ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Thursday 13 November 2014

လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၅)

      လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၅)
                            စနေဂြိုဟ် (သို့) နိန္ဒာလောကဓံဂြိုဟ်
    ဗေဒင်လောကတစ်ခုလုံးနှင့် လူသားအားလုံး တို့အကြောက်ဆုံး ဂြိုဟ်သည် စနေဂြိုဟ်ဖြစ်ပြီး ကျွန်ုပ်တို့ပညာနှင့်ဆိုပါက နိန္ဒာလောကဓံ ပင်ဖြစ်သည်။ ဗေဒင်လောက တစ်ခုလုံးအတွက် စနေဂြိုဟ်သည် အဆိုးဆုံး ဂြိုဟ်ဖြစ်၍ ကျွန်ုပ်လောကဓံ (၈)ပါး ဗေဒင် အယူအဆနှင့်ဆိုပါက အကောင်းဆုံးဂြိုဟ်ဖြစ်ပါသည်။ စနေဂြိုဟ်ကို နားလည် သဘောပေါက်ပြီ ဆိုပါက လောကဓံ (၈)ခွင်လုံး မည်သည့်ဂြိုဟ်မှ ကြောက်စရာမလို တော့ဘဲ နိုင်နင်းကြလိမ့်မည်။
    နိန္ဒာဂြိုဟ်သည် လူသားအားလုံးတို့အား ဥပစ္ဆေဒကကံဟု ဆိုအပ်သော လွန်စွာကြောက်စရာကောင်းသော ဥပါဒ်ဘေးဆိုးတို့ကို ဖြစ်စေသော ဂြိုဟ်ကြီး ဖြစ်သည်။
    လောကုတ္တရာနယ်မြေ၏ အစဂြိုဟ်ဖြစ်သော အင်္ဂါဂြိုဟ် (သို့) အယသော လောကဓံဂြိုဟ်မှစ၍ မကုန်းသေးသ၍ ကျန်ရှိနေသော စီးပွားဥစ္စာ ငွေကြေးတို့သည် လက်စသက်သောအားဖြင့် နောက်ဆုံး ကုန်သောနေရာ ဖြစ်ပါသည်။
    ဓါတ်အားဖြင့် အန္နာဓါတ်ဖြစ်၍ အတွင်းမီး၊ အပြင်မီး နှစ်ပါးပယ်၍ လောင်မြိုက်ခြင်းကို ခံကြရသည်။စနေဂြိုဟ်၏ ဂြိုဟ်ပရိယာယ်များမှာ ထင်ပေါ်မှု၊ လောဘကြီးခြင်း၊ စပ်စုခြင်း၊ ဂုဏ်သိက္ခာ၊ ရာထူး၊ ထီ၊ ထီး၊ ဓါး၊ ဖိနပ်၊ မီးလောင်ခြင်း၊ ရန်ဖြစ်ခြင်း ဓါတ်မ၊ အချဉ်ဓါတ် နှင့် အခြားစနေနံ ပညတ်ချက်များဖြစ်ပါသည်။
    (၇)ရက်သားသမီးတို့သည် နိန္နာလောကဓံ (စနေဂြိုဟ်)သို့ ရောက်ရှိ ပါလျှက် လက်ရှိစီးပွားဖြစ်ထွန်း နေကြသေးလျှင် ၎င်းင်းစီးပွားရေးသည် တစ်သက်လုံးစောင့်ထိန်း အပ်သော စီးပွားဖြစ်သည်။
    နိန္နာခေါ် (စနေဂြိုဟ်)သည် မိစ္ဆာဒိဋ္ဌိအယူဖြတ်လမ်းစီးပွားရေး သမားများ၊ မတော်လောဘ စိတ်ကြီးသူများ အတ္တစိတ်ကြီးသူများ သတ်ကွင်း၊ သေကွင်းဖြစ် ပါသည်။ တစ်မြို့လုံး တစ်ရပ်ကွက်လုံးကုန်အောင် မီးလောင် မှုများသည် နိန္နာဂြိုဟ် ခတ်နေသော အိမ်များမှ အစပြုသည်။
    နိန္နာဂြိုဟ်၏ အဓိကအချက်ကြီးများမှာ
၁။    လက်ရှိပစ္စည်း ဥစ္စာအားလုံး တစ်ခုမကျန် ကုန်ဆုံးခြင်း၊
၂။    ရှိရှိသမျှ ဂုဏ်သိက္ခာအားလုံး သုံညသို့ရောက်အောင် ကျဆင်းခြင်း၊
၃။    လျပ်တစ်ပြတ် သွားလာရာတွင် ဘေးဥပါဒ်တွေ့ခြင်း၊
၎။    မိမိကို နေထိုင်ရာ အိုးအိမ်မီးလောင်ခြင်း၊
၅။    ထောင်ထမင်း၊ ဆေးရုံထမင်း စားရခြင်းတို့ဖြစ်သည်။
    နိန္နာဂြိုဟ်ခေါ် (စနေ)ဂြိုဟ်သည် အကဲ့ရဲ့ခံရသော ဂြိုဟ်ဖြစ်သော ကြောင့် ၎င်းင်းဂြိုဟ်သို့ရောက်ရှိသူအားလုံး ပတ်ဝန်းကျင် အနီး၊ အဝေး၊ အုပ်စု အဖွဲ့အစည်း အားလုံး၏ အပယ်ခံဘ၀သို့ရောက်ရ၏ နိန္နာဂြိုဟ်တွင် ထင်ပေါ်မှုရှိလျှင် အသက်ပါ သေသည့်အထိ ခံစားရသည်။
    လောဘ၊ ဒေါသ၊ မောဟကြီးသူများ ထောင်ထမင်း၊ ဆေးရုံ ထမင်းစားရမည်။ ကိုယ်၊ နှုတ်၊ စိတ်၊ (၃)ပါး မတည်ငြိမ်သူများ ပြဿနာ ပေါင်းစုံ တက်ကြရသည်။ မိဘမောင်ဘွားများမသိဘဲ ထင်ပေါ်မှုရှုပ်ထွေး ကြလျှင် မိန်းကလေးများဖြစ်ပါက သွေးနှင့် ပက်သက်သော ရောဂါဘေးများ ကြောင့် ခွဲစိတ်ရသည်အထိ အသက်ဘေးနီးကြသည်။ ငယ်ရွယ်သော မိန်းက လေးများ တိတ်တိတ်ပုံး ကိုယ်ဝန်များရရှိ၍ ဂုဏ်သိက္ခာကျပြီး အရှက်ကွဲကြ သည်။ နိန္နာ (စနေ)ဂြိုဟ် ရောက်ရှိလျှင် ကိုယ်ဝန် ဖျက်ချပါက အသက်ပါသေ သည့်အထိ ဖြစ်ကြရသည်။
    ကျားများဖြစ်က မိမိရောက်ရှိနေသော ဂြိုဟ်၏စွမ်းအားကြောင့် ပတ်ဝန်းကျင် အနီးအဝေးအားလုံး မိမိအားလုံးဝ သုံးမရအောင် ပြောဆို နှိမ့်ချဆက်ဆံခံရသဖြင့် ထင်ပေါ်လိုစိတ်ဖြင့် ယှဉ်ပြိုင်မှုပြုလျှင် မိမိ သာခံရ မည်။
    လောဘစိတ်ဖြင့် စီးပွားရှာပါကထောင်တန်းကျခြင်း စသည် တို့ဖြစ်၍ ၎င်းင်းတွင်ဖြစ်သော စီးပွားရေးပြန်လည်ကုန်သည့်အပြင် ကြေးများ ပါတင်၍ အရှက်ကွဲကြရသည်။ ငွေကြေးပင်ကိုယ်ရှိသူ ခန္ဓာကိုယ်ချွတ်ယွင်း ၍ ငွေကြေးကုန်ကြမှုများစွာဖြင့် ကုသမှုပြုသော်လည်း ရောဂါမပျောက်သည့် အပြင် ပို၍ဆိုးဝါးသွားလိမ့်မည် ငြိမ်ငြိမ်မနေဘဲ ခရီးသွားလာလှုပ်ရှား၍ စီးပွားရှာဖွေကြပါက ကားမှောက်ခြင်း၊ ရထား ပျက်ခြင်း၊ လေယာဉ်ပျက်ခြင်း များ ကြုံမည်။
    လူစုလူဝေးနှင့် အစုလိုက် အပြုံလိုက် သေခြင်းများသည် နိန္နာဂြိုဟ် ၏ သဘောများပင်ဖြစ်သည်။    ၎
    ၁
    ၅
    -၀-    (မူလ)
    ၃
    ၆    (လှုပ်ရှားမှု) ခိုက်
    ၂
    စနေတိုင်တွင် သောကြာဂြိုဟ်လှုပ်ရှားမှု (ခိုက်) နေရာတွင်ရှိ၍ ခရီးမှာ- စကားမှားပါက မူလတွင်ရှိသော စနေဂြိုဟ် ပျက်စီးစေသဖြင့် ၎င်းင်းဂြိုဟ်တွင် ဥပစ္ဆေဒက ကံနှင့် သေဆုံးပါက လူမသိ သူမသိ အကုသိုလ် အလုပ်များကို လုပ်နေသောသူဖြစ်၏ အမျိုးသမီးများ စနေတိုင်၏ (ခိုက်) ဖြစ်သော ခရီး/စကားမှားပါက မူလတွင်ရှိသော စနေဂြိုဟ် ပရိယာယ် (ကိုယ်ဝန်ပျက်ခြင်း/ သားပျက်သားလျှော)ခြင်း ဖြစ်စေပါသည်။
    နိန္နာဂြိုဟ် (စနေ)တွင် ဓါတ်လိုက်ခြင်း၊ အမြင့်မှကျ၍အကျိုး ကန်းခြင်း အဆိပ်ရှိသော သတ္တ၀ါကိုက်ခံရခြင်း၊ ခြေပြတ်၊ လက်ပြတ် သွေးထွက်၊ သံယို၊ ဥပါဒ် ဘေးဆိုး အပေါင်းသည် နိန္နာဂြိုဟ်ရောက်သူအား မလွဲတန်းဖြစ်စေသော အချက်များ ပင် ဖြစ်သည်။
    ၎
    ၁
    ၅
  - ၀ -    (မူလ)
    ၃
    ၆
    ၂    (ထွက်) ငွေ
      
   စနေတိုင်တွင် (ထွက်) နေရာတွင်ရှိသော ငွေကြေးဆိုင်ရာ ပြဿနာ များမှာ ငွေ၊ အထုပ်လိုက် အထည်လိုက်ဝင်ပါက မိမိအိမ်မှ ခြေနှစ်ချောင်း ထွက်မည်။ ကြက်၊ ငှက်၊ ခွေး၊ ကြောင်များထွက်ခြင်း၊ သေခြင်းများ ကြုံတွေ့မည်။
    စနေတိုင်တွင်ရှိသော အောက်(၃)လုံး ဂြိုဟ်နှင့်ပတ်သက်၍ တန်ဖိုးမရှိသော ပစ္စည်းများဝင်လာလျှင် ဂြိုဟ်တိုင်၏ နာမ်တူမိမိအိမ်မှ လူ၊ သတ္တ၀ါ၊ ပစ္စည်းများပြန်၍ ထွက်မည်။
    ၎
    ၁
    ၅
    - ၀ -
    ၃    (စက်) နှင့် အင်္ဂါနံပစ္စည်းများ
    ၆    သောကြာနံ တူပစ္စည်းများ
    ၂    (ငွေ) နှင့် တနင်္လာနံပစ္စည်းများ
    စနေဂြိုဟ်၏ ပရိယာယ်မူလမှာ (ထင်ပေါ်/ရှုပ်ထွေး) ဖြစ်သဖြင့် နိန္နာဂြိုဟ်တွင် ထင်ပေါ်မှု များများလုပ်လေ သေဘေးနီးလေဖြစ်သည်။ ပတ်ဝန်းကျင်၏ ချီးမွမ်းခံလျှင် အကုသိုလ်တက်သည်၊ နိန္နာတွင်ထီပေါက် လျှင် အသုဘစရိတ် ဖြစ်သွားမည်၊ အိမ်ရောင်းလျှင် နောက်ထပ်ရင်းစားမရ သည့်အပြင် ငွေကုန်လိမ့်မည်။
    စနေဂြိုဟ်တွင် ခွဲစိတ်ကုသမှုရှောင်ပါ၊ နိန္နာအ၀င်မှအထွက်အထိ ရောက်ရှိသူများ ခန္ဓာကိုယ်မှ သွေးမထွက်ဘဲ ဂြိုဟ်မှထွက်၍မရပေ၊ တချို့ သော နေ့သားသမီးသည် ဂြိုဟ်အိပ်နှင့်သက်ရောက် နှစ်ခုစလုံး နိန္နာဖြစ်နေ၍ လွန်စွာကြောက်စရာ ကောင်းသည်။ (စနေ) နှစ်ထပ်တွင် ခရီးဝေးသွားပါက ကြိမ်းသေခြေပြတ်၊ လက်ပြတ် ဖြစ်၍ အသက်ပင်သေသည့် အထိဖြစ်ကြရ၏။
    စနေဂြိုဟ်တွင် ကြာသပတေးသားသမီးများ သက်ရောက်ပါက (၅x၀) ဓမ္မာအတွင်းရန် ဖြစ်သဖြင့် အိမ်ထောင်ပြိုကွဲခြင်း၊ သွေးသား အုပ်စုပြိုကွဲခြင်း၊ ခန္ဓာကိုယ်တွင်း ခွဲစိတ်ကုသမှုခံရခြင်းများ ကြုံတွေ့ရတတ်၏။
    သောကြာသားသမီးများ စနေသက်ရောက်တွင် ခရီးဝေးသွားပါက ကျန်းမာရေးလွန်စွာညံ့၍ ဆေးရုံသို့ရောက်ရ၏၊ ဥပဒေနှင့်မကင်းသော လုပ်ရပ်များ လုပ်မိလျှင် အမှုအခင်းဖြစ်၍ ထောင်ကျသည်အထိ ဖြစ်ကြရ၏။ (၄)ကြင်းသောခုနှစ်တွင် မွေးဖွားသော (၇)ရက် သားသမီးတို့သည် ၎င်းင်းနယ် မြေသို့ ရောက်ရှိသောအခါ အမှုအခင်းဖြစ်ခြင်း၊ ကျန်းမာရေးညံ့ခြင်းများ ကြုံတွေ့ကြရ၏။
    တနင်္လာသားသမီးများအတွက် ၎င်းင်းနယ်မြေသည် ဘုမ္မိနယ်မြေ ဖြစ်သဖြင့် အိမ်ထောင်ပြိုကွဲခြင်း၊ အုပ်စုပြိုကွဲခြင်းနှင့် ကျန်းမာရေးညံ့ခြင်းတို့ ကြုံတွေ့နိုင်ပါသည်။ ၎င်းင်းနယ်မြေသို့ ရောက်ရှိသူများတွင် အထူးသတိပြုရ မည့်နေ့သားများမှာ
၁။    ၄ ကြင်း ကြာသပတေး (မရဏ နှင့် အတွင်းရန်)
၂။    ၄ ကြင်း သောကြာ (မရဏ နှင့် အပြင်ရန်)
၃။    ၄ ကြင်း တနင်္လာ (မရဏ နှင့် ဘုမ္မိနယ်မြေ) တို့ဖြစ်ကြပြီး နောက်ဆုံး နိဂုံးချုပ် အနေဖြင့် စနေဂြိုဟ် (သို့) နိန္နာလောကဓံသို့ ရောက်ရှိသူများသည် ဇိမ်မခံပါနှင့်။ ဇိမ်ခံလိုစိတ်များလေ သွေးထွက်လေဖြစ်ပါကြောင်း အထူးထပ် လောင်း သတိပေး လိုက်ပါသည်။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။