ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Thursday 20 November 2014

(၃)ကြွင်းမဟာဘုတ်

(၃)ကြွင်းမဟာဘုတ်

    (၃) ဘင်္ဂအိမ်- စိတ်အပျက် (မတည်ငြိမ်)
    (၆) မရဏ- ခရီး၊ စကား (အဆိုး)
    (၂)အထွန်းအိမ်- ငွေ၊ အကြား (ကြားဝါမှု)
    (၅)သိုက်အိမ်- ပညာ၊ အတွေးအခေါ် (လွဲမှား)
    (၁) ရာဇအိမ်- အိမ်ထောင် (မလည်ရှုပ်)
    (၄) ပုတိအိမ်- လူတစ်ကိုယ်လုံး (ဖုံးကွယ်)
    (၀) အဓိပတိအိမ်- ထင်ပေါ်မှု (ဘ၀င်မြင့်)
        (၃)ကြင်း ကျား၊ မ ဘင်္ဂခွင်တွင် အင်္ဂါဂြိုဟ် (စိတ်) အပျက်လှုပ်ရှား မှုဖြစ်သဖြင့် စိတ်ပျက်လွယ်သည်။စိတ်ဆိုးလွယ်သည်။ စိတ်ပြေလွယ်သည်။ အနီးကပ်ပေါင်းသင်းရခက်သောလူမျိုးဖြစ်သည်။ ဘင်္ဂခွင်တွင် ၀ါယောဓာတ ပျက်နေသည်။ အိမ်ထောင်ရေးကိစ္စသည် လက်တွေ့သာဖြစ်၍ ခံစာမှုအား နည်းသည်။ စိတ်မြန်သဖြင့် လူမြန်သည်။ ၀ါယောဓာတ်ပျက်သောကြောင့် လေကိုအားပြုရသောနေရာတွင် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဆုံးခန်းတိုင်ကြ၏။
    လင်မယားခြင်ထောင်ထဲရောက်မှပြသာနာတက်သည်။ဘ၀တွင် ဘင်္ဂခွင်ကို နိုင်၍အောင်လိုပါကလျှပ်တစ်ပြက်ထိတွေ့မှုများ၌ စိတ်ထိန်း ချုပ်နိုင်စွမ်းရှိလျှင်ဘ၀တွင် အဓိပတိမှာရှိသော ထင်ပေါ်မှုများရရှိမည်။ နာမည်ဂုဏ်သတင်းကြီးမည်။ သွားလာလှုပ်ရှားသောနေရာတွင် ထင်ပေါ်မှု ဂုဏ်သတင်းကြီးသည်။    (က)  စကား အဆိုး
    (ခ)   လှုပ်ရှားမှု အဆိုး
    (ဂ)   ခရီးသွားလာမှု အဆိုး
    (၃) ကြင်း ကျား၊မ မွေးသည့်နေ့တိုင်အောင် အတိုက်အခံအပြိုင် အဆိုင်အားကြီးသည်။ ဘ၀တွင် အတိုက်အခံအပြိုင်အဆိုင်နှင့် အမြဲကြုံ တွေ့နေမည်။ (၃) ကြင်းများသည် မွေးတစ်နေရာ ကြီးတစ်နေရာဖြစ်သည်။ ကျော်ကြားမှုဖြစ်လျှင်လည်း တစ်နေရာဖြစ်နေပြန်သည်။ လူလတ်ပိုင်း အရွယ်တွင် ငွေကြေးအရလွယ်ကူ၍ သိန်း၊ သောင်းချီ၍ကိုင်ကြရသည်။ (၃)ကြင်းများသည် မွေးအမေတစ်ဦး၊ ကျွေးအမေတစ်ဦးဖြစ်၍ နောက်ပိုင်း တွင် မိခင်နို့ကိုပင် ၀အောင်မစို့ရသည်ကများသည်။ သွားနှင့်ပက်သက်သော ရောဂါများအဖြစ်များသည်။
    မရဏနေရာတွင် သောကြာနံရှိသဖြင့် (၃)ကြင်းစိတ်နှင့် အခန့်မသင့် လျှင် နှုတ်ထိန်းချုပ်နိုင်စွမ်းမရှိ လက်လွတ်စပယ်ပြောတတ်ကြသဖြင့် ပြောဆိုသောစကား ထိမိပီပြင်သောကြောင့် နားထောင်ရသော တစ်ဖက်လူ မှာ မခံနိုင်ဘဲ နာကျင်မှုများ ဖြစ်သွားကြ၍ ရန်များခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း များ ဖြစ်တတ်ကြသည်။ (၃)ကြင်းများမွေးရပ်ဒေသမှာ မကျော်စောဘဲ တစ်ရပ်တစ်ကျေးမှာ နေထိုင်လျှင် အောင်မြင်သည်။
    (၃) ကြင်းများ ဖြတ်ထိုးဉာဏ်ကောင်းပြီး မျက်စိလျှင်သည်။ ဒေါသကြီးလျှင် လွန်စွာကြီး၍ သနားစရာရှိလျှင် လွန်စွာသနား တတ်ကြသည်။ သောကြာနံ (၆)ဂဏန်း မရဏနေရာတွင်ရှိသဖြင့် တည်ငြိမ်မှုမရှိဘဲ ကိုယ်၊ စိတ် နှုတ်(၃) ပါးစလုံး လှုပ်ရှားအားကောင်းကြပါက ဘ၀တွင် တည်ငြိမ်မှုမရှိဘဲ တည်တည်ငြိမ်ငြိမ်နှင့် စကားနည်းသူများ လွန်စွာအောင်မြင်ကြသည်။
    ဘုန်းကြီးရဟန်းဝတ်ပါက လွန်စွာအောင်မြင်သည်။ သင်္ဘောသားလုပ်ငန်းအကျိုးပေးသည်။ အစိုးရလုပ်ငန်းအကျိုးပေးသည်။ ကိုယ်ပိုင် လုပ်ငန်းများအကျိုးမပေးပါ။ အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်နှင့် မကြာခဏစကားများ၍ အိမ်ထောင်ရေးဆူပူနေကြသည်။ ဘာသာရေး ကိုင်းရှိုင်းသူများဖြစ်ပါက ကံပေး၍ဖြစ်သော ထီဆုကြီးများပေါက်တတ်သည်။ မိဘညီအစ်ကိုမောင်နှမများနှင့် မတည့်သူများသည်။ တစ်နေရာထဲ အငြိမ်မနေဘဲ ခရီးသွား၍စီးပွားရှာသူများ လုံးဝအဆင်မပြေပါ။ (၃) ကြင်းကျားမအသံကောင်းသော်လည်း အဆိုတော်လုပ်ငန်း နှင့်အကျိုး မပေးပါ။ (၃)ကြင်းအဝေး အနီးလူနှင့် မတည့်ပါ။
    (၃)ကြင်းများ မွေးထုတ်လိုက်သော သာသမီးကို လိုအပ်သလို ပုံစံချ၍မရပါ။ သားသမီးအကျိုးပေးမှုကို သေသည့်နေ့အထိ မခံစားရပါ။ အတိတ်ကံအားကောင်းသော်လည်း နှုတ်အဆိုးသဘောကြောင့် မိမိအလုပ် အိမ်ဌာနများတွင် မလိုမုန်းထားသူများ၍ တိုးတက်မှုကို ဖျက်ဆီးသူများနှင့် ကြုံတွေ့ရသည်။
    သံ၊ သစ်၊ သွပ်၊ အသံနှင့် ပက်သက်သောလုပ်ငန်းများအကျိုးမပေး ပါ။ စိတ်မြန်၊ ကိုယ်မြန် (၃)ကြင်းသည်မရဏဉာဉ်ဖြစ်၍ စိတ်သမာဓိရှိရှိ စကားနည်းနည်း (၃)ကြင်းသည် အထွန်းဖြစ်ပါသည်။ အထွန်းဉာဉ်သမား များ ဘ၀တွင် လွန်စွာအောင်မြင်ကြသည်။ (၃)ကြင်းများအတူမိသားစု အပေါ်တွင် အခွင့်အရေးယူကြ၏။ (၃) ကြင်းကျား၊ မ ကျောက်အရောင်း အ၀ယ်လုပ်ငန်း၊ ကားအရောင်းအ၀ယ်လုပ်ငန်းများ အကျိုးပေးသည်။ မိမိ ကိုယ်တိုင်တွင် တန်ဖိုးရှိသော ကျောက်ကို ကိုယ်နှင့်မကွာဝတ်ဆင်ထားပါက အဆောင်ကောင်းဖြစ်၍ ငွေကြေးနှင့်ပက်သက်၍အရလွယ်ကူသည်။    (၃)ကြင်း ကျား/မ အထွန်းခွင် ငွေအကြားလွန်နေသဖြင့် (၃)ကြင်း များ နဂိုရ်ငွေရှိပြီးသားမို့ ငွေမက်သော စိတ်ဖျောက်ရမည်။ မွေးသည့်နေ့မှ သေသည့်နေ့တိုင်အောင် ငွေလာဘဖျောက်နိုင်လျှင် တစ်သက်လုံးငွေမရှား သူများဖြစ်လိမ့်မည်။ သိန်းဆုကြီးများပေါက်၍ ငွေအထုပ်လိုက်ရကြသော သူများဖြစ်ကြ၏။ ထို့သို့ရသောသူများနှင့် ငွေအထုပ်လိုက်ရသောသူများ သည် အနန္တောအနန္တ (၅)ပါးကို ကိုင်းရှိုင်းသူများဖြစ်ကြ၏။ မရဏဉာဉ် အားကောင်းသော (၃)ကြင်းသည် လူပုံအလယ်တွင်အကြားသန်သည်။ သူ့နှုတ်ကမရ၊ ရအောင်ကြားလေသည်။ ပိုက်ဆံအနည်းငယ်ရှိက သိန်းသောင်းအထိ ပြောဆိုကြ၏။ (၃)ကြင်း ငွေကြေးနှင့်အကျိုးပေးမှုသည် အကုသိုလ်၊ ဘယ်လို ပင်ရှိရှိ နှစ်ဖက်မှရတတ်၏။ စကားနည်းနည်းပြော၍ ရိုးရိုးအေးအေးနေလျှင် အထွန်းဉာဉ်ဖြစ်၏။(၃)ကြင်းမဟာဘုတ်တွင် (သိုက်) ဌာန၌ ပညာအတွေး အခေါ် ပညာမာနစိတ်ရှိသည်။ အတွေးအခေါ်ပညာများသည် အကျပ်အတည်း ဖြစ်နေသည်။ အတွးခေါ်တို့သည် အမှန်အကန်မဖြစ်ဘဲ လွဲမှားသော အတွေးမျိုးဖြစ်သည်။ မဟုတ်သည့်နေရာတွင် လွန်စွာတော်သည်။ မိသားစုထဲတွင် သူသာအတတ်ဆုံး၊ အသိဆုံးကျန်လူအားလုံးငတုံးဟု ထင်ကြသည်။ ၎င်းင်းအတွေးခေါ်ကို မှားယွင်းမှုကြောင့် အနီးကပ်လူများ ၎င်းင်းအတွေးခေါ်ကို ဆန့်ကျင်ကြ၏။ အတွေးခေါ် တစ်ယူသန်သည် (၃)ကြင်း ကြာသပတေးပိုဆိုးသည်။ မိသားစုတွင် (၃) ကြင်း ကြာသပတေးပါလျှင် ၎င်းင်းမိသားစုအားလုံး၊ အားလုံးအုပ်စုကွဲတော့သည်။(၃)ကြင်း ကျား၊ မ အားလုံးရာဇနေရာတွင် တနင်္ဂနြွေဂိုဟ်ရှိနေ ပါသည်။ အိမ်ထောင်ရှုပ်ခြင်း၊ အိုးအိမ်ရှုပ်ခြင်း၊ အုပ်စုရှုပ်ခြင်း၊ တနင်္ဂနေနှင့် ပက်သက်၍ မလည်ရှုပ်ထွေးသောဘ၀တွင် ရှုပ်ထွေးကြ၏။ (၃)ကြင်းရာဇ စရိုက်တွင်ကြည့်ပါက ကိုယ်တိုင်လည်း ရှုပ်သည်။ သူများလည်းရှုပ်စေ ချင်သည်။ အိမ်ထောင်ရေးကိစ္စတွင် ရှုပ်ထွေးမိပါက ရှင်းရခက်သော အိမ်ထောင်ရေးကိစ္စဖြစ်သည်။ မိဘဆွေမျိုးများ သေခန်းရှင်ခန်းပြတ် သည်အထိ ဖြစ်ကြရ၏။ မိသားစုအချင်းချင်း စေ့စပ်ကြောင်းခြင်းများ ပြုလုပ်ကာ အိမ်ထောင်ရေးကိစ္စများကို ရှုပ်ထွေးကြ၏။ ထို့ကြောင့် နှစ်ဖက် မိဘများ၏ ကဲ့ရဲ့ရှုပ်ချမှုကို ခံကြရ၏။ အံ့သြစရာကောင်းသောအချက်မှာ (၃) ကြင်း တစ်ယောက်ယောက်က အိမ်ထောင်ချပေးလျှင် ၎င်းင်းအိမ်ထောင် ရေးတစ်သက်လုံးမြဲ၏။
    ကိုယ်တိုင်ဆွေမျိုးနီးစပ်သူများနှင့် အိမ်ထောင်ရေးရှုပ်ခြင်း၊ မိသားစု စည်းလုံးညီညွတ်မှုပျက်ပြားအောင်အုပ်စုအရေးအခင်းများတွင် ပါဝင်ရှုပ် ထွေးခြင်း သူတစ်ပါးအိမ်ထောင်ရေးကိစ္စများတွင် ကိုယ်တိုင်ဝင်ရောက်ရှုပ် ထွေးခြင်းအစရှိသော ရာဇဉာဉ်စရိုက်များကို မရှောင်ကြဉ်ဘဲ ပြုလုပ်မည်ဆို လျှင် လူတစ်ကိုယ်လုံးရောဂါအနာတရများပြီး ဆရာဝန်လက်မြောက်ရသော နာတာရှည်ရောဂါများဖြစ်ကြ၏။ (သို့)သွားလာလှုပ်ရှားလည်ပတ်ရာတွင် လမ်းခရီးအန္တရာယ်များကျရောက်၍ ဥပစ္ဆေဒကကံဖြင့်သေကြရ၏။
(၃)ကြင်း ကျား၊ မအားလုံး ပုတိနေရာတွင် (လူ) လူတတစ်ကိုယ်လုံ်းှိဲု့ ရောက်ရှိနေပါသည်။ ထို့ကြောင့် (၃)ကြင်းမရဉာဉ်အားကောင်းလျှင် ကာမဂုဏ်ကိစ္စများကိုပီပြင်အောင်ပြောရဲဆိုရဲကြ၏။ ကာမဂုဏ်စိတ် သည်စိတ်တွင်မရှိဘဲ ရုပ်တွင်အပြည့်ရှိသဖြင့် အနီးကပ်ထိတွေ့မှုများလျှင် လွန်လွန်ကျွံ့ကျွံ့ဖြစ်တတ်ကြ၏။ ကျား၊ မ အားလုံး ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့မှုများပါက ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်စွမ်းမရှိကြပါ။ မောင်နှမ ၀မ်းကွဲများ သွေးသားနီးစပ်သူများနှင့် အနေများပါက ညားတတ်ကြ၏။ ရုပ်တွင် ကာမဂုဏ်စိတ်ရှိသည့်အတွက် ကိလေသာစိတ်များသည် လူတစ် ကိုယ်ဖုံးကွယ်မှုဖြင့် အများမြင်ကွင်းတွင် အနေတည်သော်လည်း မျက်ကွယ် ရောက်လျှင် ဖုံးကွယ်လှုပ်ရှားတော့သည်။ (၃)ကြင်း ကျား/မ မျက်စိ လျှင်သည်။ အရှက်အကြောက်ကြီး၏။(၃)ကြင်း အားလုံးတို့၏ အဓိပတိနေရာတွင် စနေဂြိုဟ် (၀)ဂဏန်း ရောက်ရှိနေပါသည်။ လူမြင်းကွင်းတွင် ထင်ပေါ်မှု အဓိပတိရှိသဖြင့် လူတစ် ကိုယ်လုံးထင်ပေါ်မှုရှိစေရန် သူ့ကိုယ်သူ ပုံဖော်ကြ၏။ (၃)ကြင်း စနေ မာနကြီ၏။ ချမ်းသာချင်စိတ်ကြီးမား၏။ ငွေကြေးချမ်းသာသော (၃)ကြင်း များမောက်မာကြ၏ မာရာဏဉာဉ်အားကြီးသော (၃)ကြင်းများ ငွေရလျှင် ဥပဒေနှင့်မကင်းသောလုပ်ငန်းများကိုပင်လုပ်ကိုင်ရဲကြ၏။
    (၃)ကြင်းများအားလုံး ဒေါသကိုလျှော့ပါ။ တည်ကြည်စွာနေထိုင်ပါ။ လောဘစိတ်ကိုလျှော့ပါ။ ၀ါယောစိတ်ကဲ့သို့ မနေပါနှင့်။ မီးတောက် စိတ်ကဲ့သို့ တည်ကြည်စွာနေထိုင်ပါက လွန်စွာအောင်မြင်မှုများ ရရှိမည်ဖြစ် ပါသည်။
    အထက်ဖော်ပြေခဲ့သော (၃)ကြင်းဉာဉ်စရိုက်များသည် တစ်နေ့ချင်း သော်လည်းကောင်း၊ (၇)နေ့ဖွား(၃)ကြင်းများသော်လည်း သက်ဆိုင် နေပါသည်။ ဉာဉ်စရိုက်အားလုံးသည် (၃) ကြင်းမဟာဘုတ် တစ်ခုလုံးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ဖော်ပြခဲ့သော ဉာဉ်စရိုက်များကု သိရှိပြီးလျှင် မိမိ၌လိုအပ်နေသော အချက်အလက်များကို ပြုပြင်နေထိုင်ကြမည်ဆိုပါက စိတ်လည်းချမ်းသာ လူလည်း ကျန်းမာ၍ စိတ်သွားတိုင်းကိုယ်ပါလိုရာ ဆန္ဒများ ပြည့်ဝကြမည်ဖြစ်ပါသည်။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။