓိပတိနေရာအကွက်ရှိ ဘ၀င်မြင့်ခြင်း၊ မာနကြီးခြင်းတို့နှင့် ပေါင်းစပ်လိုက်ပါက
    (၁)ကြင်းများသည် လူပုံအလယ်တွင် မိမိ၏အတတ်ပညာများ၊ အတွေးခေါ်များကို အသုံးချလေ့ရှိသည်။လူအများရှေ့တွင် အရာရာကို တတ်သိလေမာန်နှင့် ခပ်တည်တည်နေလေ့ရှိသည်။ (၁) ကြင်း မဟာ ဘုတ်ပိုင်ရှင်များသည် ပညာစစ်၊ ပညာမှန်ကို တကယ်တတ်အောင် ကြိုးစားပါက ဘ၀တွင်လွန်စွာအောင်မြင်ကြ၏။
    အဓိပတိခွင်သည် ဆန္ဒာအဓိပတိ၊ စိတ္တာအဓိပတိ၊ ၀ီရိယာအဓိပတိ၊ ၀ီမံသာအဓိပတိဟု ဆိုအပ်သော အဓိပတိ(၄) ပါးတို့ဖြင့် မိမိ၏မယာ ဘုတ်အကြင်းစရိုက်နှင့်သက်ဆိုင်သောအဓိပတိကို ပစ္စည်းလေးပါး ကပ်၍ကြိုးစားကြပါက ဘ၀တွင်အောင်မြင်မှုများရရှိကြရမည်ဖြစ်၏။
    နိဂုံးအနေဖြင့်ဆိုခဲ့ပြီးသော မဟာဘုတ်အကွက်များ၏အဓိပ္ပာယ် များကို သေချာစွာလေ့လာပြီး မကောင်းသော ဉာဉ်စရိုက်များကိုသိရှိ ကြပြီးလျှင် မိမိတို့၏အားနည်းချက်၊ အားသာချက်များကို ပြုပြင်နေထိုင်ကြပါ ကရရှိပြီးသော လူ့ဘ၀တစ်ခုတွင် အကုသိုလ်ကင်းစွာနှင့် ဘ၀ကိုနိဂုံးချုပ် နိုင်မည်ဖြစ်ကြောင်း အကြောင်းတရားများကို ကောင်းမွန်အောင် ပြုလုပ်နိုင်ကြပါက အကျိုးတရားးများသည်လည်း သူ့အလိုလိုကောင်းမွန်လာ မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာ

         မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာ
မဟာဘုတ်တွက်နည်း
    မိမိမွေးဖွားသော ကောဇာသက္ကရာဇ်ကိုတည် (၇)နှင့်စား အကြင်းကို ဘင်္ဂခွင်မှစ၍ချ အောက်ပါအဆိုနှင့်ချရမည်
    ““ အောင်လံထူစစ်သူကြီးပွဲ ”” ၎င်းင်းအဆိုကို ရှင်းအောင်ဂဏာန်းနှင့် တွဲ၍ ပြရသော် အောက်ပါအတိုင်းဖြစ်၏။ မိမိအကြင်းက တစ် ဖြစ်လျှင် ဘင်္ဂတွင် ၁ ကစ၍ ချပြီးပြထားသည့် ပုံစံအတိုင်း ချ၍သွား မိမိအကြင်းက ၂ ဖြစ်လျှင် ၂ ကစ၍ချ ဥပမာ မိမိသည် ၁၃၃၁ ခု မွေးသည်ဆိုကြပါစို့ ၎င်းင်းနှစ်ကိုတည်၍ (၇)ဖြင့်စား၍ လွယ်အောင် ၁၃၀၀ သည် (၅)ကြင်းထားပြီး ဖြစ်သဖြင့် ၃၁ နှင့် ၅ ကိုပေါင်း ၃၆ ဖြစ်၏။ ၎င်းင်းကို (၇)ဖြင့်စားသော် (၁)ကြင်း၏ ၁၃၀၀ အောက် ၁၂၉၉ ထိ ၁၂၀၀ ကို ပါယ် (၃)နှင့် ပေါင်းရ၏ ဥပမာ  ၁၂၇၉ ခု မွေးသော် ၁၂၀၀ ကို ပယ်၍ ၇၉ + ၃= ၈၂ ရ၏ ၎င်းင်းကို (၇)နှင့်စား (၅)ကြင်း၏ ၎င်းင်းတွက်ရ အကြင်းများကို
အောင်    ၁
    လံ    ၎
    ထူ    ဝ
    စစ်    ၃
    သူ    ၆
    ကြီး    ၂
    ပွဲ    ၅
    အဓိပတိ    ဆ    တွဲ    ၅
    အထွန်း သိုက် ရာဇ    ဂ ဃ င    ထူ စစ် သူ    ၀ ၃ ၆
    မရဏ ဘင်္ဂ ပုတိ    ခ က စ    လံ အောင် ကြီး    ၄ ၁ ၂
ဖော်ပြ သို့တိုင်မှ အက္ခရာစဉ်အတိုင်း က.ခ.ဂ.ဃ.င.စ.ဆ အစဉ်တိုင်းချ၍ သွားပါ။ မိမိ၏ မဟာဘုတ်တိုင်ရ၏။ မိမိမွေးနံမည်သည့် နေရာတွင် ရှိနေသလဲကြည့်ပါ သင်သည် (၁)ကြင်းမဟာဘုတ်ဖြစ်လျှင် စနေသားဖြစ်သည့် အတွက် အထွန်းဖွားဖြစ်၏။ သို့ကြောင့် သင့်အကြောင်း သိလျှင် ၁ ကြင်း စနေအထွန်းဘွား အဟောကိုကြည့်ပါ။


                                                                                ဆရာမြတ်ထွဋ်ခေါင်

အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၇)

          အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၇)
                         စနေသားသမီး (သို့) သောရီတိုင်အကြောင်း
     စနေ သားသမီး (သို) သောရီတိုင်၏ အကြောင်းကြောင့် အကျိုး ဖြစ်မှုများကို အသေးစိတ်ထပ်မံတင်ပြသွားပါဦးမည်။
    စနေသားသမီးတို့၏ မူလအစွမ်းအားများသည် အပူဇော်ခံရခြင်း၊ ဆရာတဆူလိုနေရခြင်း၊ စာရေးဆရာ၊ ဗေဒင်ဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်သရုပ် ဆောင်များအဖြစ် ကျော်ကြားခြင်း၊ အိုးအိမ်ကောင်းနှင့်နေထိုင်ရခြင်း၊ အိမ်ထောင်ရေးသာယာခြင်း၊ ပညာတတ်ဖြစ်ခြင်း၊ ပညာမျိုးစုံကိုတတ် ကျွမ်းခြင်း၊ သိလွယ်တတ်လွယ်ခြင်း အစရှိသော ကောင်းကျိုးများကို ကြုံတွေ့နိုင်ပါလျှက်နှင့် စနေသားသမီးအများစုသည် စိတ်ပူပန်မှုလွန်ကဲခြင်း၊ ကြိုတင်ပူပန်တတ်ခြင်း၊ စကားပြောရာတွင် ဂျွတ်ဆတ်ဆတ်နိုင်ခြင်း၊ ခရီးသွားလာမှု မမှန်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ငွေကြေး အသုံးအဖြုန်းကြီးခြင်း အစရှိသော အကြောင်းတရားမမှန်မှု တို့ကြောင့် အောင်မြင်မှုတို့နှင့် ကင်းဝေးနေခြင်းဖြစ်ပါသည်။ 
   အကျိုးတရား
   ၄    (န၀င်း)    လူ   
    ၁    (စီးပွား)    အိုးအိမ်၊ အိမ်ထောင် 
    ၅    (စုပ်)    ပညာ၊ အတွေးအခေါ်
    - ၀ -    (မူလ)   
    အကြောင်းတရား
    ၃    (နာ)    စိတ်
    ၆    (ခိုက်)    ခရီး၊ စကား  
    ၂    (ပျက်)    ငွေ၊ အကြား
    စနေတိုင်သည် ဂုဏ်သိက္ခာ၊ ထင်ပေါ်မှု၊ လောဘ အစရှိသော ပရိယာယ်များသည် တိုင်ဖြစ်ပါသည်။ (တ.ထ.ဓ.ဒ.န) အက္ခရာပညတ် ချက်များထဲမှ ထင်ပေါ်မှု (ထ) ဂဏာန်းကို အဓိကထား၍တင်ပြရသော် (စနေ) ထင်ပေါ်မှုဂဏာန်းအား ပထမဦးဆုံး စတင်ဖျက်ဆိးသူမှာ (စိတ်) ဟူသော အင်္ဂါဂဏာန်းပင်ဖြစ်ပါသည်။ စနေသားသမီးအများစုသည် (စိတ်) ပူပန်မှု လွန်ကဲကြသည်။ အရာရာကိုတွေးတောပူပန်တတ်ကြသည်။ မိမိသည် မည်သူတစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှု ဒါဏ်ကို ခံနိုင်လိုစိတ် မရှိခြင်း၊ အောက်ကျခံလိုစိတ်မရှိခြင်း၊ လွတ်လွတ်လပ်လပ်နေလိုစိတ်ရှိခြင်း၊ အပြောအဆိုမခံလိုတဲ့စိတ်ရှိခြင်း၊ ၎င်းင်းစိတ်များသည် စနေထင်ပေါ်မှု ဂုဏ်သတင်းမရှိဘဲ အများလူပုံအလယ်တွင် ကဲ့ရဲ့မှုများခံကြရသည်။ ၎င်းင်းစိတ်ကို ထပ်မံဖျက်စီးသော ဂြိုဟ်မှာ (ခိုက်)တွင် ရှိသော သောကြာ (၆)ဂဏာန်းပင်ဖြစ်ပါသည်။ (၆)ဂဏန်း၏အဓိပ္ပာယ်မှာ (ခရီး၊ စကား) ပင်ဖြစ်ပါသည်။
    စနေသားသမီးတို့သည် ခရီးသွားရာတွင် အထိန်းအကွပ်မရှိကြ၊ သွားချင်ရာသွား လာချင်ရာလာကြသည်။ အရက်ဆိုင်၊ အပျော်ခရီး အစရှိ သော မသွားသင့်သည့် ခရီးများကြောင့် မိမိအပေါ် မည်သူမျှအထင်မကြီး၊ မိမိကလည်း ကိုယ်လုပ်ချင်ရာကိုယ်လုပ် သည်။ ဘယ်သူ့ကိုယ်မှ ဂရုမစိုက်၊ ထို့ကြောင့် လူအများနောက်တွင် မကောင်းသတင်းပြောခံရသည်။နောက်ထပ်သောကြာဂြိုဟ်တစ် ခုမှာ (စကား)ပင် ဖြစ်ပါသည်။ စနေသား သမီးများ စကားပြောကောင်းသည်။ ပြောချင်ရာစွတ်ပြောသည် တစ်ဖက်သားစကားကို နားမထောင် သူချည်းနင်းကန်ပြောနေသည်။ တစ်ခါတစ်ရံ ရိုင်းပြသောစကားမပါဘဲ တဖက်သားကိုနစ်နာအောင်ပြော သည်။ မိမိ တော်ကြောင်း၊ တတ်ကြောင်း အတင်းပြောသည်။ ထို့ကြောင့် အများကသူ့ကို အထင်မကြီး ထိုသောကြာ (ခရီး၊ စကား) ဂြိုဟ်ကိုထပ်မံ ဖျက်စီးသူမှာ တြိရန်းဌာတွင်ရပ်တည်နေသော (တနင်္လာ) ဂြိုဟ်ပင်ဖြစ်ပါ သည်။ တနင်္လာဂြိုဟ်၏ ပရိယာယ်မှာ (ငွေ၊ အကြား) ပင်ဖြစ်ပါသည်။ စနေသားသမီးများငွေမရှိလျှင် ငြိမ်နေကြသည်။ ငွေရှိလျှင် ပျက်ချင်သည်။ ၎င်းင်းငွေကို အပျော်အပါးတွင် သုံးချင်သည်။ လောင်းကစားနေရာတွင် ငွေကိုရေလိုသုံးသည်။ နောက်ထပ်ပရိယာယ်မှာ အကြားပင်ဖြစ်သည်။ စနေသားသမီးများ အကြားသန် သည်။ အတုအယောင်များကို အစစ်ဟု လူအထင်ကြီးလာအောင် လုပ်ပြသည်။ တကယ်မဟုတ်မှန်း အများ သိသောအခါ မူလစနေဂဏာန်းပျက်၍ ထင်ပေါ်မှုမရှိတော့ဘဲ ဂုဏ်သိက္ခာ ကျရသည်။
    စနေတိုင်၏ (ခိုက်) ဂဏာန်းမှာ သောကြာ (၆)ဂဏာန်းပင်ဖြစ်ပါ သည်။ ၎င်းင်းခိုက်ဂဏာန်း (သောကြာ)၏ ပရိယာယ်များ ဖြစ်သော စကား သည် အကောင်းလွန်၍ အဆိုးသို့ရောက်သွားသည့် သဘောပင်ဖြစ်ပါ သည်။ ပြောသောစကားမှန်သည် သို့သော် တဖက်လူ လက်မခံနိုင်ပါ။
    (ဥပမာ) အလှူအိမ်တစ်ခုတွင် လူတစ်ယောက်သည် ဟင်းလိုက်ပွဲ လိုက်ချ ပေးနေရာ ၎င်းင်းဝတ်ထားသော ပုဆိုးပေါက်နေသည် ကို စနေသား သမီး တစ်ယောက်ကမြင်တော့ (ဟေ့လူ ခင်ဗျားပုဆိုးဖင်ပေါက်နေတယ်)ဟု လှမ်း၍ အော်ပြောလိုက်ရာ တဖက်လူမှာ သူ့အားနည်းချက်ကို ပြုပြင် ပေးသော ထိုစနေသားအား ကျေးဇူးမတင်ဘဲ မုန်းသွားသည်။ စကားတွေ တအား ပြောသည် မှန်တာတွေချည်းပဲ ဒါပေမယ့် ပတ်ဝန်းကျင်ကလက်မခံနိုင်ပါ။
    တခါတုံးက သာမန်ငွေကြေးတတ်နိုင်သူ လူတစ်ယောက်သည် လ္ဘက်ရည်ဆိုင်ဖွင့်၍ ရောင်းချရာ သူဌေးကြီးတစ်ဦးက သူ့ဆိုင်တွင် ဈေးနှုန်းမမေးဘဲ လ္ဘက်ရည် ၀င်သောက်လေသည်။ ငွေရှင်းသောအခါ သူဌေးကြီးက မင်းတို့ဆိုင်က ဈေးကြီးတယ်ဟု ဆိုင်ရှင်ကိုပြောလိုက်ရာ ဆိုင်ရှင်က ““ဦးလေးပိုက်ဆံမပါလို့လား၊ အလကားသောက်သွားလေ၊ နောက်နေ့လည်းလာသောက်ပါ၊ ကျွန်တော်တို့က ငွေမရှိပေမယ့် လူတစ် ယောက်ကိုတော့ လ္ဘက်ရည်တစ်နေ့တစ်ခွက်တော့ တိုက်နိုင်ပါတယ်ဟု ပြောလိုက်လေသည်။ ထိုသူဌေးမှာ သိန်းထောင်တန်ကားနှင့် ခါးမှာလည်း (ဟန်းဖုန်း)ချိတ်ကာ စတိုင်ကြီးတစ်ခွဲသားနှင့် ထိုဆိုင်ရှင်သာမန်လူတစ် ယောက်၏ ထိုးနှက်လိုက်သော စကားဒဏ်ကို (ဆဲ) တာထက်ပင်နာသွား လေသည်။ ထိုဆိုင်ရှင်မှာ (စနေ)သား တစ်ယောက်ပင်ဖြစ်ပါသည်။
(စနေသားသမီးများ စကားခိုက်နေသည်)
    ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ မိဂဒါဝုန်တောတွင် ပဉ္စ၀ဂ္ဂီ (၅)ဦးအား ဓမ္မစကြာတရားဦးကို ဟောပါသည်။ ထိုနေ့သည် ၀ါဆိုလပြည့်နေ့ (စနေ) နေ့ပင်ဖြစ်ပါသည်။
    ၄    (လူတစ်ကိုယ်လုံး အပူဇော်ခံရခြင်း)  (န၀င်း)
    ၁
    ၅
    - ၀ -
    ၃
    ၆    (ဓမ္မစကြာတရား)  (ခိုက်)
    ၂
    ဗုဒ္ဓဘုးရားရှင် ကိုယ်တော်မြတ်သည် စနေနေ့တွင် (ပရမတ္တ)တရား များဖြစ်သော (သစ္စာ ၄ ပါး) တရားတော်ကြီးကို ဟောတော် မူသောကြောင့်လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့ သာဓုခေါ်ကြကုန်၏။ စနေနေ့တွင် ခရီးစကား ခိုက်နေသော်လည်း ကောင်းသောစကား၊ တန်ဘိုးရှိသော စကားများ ဟောပြောခဲ့သော ဗုဒ္ဓအား လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်း သောင်းသောင်းဖျဖျ ချီးကျူးထောပနာ ပြုခဲ့လေသည်။ အထက်ပါ နေသော်လည်း ကောင်းသောစကား တန်ဘိုးရှိသောစကားများဟောပြော ခဲ့သော ဗုဒ္ဓအား လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်း သောင်းသောင်းဖျဖျ ချီးကျူးထောပနာပြုခဲ့လေသည်။ အထက်ပါအကြောင်း၊ အကျိုးတရား များကို သင်လေ့လာကြည့်ပါ ဘုရားရှင်သည် (ခရီး) ခိုက်နေသော်လည်း တရားဟောရန် မိဂဒါဝုန်တောသို့ သွားခဲ့သည့်အတွက် (ခိုက်) လွတ် သွားသည်။ (စကား) ခိုက်နေသော်လည်း ဓမ္မစကြာတရားဦးကို သတ္တ၀ါ အပေါင်းတို့အား သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်စေလိုခြင်း အလို့ငှာ ဟောပြောခဲ့သောကြောင့် (ခိုက်) လွတ်ပြန်သည်။ အကြောင်း တရားများ ကောင်းမွန်ခဲ့သောကြောင့် အကျိုးတရားတွင် အပူဇော်ခံမှုကို ခံခဲ့ရပါသည်။
    ၄    (ပူဇော်မှုခံရခြင်း)  (အကျိုးတရား)
    ၁
    ၅
    - ၀ -
    ၃
    ၆    (ခရီး/စကား)  (အကြောင်းတရား)
    ၂
    ထို့ကြောင့် သင်သည် စနေသားတဦးဖြစ်ခဲ့သော် အထက်ဖော်ပြပါ ဥပဒေများနှင့်အညီ စကားကိုကောင်းအောင်ပြောပါ။ ကပ်သီးကပ်ဖဲ့ မပြောပါနှင့်၊ စကားတောင်စားမလုပ်ပါနှင့်၊ စကားနိုင်မလုပါနှင့်၊ ရိသောထေ့ သော၊ မထီမဲ့မြင်စကားများ မပြောပါနှင့်၊  တန်ဘိုးရှိသောစကားများကိုသာပြောပါ။ (ခရီး) ကိုလည်း ကောင်းသောခရီးများဖြစ်သော ဘုရားဖူး၊ စီးပွားရေးနှင့် ပတ်သက်သောခရီး၊ လူမှုရေးနှင့် ပတ်သက်သောခရီးများမှအပ အရက်ဆိုင်သို့သွားခြင်း၊ ဖဲဝိုင်းသို့သွားခြင်း၊ အပျော်အပါးအိမ်သို့သွားခြင်း တို့ကို သင်ရှောင်နိုင်ပြီဆိုလျှင် သင်၏ပတ်ဝန်းကျင်လူများ၏ ပူဇော်ခံရမှုကို ကျိန်းသေသင်ရရှိပါမည်။
    စနေသားသမီးများသည် ဖော်ပြပါအကြောင်းတရားများကို ထိန်းချုပ်ပယ်သတ်နိုင်ခဲ့ပြီဆိုလျှင်
(၁)    ကျောင်းဆရာ၊ ပန်းချီဆရာ၊ ဗေဒင်ဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ဘုန်းကြီးရဟန်း၊ ပန်းတိမ်ဆရာ၊ တရားဟောဆရာ အစရှိသော အပူဇော် မှုခံရသော ဆရာများအဖြစ် အောင်မြင်မှုကို (န၀င်း) ပိုင်ဆိုင်မှုရရှိပြီးလျှင် အညွန့်တွင် ရှိသော တနင်္ဂနွေဂြိုဟ် ပရိယာယ်အရ အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရခြင်း၊ အုပ်စုသွေးသားများကို ကျွေးမွေးထောက်ပံ့နိုင်ခြင်း၊ အိမ်ထောင်ရေးသာယာခြင်း၊ လုပ်ငန်းများကြီးကြီးကျယ်ကျယ်လုပ်ကိုင်ရခြင်း အစရှိသည်တို့ကို ကြုံတွေ့နိုင်ပြီး ဆပွတ်တွင်ရှိသော ကြာသပတေးဂြိုဟ် ပရိယာယ်အရ ပညာတတ်များဖြစ်ခြင်း၊ အတွေးအခေါ်ပညာရှင်များဖြစ်ခြင်း၊ ပါရဂူ၊ ဒေါက်တာဘွဲ့များရခြင်းတို့ကို တိုက်ဆိုင်ကြုံတွေ့နိုင်ပါသည်။
    တိုင်၏နိဂုံးချုပ်အနေနှင့် စနေသားသမီး(သို့)သောရီချိန်သို့ ရောက်ရှိနေသော လူသားအားလုံးတို့သည် အထက်ပါအကြောင်း တရားများကို ပယ်သတ်နိုင်ပြီဆိုလျှင် ကောင်းမွန်သောအကျိုးတရားများကို ပိုင်ဆိုင်ရရှိကာ စိတ်လည်းချမ်းသာ လူလည်းကျန်းမာ စိတ်သွားတိုင်း ကိုယ်ပါလိုရာဆန္ဒအားလုံးပြီးပြည့်စုံနိုင်မည် ဖြစ်ပါသည်။

အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၆)

               အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၆)
                                သောကြာသားသမီး (သို့) သောကြာတိုင်အကြောင်း

     သောကြာတိုင်နှင့်သောကြာသားသမီးများအကြောင်းကြောင့် အကျိုးဖြစ်ခြင်းကို အသေးစိတ်ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါသည်။
    သောကြာသားသမီးများ၏ မူလစွမ်းအားများသည် စိတ်ထားဖြူစင် ခြင်း လွတ်လပ်မှုကို သဘောကျခြင်း၊ စီးပွားရေးလုပ်ငန်းများ ထင်ပေါ်စွာ အောင်မြင်ခြင်း၊ ရိုးသားခြင်း၊ လူချစ်လူခင်ပေါခြင်း၊ ကုန်သွယ်မှုလုပ်ငန်းများ အောင်မြင်ခြင်း၊ ရွှေဆိုင်လုပ်ငန်းများနှင့် အောင်မြင်ခြင်း အစရှိသည်တို့ကို အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်းများနှင့် ကြုံတွေ့နိုင်သော်လည်း ၎င်းင်းတို့သည် အရက်၊ လောင်းကစား၊ အပျော်အပါးများကို မက်မောခြင်း၊အိမ်ထောင်ဘက်ကို အနိုင်ယူလိုစိတ်ပြင်းပြခြင်း၊ ငွေကြေးသုံးစွဲမှု မမှန်ကန် ခြင်း တို့ကြောင့် အောင်မြင်မှုတို့နှင့် ကင်းဝေးနေရခြင်း ဖြစ်ပါသည်။
  အကျိုးတရား
    ၃    (န၀င်း)             ၃    (စိတ်)   
    ၀    (စီးပွား)             ၀    (ထင်ပေါ်လောဘ)   
    ၄    (စုပ်)                ၄    (လူတစ်ကိုယ်လုံး)
    - ၆ -    (မူလ)         - ၆ -
    အကြောင်းတရား
   ၂    (နာ)                 ၂    (ငွေ)   
    ၅    (ခိုက်)                ၅    (ပညာ၊ အတွေးအခေါ်) 
    ၁    (ပျက်)                ၁    (အိုးအိမ်၊ အိမ်ထောင်)
    အကယ်၍သင်သည် သောကြာသားသမီး (သို့) သောကြာတိုင် အချိန်သို့ရောက်ခဲ့လျှင် အောက်ဖော်ပြပါ အချက်အလက်များကို ရှောင်ကြဉ် ပါက ကောင်းသေားအကျိုးတရားများကို ရရှိပါမည်။
    သောကြာတိုင်သည် (၆) ဂဏာန်း ပရိယာယ်အရ (ခရီး၊ စကား၊ လှုပ်ရှား) တိုင်ဖြစ်ပါသည်။ သောကြာသားသမီးတို့သည် စကားပြော အလွန်ကောင်းပါသည်။ စကားပြောချိုသာပါသည်။ ယဉ်ကျေးပါသည်။ သို့သော် စကားဟူသော (မူလ) သောကြာဂဏာန်းကို ပထမဦးဆုံး စတင် ဖျက်ဆီးသူမှာ သောကြာတိုင်၏ စတုရန်း (နာ) နေရာတွင်ရှိသော တနင်္လာ ဂြိုဟ်ပင်ဖြစ်ပါသည်။ တနင်္လာဂြိုဟ်၏ ပရိယာယ်မှာ ငွေ၊ အကြား ပင်ဖြစ်ပါ သည်။ သောကြာသားသမီးများငွေရှိလျှင် ပျက်ချင်သည် ၎င်းင်းငွေအား အမိ၊ အဖ၊ ဆရာသမား ပူဇော်ကန်တော့သည်ထက် အရက်၊ လောင်းကစား၊ မိန်မကိစ္စတို့နှင့် ကုန်ကျနေသည်ကများသည်။ ထို့ကြောင့် သောကြာသားသမီးတို့သည် ငွေမရှိလျှင် ငြိမ်နေကြပြီး ငွေရှိလျှင် ၎င်းင်းငွေကို ဘယ်လိုဖြုံးရမလဲဟု စဉ်းစားနေကြသည်။
    သောကြာတိုင်၏ စတုရန်း (နာ) နေရာတွင်ရှိသော တနင်္လာဂြိုဟ် အား ထပ်မံဖျက်စီးသော ဂြိုဟ်တစ်လုံးမှာ အမြစ်တွင်ရှိသော (ခိုက်)ဟုခေါ် သည့် ကြာသပတေးဂြိုဟ်ပင်ဖြစ်ပါသည်။ ကြာသပတေးဂြိုဟ်၏ ပရိယာယ်မှာ (ပညာ၊ အတွေးအခေါ်) ဖြစ်ပြီး၊ သောကြာသားသမီး တော်တော်များများသည် အတတ်ပညာမျိုးစုံတတ်ကြသည်၊ ဘွဲ့ရပညာ တတ်များဖြစ်ကြသည်။ သို့သော် မိမိတတ်သောပညာနှင့် အသုံးတည့်သော လုပ်ငန်းများ လုပ်ခွင့်မရကြပေ။ အတွေးအခေါ်ကောင်းပါသည်။ ကောင်းသော အတွေးအခေါ်များမှာ တစ်ဖက်စွန်းရောက်နေပြီး အများနှင့် ဆန့်ကျင်သလိုဖြစ်နေသည်။ တယူသန်အတွေးအခေါ်မှားသောကြောင့် စတုရန်းတွင် ရှိသော ငွေကို သုံးသင့်သည့်နေရာတွင် မသုံးဘဲ အပျော်အပါး တွင် သုံးကြသည်။
    သောကြာတိုင်၏ (ခိုက်) နေရာတွင် ရှိသော ကြာသပတေးဂဏာန်း ကို နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုသလို တိုင်ခြေရှိ တြိရန်းဌာန (သို့) ပျက်ဟုခေါ်သော် တနင်္ဂနွေဂြိုဟ်က ထပ်မံ၍ဖျက်စီးပါသည်။ တနင်္ဂနွေဂြိုဟ် ၏ ပရိယာယ်မှာ (အိုးအိမ်၊ အိမ်ထောင်၊ အုပ်စုပင်) ဖြစ်ပါသည်။ သောကြာ သားသမီးများ အိမ်ထောင်မကျခင် ကောင်းပါသည်။ အိမ်ထောင်ကျပြီးလျှင် ပျက်ချင်သည်။ အုပ်စုများနှင့် ပူးတွဲနေထိုင်လျှင် ပျက်သည်။ အိမ်အပြင်တွင် သွားလာလှုပ်ရှားကြပြီး အိမ်မကပ်ကြပေ။
    အိမ်ကပ်ပြန်တော့လည်း အုပ်စုနှင့်မတည့်၊ အုပ်စုကိုဆန့်ကျင် လိုသော စိတ်၊ အိမ်ထောင်ဘက်အပေါ်အနိုင်ယူလိုသောစိတ် ကြောင့် အိမ်ထောင်ရေးမသာယာ၊ ကွဲလိုက်ပေါင်းလိုက်နှင့် မကြာခဏဖြစ်ကြပြီး အတွေးအခေါ်ပျက်ကာ အပျော်အပါး လိုက်ကြပြန်သည်။
    သောကြာတိုင်၏ (ခိုက်) မှာ ကြာသပတေးဂြိုဟ်ပင်ဖြစ်ပါသည်။ ၎င်းင်းဌာနသည် ကောင်းလွန်းအားကြီး၍ ဆိုးနေသောနေရာပင် ဖြစ်ပါသည်။ ချိုလွန်းသောအရာများ ခါးသည်ဆိုသောအဘောနှင့်တူသည်။ သောကြာ သားသမီးများ၏ အတွေးအခေါ်မှာ ကောင်းပါသည်။ မည်သည့် ကိစ္စမဆို လွန်ကဲစွာတွေးခေါ်ခြင်း၊ အစွန်းရောက် တွေးခေါ်ခြင်းပြုလုပ်သည့်အတွက် ဆိုးသွားခြင်းဖြစ် ပါသည်။
    ၃    (စိတ်)    (အကျိုးတရား)
    ဝ
    ၎
    - ၆ -
    ၂
    ၅    (အတွေးအခေါ်အဆိုး)    (အကြောင်းတရား)
    ၁
    အင်္ဂါန၀င်းသည် (စိတ်)ဖြစ်ပြီး လွန်စွာလှုပ်ရှားနေသည် (ခိုက်) တွင် ရှိသော ကြာသပတေးအတွေးအခေါ်မှန်မှ စိတ်တည်ငြိမ်မှု ရရှိပါမည်။ ဂေါတမ မြတ်စွာဘုရားသည် သောကြာသားသမီးတစ်ဦးဖြစ်ပြီး (ခိုက်)တွင် ရှိသော ကြာသပတေးဂြိုဟ်အတွေးအခေါ် လွဲမှားစွာ (၆) နှစ်တိုင်တိုင် ပြင်း ပြင်းထန်ထန် ကျင့်ကြံအားထုတ်သော်လည်း န၀င်းတွင်ရှိသော (အင်္ဂါ)စိတ်ကို ထိန်းချုပ်၍မရခဲ့ပါ။  ကြာသပတေး(ခိုက်) အတွေးအခေါ်မှန်သွား သည့်အချိန်တွင် န၀င်းတွင်ရှိသော (သမ္မာသမာဓိ)ကို ရရှိကာ သဗ္ဗုညုတ ဉာဏ်တော်ကြီးကို ရရှိပါသည်။ မည်သူမဆို (စိတ်)တည်ငြိမ်စွာထိန်း ချုပ်နိုင်ရန် အတွေးအခေါ်ကို မှန်ကန်မှ၊ ပညာမှန်ကန်မှ စိတ်ထိန်း ချုပ်နိုင်မည်ဖြစ် ပါသည်။ သောကြာသားသမီး (သို့) သောကြာတိုင်တွင် တယူသန်အတွေးအခေါ်ကိုသာ ပယ်လိုက်ပါ။ န၀င်းတွင်ရှိသော (စိတ်) သမ္မာသမာဓိ ရရှိပါမည်။ မည်သူမဆို သောကြာနေ့ သောကြာတိုင်တွင် အတွေးအခေါ်မှန်ကန်စွာဖြင့် ဘာသာရေးကျင့်ကြံပါက (စိတ်) တည်ငြိမ်ပြီး သမာဓိများရရှိပါမည်။
    ၃    (သမ္မာသမာဓိ) ရရှိ (အကျိုးတရား)
    ဝ
    ၎
    - ၆ -
    ၂
    ၅    (အတွေးအခေါ်မှန်ကန်မှု) (အကြောင်းတရား)
    ၁
    သောကြာသားသမီးတို့သည် အထက်ဖော်ပြပါ အကြောင်းတရား များကို ရှောင်ကြဉ်နိုင်ခဲ့သော် အောက်ဖော်ပြပါ အကျိုးတရားများကို ရရှိပါမည်။
(၁)    န၀င်းတွင်ရှိသော အင်္ဂါနံ (ပညတ်) ချက်များအရ စက်ဘက်ဆိုင်ရာ အရာရှိများဖြစ်ခြင်း၊
(၂)    အစိုးရဌာနများတွင် ဦးစီးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ရခြင်း၊
(၃)    ဆရာဝန်၊ အင်ဂျင်နီယာများဖြစ်ခြင်း၊
(၄)    အညွန့်တွင်ရှိသော စနေဂြိုဟ်ပရိယာယ်အရ ထီဆုကြီးများပေါက် ခြင်း၊ ရာထူးတက်ခြင်း၊ အမွေရခြင်း၊
(၅)    ဆပွတ်တွင်ရှိသော ဗုဒ္ဓဟူးဂြိုဟ်ပရိယာယ်အရ ကုန်သွယ်မှုများ အောင်မြင်ခြင်း၊ လူချစ်လူခင်ပေါခြင်း၊ ရုပ်ရှင်အနုပညာရှင်၊ စာရေးဆရာ အစရှိသော လုပ်ငန်းများအောင်မြင်မှုများကို တိုက် ဆိုင်ကြုံတွေ့ပါမည်။
    သင်သည် သောကြာသားသမီးတစ်ဦးဖြစ်ခဲ့လျှင် အထက်ပါ အကြောင်းအကျိုး သင်ခန်းစာအတိုင်းသာ လိုက်နာပါက လုံးဝ (လုံးဝ) အောင်မြင်မှုများ ရရှိပါလိမ့်မည်။ အောက်တွင်ရှိသော ဂြိုဟ်များကို ထိန်းချုပ်ပါ။ ငွေကိုမှန်ကန်စွာသုံးပါ။ အတွေးအခေါ်တည်ငြိမ် မှု မှန်ကန်ပါ။ အိုးအိမ်၊ အိမ်ထောင်၊ အုပ်စုကို သည်းခံပါ၊ ပြုစုပါ၊ စောင့်ရှောက်ပါ။ အထက်တွင်ရှိသော ဂြိုဟ်များက (ဗွှ့ဥ) အောက်တို အလို အလျောက် ရရှိပါလိမ့်မည်။
    သောကြာတိုင်၏ တိုင်ပညာခန်းနိဂုံးချုပ်အနေနှင့် တိုင်၏သတ္တိနှင့် အားအရ အထက်မှာဆောင်ပန်း အောက်မှာ နင်းကြမ်း တခန်းယူမှီးကြ သော ဆရာတော် ခင်ကြီးဖျော်၏ ကျမ်းရင်လင်္ကာအရ တိုင်၏အောက် နင်းကြမ်းများကို ပယ်သတ်လိုက်ပါက အထက်ဆောင်ပန်းများသည် သူ့အ လိုလိုဝင်ရောက်လာလိမ့်မည်။ အထက်မှာရှိသော ကိန်းဂဏာန်းများနောက် သို့ လောဘနှင့် လိုက်စရာမလိုပါ။    သောကြာသားသမီးများအားလုံး ဤကျင့်စဉ်များကို လိုက်နာပြီး စိတ်လည်းချမ်းသာ လူလည်းကျန်းမာ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများ တလုံးတ၀တည်း ပြည့်စုံနိုင်ကြပါစေ။

Tuesday 18 November 2014

အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၅)

         အကြောင်းကြောင့် အကျိုးဖြစ်ခြင်း   (၅)
                           ကြာသပတေးသားသမီး  (သို့ )  ဂုရုတိုအကြောင်း
     ကြာသပတေးသားသမီး၏(သို့) ဂုရုတိုင်၏ အကြောင်းကျိုး ဆက်သွယ်မှုတို့ ကို အသေးစိတ်ဆက်လက်၍ရှင်းလင်းဖော်ပြသွားပါမည်။
    ကြာသပတေးသားသမီးတို့၏ မူလစွမ်းအားသည် ငွေရှာရလွယ် ကူခြင်း မင်္ဂလာရှိသောကိစ္စများ မကြာခဏဆောက်ရွက်ရခြင်း၊ အလှူ အတန်းမကြာခဏ ပေးနေရခြင်း၊စကားပြောချိုသာခြင်း၊ ကုန်သွယ်မှုလုပ်ငန်း များအောင်မြင်ခြင်း၊ စိတ်ထားကောင်းခြင်း၊ စိတ်ထားမွန်မြတ်ခြင်း အစရှိ သော ကောင်းကျိုးများနဂိုရ်မှုလတွင်ရှိပါလျှက်နှင့်ကြာသပတေးသားသမီး အများစုသည် အိမ်ထောင်ဖက်အပေါ်အနိုင်ယူလိုစိတ်ပြင်းပြခြင်း၊ လူလူခြင်း သည်းခံစိတ်မမွေးခြင်း၊ ဂလဲ့စားခြေစိတ်ရှိခြင်း၊ ဂုဏ်သိက္ခာကျစေသော အပြုအမူများ မကြာခဏပြုလုပ်ခြင်းတို့ ကြောင့်အောင်မြင်မှုတို့ နှင့်ကင်းဝေး နေရခြင်းဖြစ်ပါသည်။
    ၂    (န၀င်း)      -    (ငွေ၊ အကြား)
    ၆    (အညွန့်)    -    (ခရီး၊ စကား)       အကျိုးတရား
    ၃    (ဆပွတ်)    -    (စိတ်)
    - ၅ -    (မူလ)   -    (ပညာ)
    ၁    (နာ)         -    (အိုးအိမ်၊ အိမ်ထောင်၊ အုပ်စု)
    ၄    (ခိုက်)       -    (လူ)          အကြောင်းတရား
    ၀    (ပျက်)       -    (ထင်ပေါ်၊ လောဘ)
    အကယ်၍သင်သည် ကြာသပတေး တစ်ဦး (သိုပ) ကြာသပတေး အချိန်သို့ ရောက်ရှိနေပါက အထက်ဖော်ပြပါ အကြောင်းတရားများကို ပယ်သတ်လိုက်ပါ။ ကြာသပတေးတိုင်တစ်ခုလုံး၏ ကောင်းကျိုးများကို အပြည့်အ၀ခံစားရရှိပါလိမ့်မည်။
    ကြာသပတေးတိုင်သည် ပညာတိုင်ဖြစ်ပါသည်။ ၎င်းင်းပညာဟူသော ကြာသပတေးဂြိုဟ်အား ပထမဦးဆုံး စတင်၍ ပျက်စီးသူမှာ တိုင်၏စတုရန်း (နာ) နေရာတွင်ရှိသော တနင်္ဂနွေဂြိုဟ်ပင်ဖြစ်ပါသည်။ တနင်္ဂနွေဂြိုဟ်၏ ပရိယာယ်မှာ အိုးအိမ်၊ အိမ်ထောင်အုပ်စု ပင်ဖြစ်ပါသည်။ ကြာသပတေး သားသမီးတို့သည် မိမိတို့၏ အိမ်ထောင်ဘက်အပေါ်တွင် အနိုင်ယူလိုစိတ် ကြီးမားခြင်း၊ သွေးသားအုပ်စု ညီအစ်ကို မောင်နှမများနှင့် သင့်တယ်စွာ နေထိုင်ခြင်းမရှိဘဲ ယှဉ်ပြိုင်ခြင်း၊ အနိုင်ယူလိုခြင်း၊ ဗိုလ်ကျခြင်း စသောအပြု အမူများကြောင့် မူလကြာသပတေးဂြိုဟ်မှာ ပျက်စီးသွား၍ ၎င်းင်းတနင်္ဂနွေ ဂြိုဟ်အား ထပ်မံ၍ ဖျက်စီးသည့်ဂြိုဟ်မှာ (ခိုက်) တွင်ရှိသော ဗုဒ္ဓဟူးဂြိုဟ် ပင်ဖြစ်ပါသည်။ ဗုဒ္ဓဟူးဂြိုဟ်၏မူလပရိယာယ်မှာ (လူ) ပင်ဖြစ်ပါသည်။ လူတစ်ကိုယ်လုံး ခိုက်ထဲရောက်နေတော့ တစ်ကိုယ်ကောင်းစိတ်ရှိသူဖြစ် သွားပြီး တစ်ကိုယ်ကောင်းစိတ်နဲ့ စတုရန်းမှာရှိတဲ့ အိုးအိမ်၊ အိမ်ထောင်၊ အုပ်စုကို တိုက်ဖျက်ရန် အဆင်သင့်ဖြစ်နေပါသည်။ ထိုဗုဒ္ဓဟူးဂြိုဟ်အား ထပ်မံတိုက်ဖျက်နေသည့်ဂြိုဟ်မှာ (တြိရန်း)ဌာနတွင်ရှိသော (စနေ) ဂြိုဟ်ပင် ဖြစ်ပါသည်။ ၎င်းင်းစနေဂြိုဟ်၏ပရိယာယ်မှာ (လောဘ၊ ဒေါသ၊ မောဟ) စိတ်ပင်ဖြစ်ပါသည်။ ၎င်းင်းလောဘ၊ ဒေါသ၊ မောဟစိတ်တို့သည် ခိုက်တွင်ရှိ သော ဗုဒ္ဓဟူးဂြိုဟ် (လူ) တစ်ကိုယ်လုံးအား လွှမ်းမိုးထားပါတော့သည်။အကြောင်းကြောင့် အကျိုးဖြစ်ခြင်း အမှတ်(၄)တွင် ဖွင့်ဆိုထားသော စတုရန်းလင်္ကာအရ ကြာသပတေးတိုင်တွင် ပထမဦးဆုံး စတင်ပျက်စီးသော ဂြိုဟ်မှာ တနင်္ဂနွေဂြိုဟ်ဖြစ်ပြီး ဒုတိယဖျက်စီးသူမှာ ဗုဒ္ဓဟူးဂြိုဟ်ဖြစ်၍ တတိယပျက်စီးသူ စနေဂြိုဟ်ဖြစ်သော ကြောင့် တိုင်တစ်တိုင်လုံးကိုခြုံ၍ ကြည့်လိုက်ပါက ကြာသပတေး သားသမီးအများစုသည် (ခိုက်) နေရာတွင် ရှိသော ဗုဒ္ဓဟူးဂြိုဟ်အရ မိမိသွေးသား အုပ်စုကို အနစ်နာခံ၍ ပြုစုစောင့် ရှောက်ရာမှ မိမိ၏စေတနာအား စော်ကားသော အပြုအမူများကို ကြုံတွေ့ ဖန်များလာသောအခါ ““ဒါဒီလောက် အနစ်နာခံတာ ငါ့အပေါ်တစ်ယောက် မှ ပြန်မကောင်းဘူး၊ ငါလည်းနေချင်သလိုနေတော့မယ်ဟု စိတ်တွေး ပြီး တကိုယ်ကောင်းစိတ်များဝင်လာကာ လုပ်ချင်ရာလုပ်ပါတော့သည်””
    ထို့ကြောင့် ကြာသပတေးသားသမီးတို့သည် အကြောင်းတရား များဖြစ်သော သွေးသားအုပ်စုအပေါ်တွင် အနာနာခံပါ၊ အိမ်ထောင်ဘက် အပေါ်တွင် အနိုင်မယူနှင့်၊ မိမိအပေါ်ကောင်းတာ မကောင်းတာ သူတို့အ လုပ်ပါ။ ကိုယ်ကကောင်းဘို့ အရေးကြီးပါသည်။ ခိုက်တွင်ရှိသော (လူ)အရ (သီလ)ကို ထိမ်းပါ၊ အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။ လောင်းကစားပြု လုပ်ခြင်းကို ရှောင်၍ ရိုးရိုးသားသား စီးပွားရှာပါ။ (တြိရန်း) ဂြိုဟ်တွင်ရှိသော စနေဂြိုဟ်ပရိယာယ်များဖြစ်သည့် မိမိနာမည် ဂုဏ်သတင်း ကျော်ကြားမှုအတွက် လုပ်ကြံထားမှု ထင်ပေါ်မှုများကို ရှောင်ပါ။ လောဘ၊ ဒေါသ၊ မောဟ များကိုလျှော့ပါ။ အရွဲ့မတိုက်ပါနှင့် မိမိ၏ ထင်ပေါ်မှုလောဘ စိတ်ကြောင့် လူပုံအလယ်တွင် အရှက်ကွဲတတ်ပါသည်။
    အထက်ပါတားမြစ်ချက်များကို သင်ရှောင်နိုင်ပြီဆိုပါက န၀င်းတွင်ရှိသော (တနင်္လာ)ဂြိုဟ် ပရိယာယ်အရ ငွေကိုလွယ်ကူစွာ ရှာနိုင်ခြင်း၊ ထီ (သို့) ဆုကြေးငွေများ မကြာခဏရရှိခြင်း၊ ငွေကြေးအထောက်အပံ့ရခြင်း၊ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုပေးခြင်းကို ခံရခြင်း၊ အစရှိသော ကောင်း ကျိုးများကို ခံစားရရှိ၍ အညွန့်နေရာတွင်ရှိသော (သောကြာ) ဂြိုဟ်ပရိ ယာယ်အရ နိုင်ငံခြားခရီးသွားခြင်း၊ ကုန်သည် လုပ်ငန်းများနှင့် အောင်မြင် ခြင်း၊ ပွဲစားလုပ်ငန်းနှင့်အောင်မြင်ခြင်း အစရှိသော ကောင်းကျိုးများကို ခံစားရရှိ၍ (ဆပွတ်)တွင် ရှိသော အင်္ဂါဂြိုဟ်ပရိယာယ်အရ အိမ်ထောင်ရေး တွင် စိတ်ချမ်းသာခြင်း၊ အိမ်ထောင်ဘက်၏ ချစ်ခင်ယုယမှုများကို ခံရခြင်းများ ကြုံတွေ့ရပါမည်။
    ကြာသပတေးတိုင်သည် ပညာတိုင်ဖြစ်သောကြောင့် ပညာသင်နေ သော ကျောင်းသားများ ဗဟုသုတရစေခြင်းအလို့ငှာ ပညာတိုင်၏ ပရိယာယ်များကို ထပ်မံ၍ ရှင်းလင်းတင်ပြပါဦးမည်။
    ၂    (ငွေ၊ အကြား) ကို ပိုင်ဆိုင်ရရှိမည် (ဆောင်ပန်း)
    ၆
    ၃
   - ၅ -    (ပညာ) ရရှိ၍
    ၁
    ၄    (လူ) အနစ်နာခံလျှင် (နင်းကြမ်း)
    ဝ
    ပညာတိုင်တွင် (လူ)သို့ ရုပ်တရား၏ ထိန်းချုပ်မှုများနှင့် အကြောင်း တရား (နင်းကြမ်း) များမှာ ကျောင်းသားတစ်ယောက်သည် (လူ) အနစ်
နာခံ၍ ပညာကို ကြိုးစားပါက ပညာတတ်တစ်ယောက်ဖြစ်၍ စီးပွားရေး လုပ်ငန်းများအောင်မြင်မှုကို ရရှိကာ ငွေကြေး များကို ပိုင်ဆိုင်ကြားဝါနိုင် မည်ဖြစ်ပါသည်။ ကျောင်းသားတစ်ယောက်သည် မိမိသွားချင်ရာသွားခြင်း၊ မိမိလုပ်ချင်ရာလုပ်ခြင်း အစရှိသော ရုပ်တရားများကို ထိန်းချုပ်မှ အောင်မြင် မှုကို ရရှိပါမည်။ အကယ်၍ န၀င်းတွင်ရှိသော ငွေကိုမက်၍ ငွေနောက်သို့ လိုက်ခဲ့ပါက ပညာမဲ့တစ်ယောက်ဖြစ်၍ နင်းကြမ်းတွင်ရှိသော (လူ) သည် လူလိမ်၊ အကျင့်ပျက်၍ လူဆိုး၊ လူမိုက်တစ်ယောက် ဖြစ်သွားပါမည်။
    ၂    (ငွေ) နောက်သို့လိုက်သော်
    ၆
    ၃
    - ၅ -    (ပညာ) မဲ့၍
    ၁
    ၄    (လူ) လိမ် အကျင့်ပျက်ဖြစ်မည်
    ဝ
    ထို့ကြောင့် ကြာသပတေးတိုင်တွင် ပညာခန်းတွင်ရှိသော ဂြိုဟ် ပရိယာယ်အရ ကြာသပတေးသားသမီးများ  အပါအ၀င် အတွေးအခေါ်နှင့် ပတ်သက်သော လုပ်ငန်းများ (ဥပမာ) စာရေးဆရာ၊ ဗေဒင်ဆရာ၊ ကျောင်း ဆရာများ၊ ဘုန်းကြီးရဟန်းများ ဘာသာရေးကျင့်ကြံ အားထုတ်နေသူများ သည် ကြာသပတေးတိုင် ပညာခန်းအုပ်စု ၀င်များဖြစ်ကြ၍ ၎င်းင်းပညာရှင်များ အားလုံး န၀င်းတွင်ရှိသော ငွေကိုလိုချင်သော အမြစ်အညွန့် မတွန့်စေရ၊ ပညာခန်းအရ (အမြစ်) တွင်ရှိသော ဗုဒ္ဓဟူးဂြိုဟ်ပရိယာယ်သည် (ကာယကံ)မြောက် ကျူးလွန်မှုများဖြစ်၍ ၎င်းင်းကို ထိန်းချုပ်ပြုပြင်ထားလျှင် (အညွန့်)တွင် ရှိသော (၀စီကံ) စကားများအောင်မြင်မှု ရရှိ၍ မိမိတို့၏ပြောသမျှ ဆိုသမျှ လူအများ၏ ယုံကြည်လေးစားမှုခံရ၍ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှု ရရှိကာ မိမိတို့လိုချင်သော ငွေကို အလွယ်တကူ ရရှိပါမည်။
    ၂                                             ၂
    ၆    (၀စီကံ) အောင်မြင်                ၆    (အညွန့်) - စကား
    ၃                                            ၃
  - ၅ -                                        - ၅ -
    ၁                                            ၁
    ၄    (ကာယကံ) ထိန်းချုပ်              ၄    (အမြစ်)    -    လူတစ်ကိုယ်လုံး
    ၀                                             ဝ
    (ကာယကံ)မြောက် ကျူးလွန်ခြင်းမှ ထိန်းချုပ်ရန်မှာ -
    (က)    ပါဏာတိပါတ (သူတစ်ပါး) အသက်ကိုသတ်ခြင်း
    (ခ)    အဒိန္ခဒါန (သူတစ်ပါး) ပစ္စည်းကို ခိုးယူခြင်း
    (ဂ)    ကာမေသုမိစ္ဆာစာရ (သူတစ်ပါး) သားမယားကို ပြစ်မှားခြင်း
    အစရှိသော (ကံ)များကို စောင့်ထိန်းရန်နှင့် (ကာယကံ) အုပ်စု အနွယ်ဝင်များ ဖြစ်ကြသော အရက်သောက်ခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ ကြက်တိုက်၊ ဖဲရိုက်ခြင်း၊ ကာရာအိုကေ နှင့် စားသောက်ဆိုင်များတွင် အချိန်ကုန်ခြင်း အစရှိသော ကိစ္စတို့ကိုပါ ရှောင်ကြဉ်နိုင်လျှင် (ခိုက်) ဖြစ်သော (လူ) တစ်ကိုယ်လုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ပါသည်။    ကြာသပတေးတိုင်ပညာခန်း နိဂုံးချုပ်အနေဖြင့် ကြာသပတေး သားသမီးတို့သည် လူလူခြင်း ညှာတာပါ၊ စာနာပါ၊ လူတွေအပေါ် နားလည်ပါ၊ ခွင့်လွှတ်ပါ၊ လူတွေကို ကူညီပါ၊ ရိုင်းပင်းပါက မိမိသည် အရာရာကို စွမ်းဆောင်နိုင်သော စွမ်းအားရှင်တစ်ယောက်အဖြစ် လူ့လောကကတွင် ရပ်တည်နိုင်ပြီး စိတ်လည်းချမ်းသာ၊ လူလည်းကျန်းမာ၍ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံနိုင်မည် ဖြစ်ပါသည်။

အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၄)

             အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၄)
                                ဗုဒ္ဓဟူးသားသမီး (သို့) ဗုဒ္ဓတိုင်အကြောင်း
    ဗုဒ္ဓဟူးသားသမီးများအကြောင်း (သို့) ဗုဒ္ဓတိုင်၏ အကြောင်းအကျိုး ဆက်သွယ်မှုသဘောနှင့် ၎င်းင်းတိုင်၏ ရှုပ်ကွက်၊ မြှုပ်ကွက်၊ ကောင်းကွက်၊ ဆိုးကွက်များကို ကျွန်ုပ်၏ဆရာသခင် ကျေးဇူးရှင်တို့၏ ဂုဏ်ကျေးဇူးကြောင့် ကျွန်ုပ်သိခွင့်ရခဲ့သည့် တိုင်ပညာခန်း၏ အခြေခံနှင့် အဆင့်မြင့်ပညာ သဘောတရားတို့ကို အသေးစိတ် ရှင်းလင်းဖော်ပြပါမည်။
    ဗုဒ္ဓဟူးသားသမီး္မတို့ ၏ မူလစွမ်းအားသည် အိုးအိမ် အဆောက် အဦးကောင်းနှင့်နေထိုင်ရခြင်း၊ အတွေးခေါ်ကောင်းခြင်း၊ ဘာသာရေး လိုက်စားခြင်း၊ ပညာရေးတွင်ထူးချွန်ခြင်း၊ ငွေကြေးရှာဖွေရခြင်း၊ စိတ်သဘော ထားကောင်းခြင်း၊စကားပြောချိုသာခြင်း၊ လောဘ၊ ဒေါသ၊မောဟ နည်းခြင်း အစရှိသောမူကောင်းကွက်များရှိသောလည်း ဗုဒ္မဟူးသားလသမီးတို့ သည် အများအားဖြင့် ဒေါသကြီးခြင်း၊ လောဘကြီးခြင်း၊ စကားပြောရာတွင် ရိုင်းစိုင်းသော စကားတစ်ခုမှမပါဘဲသူပြောသောစကားကို တဖက်လူမှ ခံရည်မရှိခြင်း၊ ပြိုင်ဆိုင်လိုသောစိတ်ရှိခြင်း တို့ ကြောင့် အောင်မြင်မှုတို့ နှင့် ကင်းဝေးနေရခြင်းဖြစ်ပါသည်။
    အကယ်၍သင်သည် ဗုဒ္ဓဟူးသားသမီးတစ်ဖြစ်နေခဲ့သော (သို့ ) ဗုဒ္ဓတိုင်ဗုဒ္ဓဟူးနေ့ ကို ရောက်ရှိနေခဲ့သော ဗုဒ္ဓတိုင်၏ မူလစွမ်းအားကိုသာ ထိန်သိမ်းထားလိုက် (သို့ ) တိုင်၏အကြောင်းတရားကိုသာ  ပယ်သတ်လိုက်ပါ။ သင်သည်ဗုဒ္ဓတိုင်၏ ကောင်းကျိုး၏ ကောင်းကျိုးများကို အပြည့်အ၀ခံစားရရှိပါသည်။
   အကျိုးတရား 
    ၁                                    ၁    (အိုးအိမ်)    -    အောင်မြင်
    ၅                                    ၅    (အတွေးအခေါ်)    -    အောင်မြင်
    ၂                                    ၂    (ငွေ၊ အကြား)    -    အောင်မြင်
    -၄-    လူ (သို့) ဗုဒ္ဓတိုင်         -၄-   
   အကြောင်းတရား  
    ၀                                   ၀    (လောဘ၊ဒေါသ၊ မောဟ)၊၊(ပယ်သတ်)
    ၃                                   ၃    (စိတ်)        -     တည်ငြိမ် (ပယ်သတ်)
    ၆                                   ၆    (ခရီး၊ စကား) -    ချိုသာ (ပယ်သတ်)
    ဗုဒ္ဓဟူးတိုင်၏ မူလသည် (လူ) ဖြစ်ပြီး ၎င်းင်းလူ (သို့ ) ဗုဒ္ဓတိုင်အား တိုင်၏ စတုရန်းတွင်ရှိသော (စနေ) ဂြိုဟ်ဟုခေါ်သော လောဘ၊ ဒေါသ၊မောဟ ပင်ဖြစ်ပါသည်။ထို့ ကြောင့် ဗုဒ္ဓဟူးသားသမီးအများစုသည် ဒေါသ ကြီးပါသည်။ ဒေါသထွက်လွယ်ကူပါသည်။ ၎င်းင်းဒေါသကို ထောက်အပံ့ ပေးနေသည့်ဂြိုဟ်မှာ ဗုဒ္ဓတိုင်၏ အမြစ်နေရာတွင်ရှိသော (ခိုက်) ဟုခေါ် သည့်အင်္ဂါဂြိုဟ်ပင်ဖြစ်ပါသည်။အင်္ဂါဂြိုဟ်၏ အဓိပ္ပာယ် (စိတ်) ပင်ဖြစ် ပါသည်။ ဗုဒ္ဓဟူးသားသမီးများသည် စိတ်ထားအလွန်ကောင်းကြပါသည်။
    ကုသိုလ်စိတ်ရင်းနှင့် အကုသိုလ်စိတ်တို့ တွင် ကုသိုလ်စိတ်ရှိသော သူသည် မေတ္တာ ဂရိုဏစိတ် ကြီးမားသူဖြစ်ပါသည်။
    (ဥပမာ) လူတစ်ယောက်သည် အခြားသူတစ်ဦးတစ်ဦးယောက် အပေါ်တွင် ဥပေက္ခာတရား (သို့ ) ဥပေက္ခာစိတ်နှင့် ဆက်ဆံသည့် အခါ ၎င်းင်းတွင် ချစ်ခြင်း၊မုန်းခြင်း၊မရှိသည့်အတွက် ဒေါသစိတ်လည်းရှိတော့ မည်မဟုတ်ပါ။ မေတ္တာ ဂရုဏစိတ်ကြီးသူသည် မိမိ၏စိတ်စေတနာအား စော်ကားသော အပြုအမူမျာကိုတွေ့ ရှိလျှင် ဒေါသအလွန်ထွက်ပါသည်။၎င်းင်းဒေါသနေရာကို ထပ်မံ၍အထောက်အပံ့ပေးနေသောဂြိုဟ်တစ်ခုမှာ တြိရန်တွင် ရပ်တည်နေသော (စကား) ဟုခေါ်ဆိုသည့် သောကြာဂြိုဟ်ဖြစ် ပါသည်။
    စိတ်ထားအလွန်ကောင်းသောသူတစ်ယောက်သည် မိမိ၏စိတ် စေတနာနှင့် မေတ္တာတရားကို စော်ကားခံရသောအခါ နှုတ်ထွက်စကားတို့ သည် တည်ငြိမ်မှုမရှိဘဲ (အထိန်းအကွပ်မရှိတော့ဘဲ) ပရမ်းပတာနှင့် ပြောချင်ရာပြောတတ်ပါသည်။ဂရုဏ (ဒေါသ) ရင်မှာပွင့်ထွက်လာသော စကားများဖြစ်သောကြောင့် စကားပြောရာတွင် ကြမ်းတမ်းနေတ်ပါသည်။ အများကနှုတ်ကြမ်းသည်ဟု ပြောဆိုကြပြီး၎င်းင်းကိုယ်တိုင်ကလည်း(ကျုပ်ကတော့ မပြောရင် အရှင်းမပြော၊ ပြောမိရင်တော့ပိသာလေးနဲ့ ဘေးပြစ်ဘဲ) ဟု ဂုဏ်ယူ နေတတ် ကြပါသည်။
    ထို့ ကြောင့် ဗုဒ္ဓဟူးသားသမီးအများစုသည် န၀င်းတွင်ရှိသော အိမ်ထောင်ရေးတည်ငြိမ်မှုမရှိခြင်း၊ ညီအစ်ကိုမောင်နှမများ နှင့်မတည်ခြင်း၊ တကိုယ်တည်းသီးခြားနေလိုစိတ်ရှိခြင်း၊ယှဉ်ပြိုင်လိုသောစိတ်ရှိခြင်း၊ အုပ်စု အပေါ်တွင် ဗိုလ်ကျအနိုင်ယူလိုစိတ်ရှိခြင်း၊ဒေါသကြီးခြင်း အစရှိသော မျိုးကွဲဥပဒေများထွက်ပေါ်လာကာ စီးပွားနေရာတွင် ကြာသပတေးဂြိုဟ် ဂဏန်း၏ ပရိယာယ်အရ အပျော်အပါး မက်မောခြင်း၊ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရရှိလျှင် အပျော်ပါးမက်၍ဘာသာရေးလိုက်စားမှု၊ နည်းပါး သွားခြင်း၊ပညာရေးတွင်အောင်မြင်မှုမရှိဘဲ လောင်းကစားသမား၊ အရက် သမားများဖြစ်နေခြင်း၊တဖန်ပဉ္စပွတ်နေရာတွင်ရှိသော ငွေဆိုသော တနလာင်္နံ၏ ပရိယာယ်အရ ငွေကြေးရှာဖွေရခက်ခဲခြင်း၊ရရှိသော ငွေကြေးများမိန်းမလိုက်စား၍ပြန်ကုန်ခြင်း၊ မယားငယ်အတွက် ကုန်ခြင်း၊ အမျိုးသမီးများရုပ်ရှင်ပွဲလမ်း ကုန်ခြင်း၊ကြေးတင်ခြင်း၊ လောင်းကစား  အတွက် ငွေကြေးသုံးစွဲမှုများခြင် အစရှိသော မျိုးကွဲဥပဒေသတိုက်ဆိုင် ကြုံတွေ့ ရပါမည်။
  အကျိုးတရား (ဆောင်ပန်း)
     ၁    (န၀င်း)
    ၅    (စီးပွား)   
    ၂    (စုပ်)   
    -၄-
    အကြောင်းတရား (နင်းကြမ်း)
    ၀    (နာ)
    ၃    (ခိုက်)   
    ၆    (ပျက်)
    အထက်မှာဆောင်ပန်း၊ အောက်မှာနင်းကြမ်း တခန်းယူမှးီကြဆို သောဆရာတော်ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာဥပဒေသအရ ဗုဒ္ဓဟူးသားသမီး(သို့)လူတိုင်ပညာခန်းတွင် လူတစ်ယောက်သည် ၎င်းင်းဒင်းကြမ်းဖြစ်သော (စနေ) ပရိယာယ်အရ လောဘ၊ဒေါသ၊ မောဟ၊ ကိုရှောင်ပါ၊၊ န၀င်းဖြစ်သော (အင်္ဂါ) ပရိယာယ်အရ မိမိစိတ်ကို တည်ငြိမ်အောင်ထားပါ။ ဥပေက္ခာစိတ်နှင့်မုဒိတာပွားပါ။ ဒေါသစိတ်ကို လျှော့ပါ။ ထို့အပြင် (သောကြာ) ပရိယာယ်အရ စကားကိုချိုသာစွာပြောပါ။ယှဉ်ပြိုင်လိုစိတ်များ ရှောင်ပါ။ မသွားသင့်သော ခရီးမျာကို ဇွတ်မသွားရ၊ ဥပဒေနှင့် ငြိစွန်းသော စီးပွားရေးလုပ်ငန်းများကို ရှောင်ပါ။
    အထက်ပါအကြောင်းအရာများကို ဗုဒ္ဓဟူးသားဖြစ်သော သင် ရှောင်နိုင်ပြီဆိုပါက န၀င်းတွင်ရှိသော (တနင်္ဂနွေ) ဂြိုဟ်ပရိယာယ်အရ အိမ်ထောင်ရေးသာယာခြင်း၊သွေးသားအုပ်စုပ်များ၏ ကြည်ညိုလေးစား မှုကိုခံရခြင်း၊အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရခြင်း စသောအကျိုးတရား မျာကိုရရှ၍ စီးပွားနေရာတွင်ရှိသော (ကြာသပတေးဂြိုဟ်) ပရိယာယ်အရပညာရေးတွင် ထူးချွန်ခြင်း၊ ဘာသာရေးလိုက်စားမှု ပေါက်မြောက်အောင်မြင် ခြင်း၊ အတွေးအခေါ် အကြံဥာဏ်ကောင်းနှင့် စီးပွားရေးလုပ်ငန်းများအောင် မြင်ခြင်း အစရှိသော ငွေကြေးရှာဖွေရလွယ်ကူခြင်း ၊ ငွေကြေးအထောက် အပံ့များ ရရှိခြင်း၊ထီ (သို့ ) အမွေရရှိခြင်း အစရှိသော အကျိုးတရားများကို ရရှိပါမည်
    ကျွန်ုပ်တို့  ကိုးကွယ်နေသည့် ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ဗုဒ္ဓဟူး နေ့ တွင်သဗ္ဗညုတဥာဏ်တော်ကို ရရှိခဲ့ ပါသည်။၎င်းင်းသဗ္ဗညုတဥာဏ်တော် ကို မြတ်စွာ ဘုရားရရှိခဲ့ ခြင်းမှာလည်း (စိတ်) ဟူသော နာမ်တရားကို ထိန်းချုပ်နိုင်ခြင်း စိတ်ကိုအနိုင်ရ ၍ တည်ငြိမ်မှုရှိခဲ့ သောကြောင့် —၎င်းင်းဥာဏ် တော်ကြီးကို ရရှိခဲ့ ခြင်းဖြစ်ပါသည်။
    ၁                                           ၁
    ၅    (အညွန့်)                            ၅    (သဗ္ဗညုတဉာဏ်) အကျိုးတရား
    ၂                                          ၂
    -၄-                                       -၄-
    ၀                                           ဝ
    ၃    (အမြစ်)                             ၃    (စိတ်) အကြောင်းတရား
    ၆                                           ၆
    ထို့ ကြောင့် ဗုဒ္ဓဟူးသားသမီးများ အားလုံး (သို့ ) ၇ နေ့နံသားသမီး များ ဗုဒ္ဓဟူးနေ့သို့ရောက်ရှိသောအခါ အထက်ပါအကြောင်းတရားများကို ရှောင်ကြဉ်ပါကဗုဒ္ဓတိုင်၏ကောင်းမွန်သောအကျိုးတရားများကိုပိုင်ဆိုင်ရရှိ၍ စိတ်လည်းချမ်းသာလူလည်းကျန်းမာ စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာဆန္ဒ အားလုံး ပြီးမြောက်အောင်မြင်ကြမည်ဖြစ်ပါသည်။