ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Sunday 19 October 2014

လူသားအပေါင်းတို့သည် မိမိရောက်ရှိနေသော လောကဓံ

    လူသားအပေါင်းတို့သည် မိမိရောက်ရှိနေသော လောကဓံတွင် မည်သို့ နေထိုင်ရမည်၊ မည်သို့ကြုံတွေ့ရမည်၊ ဘာတွေ လုပ်ရမည်။
    ဘာတွေရှောင်ရမည်ကို ဖော်ပြပါရေးသားထားသော အချက် အလက်များကို ကြည့်ရှုပြီး ဆင်ခြင်နေထိုင် သွားရန် ဖြစ်ပါသည်။ ကျွန်ုပ် ရေးသား ဖွင့်လှစ်မည့် လောကဓံမှာ ပဿံသာဟုခေါ် သော တနင်္ဂနွေဂြိုဟ် အကြောင်းပင် ဖြစ်ပါသည်။
    တနင်္ဂနွေဂြိုဟ်သည် နေမင်း၏ ကိုယ်စားသင်္ကေတဖြစ်ပြီး ၎င်းင်းကို ဗေဒင်အယူအခေါ် သူရဇ္ဇဟုခေါ်ပါသည်။ ၎င်းင်း၏ဂြိုဟ် ပရိယာယ်မှာ အိုးအိမ်၊ အိမ်ထောင်စု၊ အဖ၊ အကြီးအကဲ၊ ရှင်ဘုရင်၊ ဦးခေါင်း၊ အစာအိမ်၊ အနီရောင်၊ လူမျိုးအားဖြင့် ယိုးဒယား ကုန်းလမ်းခရီး၊ နတ်ကွန်း၊ တိုက်ပုံအင်္ကျီ၊ အရိုး၊ စပ်သောအရသာ၊ ကြေးနီ၊ လက်ရုံးရည်၊ သစ်အိမ်၊ ၀ါးအိမ်၊ အနှစ်ရှိသောအပင်၊ အရပ်ပုသူ၊ ယောက်ျားဂြိုဟ်၊ နှံပြီစုတ်ငှက် တို့ဖြစ်ပါသည်။
    ဂြိုဟ်ကြီး (၈)လုံးတွင် တနင်္ဂနွေဂြိုဟ် ဟုခေါ်ပြီး လောကဓံ (၈)ပါး တွင် ပဿံသာ ချီးမွမ်းခံရခြင်း အဓိပ္ပါယ်ရှိသော ဂြိုဟ်ဖြစ်၏ အန္တောမီးခဲဓါတ် ဖြစ်ပါသည်၊ ဂြိုဟ်ကြီး (၈)လုံးတို့၏ ဦးစီးခေါင်းဆောင်ဂြိုဟ်လည်း ဖြစ်ပါ သည်။ လူသားအားလုံးတို့၏ စိတ်ဆန္ဒအားလုံးတို့အား ဖြည့်ဆည်းပေးရာ နေရာဖြစ်ပါသည် (အ) အက္ခရာနှင့် ပတ်သက်၍ ရုပ်/နာမ် သဘာဝ တို့ရရှိ သော ဂြိုဟ်ကြီး ဖြစ်သည်။ ပဿံသာဂြိုဟ်၏ အဓိကအချက်များမှာ -
၁။    အတွင်းအပြင်၊ အနီးအဝေး လူစုလူဝေး အပေါင်းအဖေါ် ဦးစီး ခေါင်းဆောင်ပြုရခြင်း။
၂။    လုပ်ငန်းစီးပွားရေးများ မိမိစိတ်ဆန္ဒ အလိုရှိသလောက် လုပ်ကိုင်နိုင်ခြင်း၊ အောင်မြင်ဖြစ်ထွန်းခြင်း။
၃။    အိုးသစ်၊ အိမ်သစ်များရရှိခြင်း။

၎။    အိမ်သုံးပစ္စည်း အဖိုးတန်များရရှိခြင်း။
၅။    တန်ဖိုးရှိသော ရတနာပစ္စည်းများဝင်ခြင်း။
၆။    ရပ်ရွာ အဖွဲ့အစည်းများ၏ ဦးစီးခေါင်းဆောင်ဖြစ်ခြင်း။
၇။    အခြေအရံပေါခြင်း သွားလာရာအရပ်တွင် နာမည်ဂုဏ်သတင်း ကျော်ဇောခြင်း။
၈။    သူခိုး၊ လူလိမ် များနှင့် ကြုံတွေ့ခြင်း။
၉။    နယ်စွန် နယ်ဖျားသို့ သွားရောက်နေထိုင်ကြသူများ ဓါးပြတိုက်ခံရခြင်း။
    အထက်ပါ အကျိုးတရားများသည် ပဿံသာနယ်မြေ၏ စွမ်းအား များ ဖြစ်ပါသည်။ အံသြစရာကောင်းသောအချက်မှာ ပဿံသာနယ်မြေသို့ ရောက်သော ကာလတွင် သူခိုးခံရခြင်း၊ လူလိမ်ခံရခြင်း တို့ကိုကြုံတွေ့ပါက ဖြစ်ပြီးနောက်ပိုင်းတွင် ပျောက်သော ငွေကြေးထက် အဆပေါင်းများစွာ ပြန်ရကြသည်။ ပျောက်သော ငွေကြေးကို ပြန်ရအောင်ပြုလုပ်လျှင် နောက် ၀င်မည့် ငွေများ ပိတ်သွားသည်။ ၎င်းင်းဂြိုဟ်သည် ဂြိုဟ်(၈)လုံးတွင် ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုအများဆုံး ဂြိုဟ်ဖြစ်သော ကြောင့် ၎င်းင်းဂြိုဟ်သို့ ရောက်ရှိသူများ မာန်မာန အလွန်ကြီးမားကြသည်။
    ၅    (န၀င်း)    ပညာအတွေးအခေါ်
    ၂
    ၆   
    -၁-    (တနင်္ဂနွေဂြိုဟ်)
    ၎
    ၀    (ခိုက်) လောဘ၊ ဒေါသ၊ မောဟ
    ၃
    တနင်္ဂနွေတိုင်တွင် (န၀င်း)၌ ပညာ၊ အတွေးအခေါ် မြင့်မားနေပြီး (ခိုက်)တွင် ၎င်းင်းအတွေးအခေါ်ကို ဖျက်စီးမည့် လောဘ၊ ဒေါသ၊ မောဟရှိနေပါသည်။ ပဿံသာ ဂြိုဟ်တွင် ကြီးပွားချမ်းသာမှု အရှိန်အ၀ါကြောင့် မာန်မာနကြီးပြီး တယူသန် အတွေး အခေါ်ရှိသူများအား ပဿံသာဂြိုဟ်က လက်မခံပါ၊ ထို့ကြောင့် (ခိုက်)တွင် ရှိသော စနေဂြိုဟ် ပရိယာယ်များဖြစ်သော ထင်ပေါ်ကျော်ကြားမှု မက်မောခြင်း၊ လောဘ ကြီးခြင်း၊ ဒေါသကြီးခြင်း၊ မာန်မာနကြီးခြင်း အစရှိသော ဂြိုဟ်၏ ပရိယာယ်များကို ရှောင်ကြဉ်ရပါမည်။
    ၎င်းင်းတနင်္ဂနွေဂြိုဟ်ကို ထပ်မံ၍ ဖျက်စီးသော ဂြိုဟ်နှစ်ခုလုံးတို့မှာ တနင်္ဂနွေ တိုင်၏ တြိရန်းဌာနတွင် ရပ်တည်နေသော (စိတ်) နှင့် စတုရန်းဌာနတွင် ရပ်တည် နေသော (လူ) တို့ဖြစ်ပါသည်။
    ၅        ၅
    ၂    (ငွေ၊ အကြား)    ၂
    ၆        ၆
    -၁-        -၁-
    (၄)    (လူ) မမှန်ခြင်း    (၄)    (အနီးဆင်ဝှေ့)
    ၀        ဝ
    (၃)    (စိတ်) မမှန်ခြင်း    (၃)    (အဝေးခြင်္သေ့)
    အနီးဆင်ဝှေ့၊ အဝေးခြင်္သေ့ ပညာခန်းအရ ၎င်းင်းဂြိုဟ်တွင် ငွေကြေး ပြည့်စုံ သူများသည် မိမိလက်အောက်ရှိလူများကို စိတ်မမှန်မှုဖြင့် မာန်မာန ထားကာ အနိုင်ယူ လေ့ရှိပါသည်။ ထို့ကြောင့် ပဿံသာဂြိုဟ်ပျက်စီးသွား သည်။ ၎င်းင်းစိတ်ဓာတ်များကို ရှောင်ကြဉ်ရန် အထူးအရေးကြီးပါသည်။
    ပဿံသာဂြိုဟ်သို့ရောက်ရှိသူအားလုံးတို့သည် လူပျိုလူလွတ်များ ဖြစ်ကြပါက သွားလေရာအရပ်တွင် လူချစ်လူခင်များ၍ မိန်းကလေးများ ဖြစ်ပါက ငွေကြေးချမ်းသာသူ၊ ကြီးကျယ်ခန်းနားသူ၊ ပညာရှိများနှင့် စေ့စပ် ကြောင်းလမ်း၍ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာပွဲများပြုလုပ်ရမည်။ စီးပွားရေး သမားဖြစ်ပါက မိမိငွေပင် ငွေရင်းအား ကောင်းစွာနှင့် စီးပွားရေးလုပ်ငန်းများသေတတ်သည်။ နေအိမ်တွင် အိမ်ထောင်ရေးရှုပ်ထွေး မိလျှင် လာဘ်ပိတ် မည်။
    လဘောဂြိုဟ်သည် သန့်ရှင်းသောဂြိုဟ်ဖြစ်သောကြောင့် အိမ် ထောင်ညစ်ညမ်းမှုကို လက်မခံပါ။ န၀င်းတွင်ရှိသော (၆) ဂဏာန်းစကား ပရိယာယ်အရ စကား နည်းနည်းပြောပါ။ ချိုသာသောစကားတို့ကို ပြောဆိုပါ။ ထင်ပေါ်မှုအထုပ်အထည် (ဆပွတ်) နေရာတွင်ရှိသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုမရှိဘဲ မှန်ကန်သူများ ဖြစ်ပါက နာမည် ဂုဏ်သတင်း ထင်ပေါ်၍ ငွေအထုပ်လိုက်အထည်လိုက်ရမည်။ (ခိုက်) နေရာတွင်ရှိသော (တနင်္ဂနွေ) အုပ်စုအဖွဲ့အစည်းများဦးစီးမှုမှ ရှောင်ကြဉ်လျှင် ဂြိုဟ် တိုင်၏မူလတွင်ရှိသော (ငွေ) မပြတ်တော့ပေ။


 အကျိုးတရား နံပါတ် ၆၊ ၃၊ ဝ

     ၆    (စကား)   (န၀င်း)
    ၃      
    ၀    (ထင်ပေါ်မှု၊ အထုပ်အထည်)   
    -၂-    (ငွေ)    (မူလ)


 အကြောင်းတရား နံပါတ် ၅၊ ၁၊ ၎

   
    ၁    (အုပ်စု၊ အဖွဲ့အစည်း)  (ခိုက်)   
    ၎
    

      အကြောင်းတရားကောင်းပါမှ အကျိုးတရားကို ကောင်းမွန်စွာရရှိ မည်ဖြစ်ပါသည်။ အတွေးအခေါ်သည် (နာ) နေရာတွင်ရှိသည့်အတွက် မှန်မှန်ကန်ကန်တွေးခေါ်ပါ။ (ထွက်/ပျက်) နေရာတွင် (၄) ဂဏာန်း ဗုဒ္ဓဟူးလူရှိနေပါသဖြင့် ဒုက္ခရောက် သူများ မိမိအိမ်ပေါ်သို့ ခေါ်တင်ထားလျှင် မိမိ၏မိသားစု ကျန်းမာရေးညံ့မည်။ (ခိုက်) နေရာရှိ ပစ္စည်းများဝင်လာလျှင်(မူလ) အိမ်ထောင် ရေးကိစ္စမှန်ကန်ဖို့လိုသည်။ (မူလ) ပျက်လျှင် အညွန့်ကျိုး မည်။ ၎င်းင်းဂြိုဟ်သည် လူသားတို့၏ ကောင်းကျိုးချမ်းသာအ၀၀ကို ပေးစွမ်းနိုင်သဖြင့် အမြစ်၊ အညွန့် မတွန့်စေရ၊ ပညာခန်းအရ အမြစ်တွင် ရှိသော စနေ(၀) ဂဏာန်း ပရိယာယ်၊ မာန်မာန ကိုပယ်သတ်ပါက အညွန့် တွင်ရှိသော ငွေကြေးများပိုင်ဆိုင်ရရှိပါမည်။
    ၎င်းင်းစနေဂြိုဟ်၏ ပရိယာယ်ဖြစ်သော မာန်မာနကို မပယ်သတ်နိုင် ပါက တနင်္ဂနွေဂြိုဟ် (ပဿံသာနယ်မြေ)၏ သမသတ်ဖြစ်သော စနေဂြိုဟ် (နိန္ဒာနယ်မြေ) ၀င်ရောက်ဒုက္ခပေးမှုကြောင့် အမှုဖြစ်ခြင်း၊ ထောင်ကျခြင်းများ ကြုံတွေ့ပါမည်။





    ပဿံသာဂြိုဟ်တွင်ရရှိသောငွေကြေးအားလုံး စုဆောင်းနိုင်ခြင်း၊ ၀င်ငွေများ၍ထွက်ငွေနည်းခြင်း၊ ၀င်ငွေအဆမ တန်ပိုလာခြင်း၊ ခေတ်မီအိမ်သုံး ပစ္စည်းများဖြစ်သော တီဗွီ (ွှဠ)၊ ရေခဲသေတ္တာ၊ ကား၊ ပန်ကာ၊ ဘီဒို၊ စက်ဘီး၊ ဆိုင်ကယ် အစရှိသော ပစ္စည်းများ ၀င်လာမည်။
    ၎င်းင်းဂြိုဟ်တွင် အထူးသတိပြုရမည့်နေ့သားများမှာ (၅)ကြင်း တနင်္ဂနွေများ (သို့) (၅) ကြင်းနှစ်တွင် မွေးဖွားသူများ၊ မရဏနယ်မြေဖြစ်သဖြင့် အိမ်ထောင်ရေး ပြဿနာများပေါ်ပေါက်ခြင်း၊ ကျန်းမာရေးတွင် ဦးခေါင်း၊ ဆီးလမ်း၊ အစာအိမ်၊ ၎င်းင်းရောဂါများ ရုတ်တရက် ၀င်ရောက်နိုင်၍ သတိပြု သင့်ပါသည်။
    (ဒုတိယ)သတိပြုရမည့် နေ့သားများမှာ အင်္ဂါသားသမီးများ ဖြစ်ပါသည်။ တနင်္ဂနွေဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့သည် (ဦးညို) အပြင်ရန်ကျ ရောက်နေ သဖြင့် စီးပွားရေးပြဿများ၊ အမှုအခင်းများ၊ ခရီးဝေးသွားပါက ကားတိုက်၊ ကားမှောက်၊ ဓါးမြမှု၊ မုဒိန်းမှုများ ကြုံတွေ့နိုင်ပါသည်။
    (တတိယ)သတိပြုရမည့် နေ့သားများမှာ ဗုဒ္ဓဟူးသားသမီးများ ဖြစ်ပါသည်။ တနင်္ဂနွေဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်သည် (အင်းဝ) အတွင်းရန်ကျ ရောက် နေပါသည်။ အတွင်းရန်၏ သဘောမှာ အိမ်တွင်းအတူနေများ ပဋိပက္ခဖြစ်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောဂါများ ဖြစ်ခြင်းတို့ ကြုံတွေ့နိုင်ပါ သည်။
    (စတုတ္ထ)သတိပြုရမည့် နေ့သားများမှာ ကြာသပတေးသား သမီးများဖြစ်ပါ သည်၊ ၎င်းင်းကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်၏ (၄) ခွင်မြောက် ဘုမ္မိနယ်မြေဖြစ် သောကြောင့် ကျန်းမာရေး၊ အိမ်ထောင်ရေးနှင့် အိုးအိမ်ကိစ္စများ ဖြစ်ပေါ်လာနိုင် ပါသည်။

““ လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၁) ””

                  ““ လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၁) ””

တနင်္ဂနွေဂြိုဟ် (သို့) ပဿံသာဂြိုဟ်
     
            ယနေ့မျက်မှောက်ခေတ် လူသားတို့သည် ဗေဒင်ပေါင်းမြောက်များ စွာ တွက်ချက်၍ မိမိတို့၏ ဘ၀ကံကြမ္မာ ရှေ့ရေးကို သိလိုနေကြသည်။ အကြောင်းတရားကိုမမေး အကျိုးတရားကိုသာလိုချင်၍ ထွက်စစ်နေကြ သည်။ ကျွန်တော်/ကျွန်မ ဘယ်တော့ ထီပေါက်မလဲ၊ ဘယ်အသက် လောက်မှ နိုင်ငံခြားသွားရမှာလည်း၊ ဒီနှစ် အိမ်ပိုင်ရမှာလား၊ အမွေရမှာလား အစရှိသော (အဖြစ်) တရားများကိုသာ မေးမြန်း နေကြသည် (အပျက်) ကိုဘယ်တော့မှ မမေးကြ၊ ကြားလည်းမကြားလိုကြပါ၊ အမှန်တကယ်မှာ မနက်ဖန် ထီပေါက်မည့် (အဖြစ်) တရားနှင့်သေမည် ဆိုသော (အပျက်) တရားကပို၍ အရေးကြီးပါသည်။
    လူတယောက်သည် မိမိကျရောက်နေသော အသက်အပိုင်းအခြား တစ်ခုတွင် အကြောင်းတရား နှင့် အကျိုးတရား နှစ်ခုစလုံး အရေးကြီး ပါသည်။ သက္ခတ်ပညာတွင် မိမိပြုလုပ်သော အကြောင်းကြောင့်ဖြစ်သော အကျိုးတရားနှင့် (ကံ) ကြောင့် ဖြစ်သော အကြောင်းအကျိုး တရားဟူ၍ နှစ်မျိုးရှိပါသည်။ မိမိကိုယ်တိုင် အရက်သောက်၊ ဖဲရိုက်၊ မိန်းမလိုက်စား၍ ရရှိသော အကျိုးမှာ စီးပွားပျက်၊ အိမ်ထောင်ကွဲ၊ ကျန်းမာရေးညံ့ခြင်းမှာ ယတြာပြုလုပ်၍မရပါ (ကံ) အကြောင်း ကြောင့်ဖြစ်သော ဆိုးကျိုးတို့သာ လျှင် ဗေဒင်ယတြာနှင့် ကာကွယ်လို့ရပါသည်။
    လောကဓံ (၈)ပါး သက္ခတ် ဗေဒင်ပညာသည် ဆရာကြီး ဦးကြာမြင့်
ကိုယ်တိုင် ဘ၀နှင့်ရင်းပြီး ရှာဖွေထားသော ပညာရပ်တခုဖြစ်ပါသည်။ ထိုပညာရပ်တွင် လူတယောက်သည် မိမိရောက်ရှိနေသော အသက်အပိုင်း အခြားတို့တွင် အကြောင်း တရားတို့ကို ရှာဖွေထားပြီး ၎င်းင်းအကြောင်းတရား များကို ကျွန်ုပ်တို့ပြုပြင်နေထိုင် သွားပါက စိတ်လည်းချမ်းသာ၊ လူလည်း ကျန်းမာ၍ လိုရာဆန္ဒများ ပြည့်စုံနိုင်ကြပါ မည်။
စာရေးသူသည် ၁၉၉၆ ခုနှစ် ဗေဒင်လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ကမာရွတ်မြို့နယ်မှ ဆရာဦးရွှေသွေးထံတွင် နက္ခတ္တဗေဒ သုံးနံပေါ်နိစ်၊ ဂဏာန်း ဗေဒင်၊ လက္ခဏာ တို့ကို လေ့လာသင်ယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဆန်းဗေဒင်ဆရာ ကိုထင်အောင်နှင့် တွေ့ကာ ဆန်းဗေဒင်ပညာကို ဆက် လက်လေ့လာခဲ့ပါသည်။ ၁၉၉၇ နှစ်ကုန်ပိုင်းလောက်တွင် တောင်ဥက္ကလာ ပ (၄)ရပ်ကွက်မှ ဆရာ ဦးသန်းဝင်း နှင့် တွေ့ရှိပြီး မြန်မာ့ရိုးရာ ပညာများဖြစ် သော မဟာဘုတ်ပညာ၊ အင်္ဂ ၀ိဇ္ဇာပညာ၊ လောကဓံ (၈)ပါး ဗေဒင်ပညာနှင့် န၀င်းစီးပညာ၊ ဓါတ်ဆင်ဓါတ်ရိုက်ပညာများကိုဆက်လက်သင်ယူခဲ့ပါသည်။ ၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်တွင် တရားဝင်ဆိုင်းဘုတ်တင်၍ ဗေဒင်ဟောပြောခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် နက္ခတ္တရောင်ခြည်တွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် ဂမ္ဘီရမဂ္ဂဇင်း၌ ဆရာမြတ်ထွဋ်ခေါင်ကလောင်အမည်ဖြင့် ဗေဒင်ဆောင်းပါးများ ဆက်လက်၍ ရေးသားခဲ့ပါသည်။ ၂၀၀၇ ခုနှစ် တနှစ်စာအတွက်လည်း ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဆရာမြတ်ထွဋ်ခေါင်ကလောင်အမည်ဖြင့် ဗေဒင်ဆောင်းပါးများ ရေးသား ဖော်ပြပါဝင်ခဲ့ပြီး ဖြစ်ပါသည်။
    ၂၀၀၆ ခုနှစ်တွင် ဗေဒင်သင်တန်းအပတ်စဉ် ၄/၂၀၀၆ကို သင်တန်းနည်းပြအဖြစ် တာဝန်ယူသင်ကြားပေးခဲ့ပြီး ဆရာဦးသန်းဝင်း နှင့် တိုင်ပင်ကာ ယခုကျွန်ုပ်ရေးသားပြုစုသော လောကဓံ (၈)ပါး ဗေဒင် လက်စွဲကျမ်းကို သင်တန်းကိုင် စာအုပ်အဖြစ်ထုတ်ဝေရန် ရည်ရွယ်၍ ကြိုးပမ်းခဲ့ပါသည်။ ကျွန်ုပ်သည် ဤစာအုပ်ဖြစ်မြောက်ရန် အတွက် ရည်ရွယ်ချက် (၂)ခု ရှိပါသည်။ ပထမတစ်ခုမှာ ကျွန်ုပ် မသေမီ လူသား တစ်ဦး (သို့) လူသားအားလုံးအတွက် လောကီလောကုတ္တရာ အကျိုးရှိသော ကိစ္စတစ်ခုကို ဆောင်ရွက်ရန်နှင့် ဤပညာရပ်ကို သင်ကြားပေးသော ဆရာသခင် ကျေးဇူးရှင်များ၏ ကျေးဇူးအား ဤစာအုပ်ငယ်ဖြင့် ကျေးဇူး ဆပ်ရန် ဖြစ်ပါသည်။
    ကျွန်ုပ်ရေးသားပြုစုခဲ့သော ဤစာအုပ်ငယ်လေးသည် လူသားအား လုံးတို့၏ လောကဓံအနိမ့်အမြင့်၊ တစိတ်တဒေသကို တီးခေါက်မိ၍ အနည်းငယ်မျှ သိရှိ နားလည်ပြီဆိုပါလျှင် ကျွန်ုပ်ကြိုးစားရကျိုးနပ်ပြီဟု ကျွန်ုပ်ခံယူမိပါသည်။




                                                                    (၇)  ရက်သားသမီးတို့အား အစဉ်လေးစာလျှက်
                                                                                ဆရာ မြတ်ထွဋ်ခေါင်
မာတိကာ
    စဉ်    အကြောင်းအရာ  

    က။   သစ္စာဝါဒီဆရာမြတ်စောလင်း၏ အမှာစာ
    ၁။     စာရေးသူ၏အမှာ  
    ၂။    လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့်
        (က)    တနင်္ဂနွေဂြိုဟ် (သို့) ပဿံသာဂြိုဟ်   
        (ခ)    တနင်္လာဂြိုဟ် (သို့) သဘောဂြိုဟ်   

        (ဂ)    အင်္ဂါဂြိုဟ် (သို့) အယသောဂြိုဟ်  
        (ဃ)    ဗုဒ္ဓဟူးဂြိုဟ် (သို့) ဒုက္ခံဂြိုဟ်  
        (င)    စနေဂြိုဟ် (သို့) နိန္ဒာံဂြိုဟ် 
        (စ)    ကြာသပတေးဂြိုဟ် (သို့) အလဘောဂြိုဟ်    

        (ဆ)    ရာဟုဂြိုဟ် (သို့) ယသောဂြိုဟ်   
        (ဇ)    သောကြာဂြိုဟ် (သို့) သုခံဂြိုဟ်   
    ၃။    အကြောင်းကြောင့် အကျိုးဖြစ်ခြင်း
        (က)    တနင်္ဂနွေသားသမီး (သို့) သူရဇ္ဇတိုင်  

        (ခ)    တနင်္လာသားသမီး (သို့) စနြေ္ဒာတိုင်  
        (ဂ)    အင်္ဂါသားသမီး (သို့) ဘောမတိုင်
        (ဃ)    ဗုဒ္ဓဟူးသားသမီး (သို့) ဗုဒ္ဓတိုင်   
        (င)    ကြာသပတေးသားသမီး (သို့) ဂရုတိုင်  
        (စ)    သောကြာသားသမီး (သို့) သောကြာတိုင်  
        (ဆ)    စနေသားသမီး (သို့) သောရီတိုင်  
    ၄။    မဟာဘုတ်အကြင်းစရိုက်များ
        (၁) တွက်နည်းနှင့် ပုံသေဇယား    

        (က) ၁ ကြင်း ဉာာဉ်စရိုက်များ   
        (ခ)  ၂ ကြင်း ဉာာဉ်စရိုက်များ  
        (ဂ)  ၃ ကြင်း ဉာာဉ်စရိုက်များ   
        (ဃ) ၄ ကြင်း ဉာာဉ်စရိုက်များ 
        (င)  ၅ ကြင်း ဉာာဉ်စရိုက်များ  
        (စ)  ၆ ကြင်း ဉာာဉ်စရိုက်များ  
        (ဆ) ၀ ကြင်း ဉာာဉ်စရိုက်များ  
    ၅။    နိဂုံးချုပ်အမှာစကား   

    ၆။    ကျမ်းကိုးစာရင်း   
    ၇။    ကျေးဇူးတင်လွှာ   

Thursday 16 October 2014

စာရေးသူ၏ကိုယ်ရေးအကျဉ်း

စာရေးသူ၏ကိုယ်ရေးအကျဉ်း
    စာရေးသူသည် မြန်မာသက္ကရာဇ် (၁၃၂၄)ခု တပေါင်းလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၉၆၃ခုနှစ်၊ မတ်လ(၁၆)ရက်စနေနေ့နံနက် (၆)နာရီ (၃၀)မိနစ်တွင် ပဲခူးတိုင်း၊ အင်းတိုင် မြို့နယ်၌ အဖဦးစိုးဝင်း(ဌာနစုမှုး-ရုပ်ရှင်မြှင့်တင်ရေး)၊ အမိ ဒေါ်မိမိစံတို့မှ မွေးဖွားသန့်စင် ခဲ့ပါသည်။(၁၉၇၈)ခုနှစ်တွင် ရန်ကုန်မြို့ စက်မှုလက်မှု အထက်တန်းကျောင်းတွင် မော်တော်ယာဉ်နှင့် ပတ်သက်သောပညာရပ်များကို သင်ကြားခဲ့ပါသည်။ထို့နောက် ၁၉၈၀ခုနှစ်မှစ၍ အားကစားလောကသို့ ၀င်ရောက်ခဲ့ရာ ၁၉၈၃ခုနှစ်တွင် ကရာတေးဒို အငယ်တန်းနည်းပြ အောင်မြင်ခဲ့ပြီး ၁၉၈၅ခုနှစ်တွင် အကြီးတန်းနည်းပြ အောင်မြင်ခဲ့ပါသည်။၁၉၈၆ခုနှစ်တွင် ရွှေပျံလွှား ကရာတေးအဖွဲ့ချုပ်တွင် နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့ပါသည်။
    ၁၉၈၉ခုနှစ်တွင် အောင်ဆန်းကွင်း၌ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။၁၉၉၀ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာကရာတေးဒို ဒိုင်လူကြီးလက်မှတ်ရရှိခဲ့ပြီး ၁၉၉၁ခုနှစ်တွင် တပ်မတော်နှင့်ပြည်သူရဲတပ်ဖွဲ့၌ ကရာတေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။၁၉၉၂ခုနှစ်တွင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် ကရာတေးဆပ်ကော်မီတီ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ ပါသည်။ ၁၉၉၅ခုနှစ်တွင် အားကစားလောကမှ အနားယူကာ ကမာရွတ်မြို့နယ်မှ ဆရာ ဦးရွှေသွေးထံတွင် နက္ခတ်ဗေဒင်၊ သုံးတန်ပေါ်နိစ်၊ ဂဏန်းဗေဒင်၊ လက္ခဏာ၊ ဆန်းဗေဒင်တို့ကို သင်ကြားခဲ့ပါသည်။၁၉၉၇ခုနှစ်တွင် တောင်ဥက္ကလာပမှ ဆရာ ဦးသန်းဝင်း ထံတွင် မဟာဘုတ်၊ လောကဓံ(၈)ပါးသက္ခတ်ဗေဒင်၊ အင်္ဂ၀ိဇ္ဇာ၊ ဓါတ်ရိုက်ဓါတ်ဆင်ပညာနှင့် န၀င်းစီးပညာ များကို ဆက်လက် သင်ကြားခဲ့ပါသည်။
    ၁၉၉၉ခုနှစ်မှစ၍ ဗေဒင်ပညာဖြင့် စတင်ဟောကြားခဲ့ကာ ၂၀၀၂ခုနှစ်တွင် တရားဝင် ဆိုင်းဘုတ် တင်ကာ ဗေဒင်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၀၅ခုနှစ်တွင် နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် ဆရာမြတ်ထွဋ်ကလောင်အမည်ဖြင့်လည်းကောင်း၊ ဂမ္ဘီရမဂ္ဂဇင်း၊  ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်း၊ ဓနသိဒ္ဓိဂျာနယ် တို့တွင် ဆရာမြတ်ထွဋ်ခေါင်ကလောင်အမည်ဖြင့် လည်းကောင်း၊ ဗေဒင်နှင့်ပတ်သက်သောဆောင်းပါးများကို ရေးသားခဲ့ပြီး ယခုအချိန်အထိ နေအိမ်ဖြစ်သည့် တိုက်အမှတ်(၂၇၄)၊ ဘီ(၄)၊ မိဂသီလမ်း(၂၀)၊ (၁၂)ရပ်ကွက်၊ တောင်ဥက္က လာပတွင်လည်းကောင်း၊ ကျိုက္ကစံဘုရား၊ အနောက်ဘက်မုဒ်၊ ဘီလူးညီနောင်ဓာတ်ခန်းအနီးရှိ ဗေဒင်ဟောခန်းတွင်လည်းကောင်း၊ ဗေဒင်ဟောပြောခြင်းအပြင် စိတ်ဝင်စား၍ လေ့လာလိုသူ ၀ါသနာရှင်များ အား သင်တန်းပေးခြင်းများ ပြုလုပ်ပေးနေပါသည်။
   

Friday 3 October 2014








မြန်မာရိုးရာဗေဒင် လောကဓံ (၈)ပါး သက္ခတ်ပညာနှင့် မဟာဘုတ်လက်ဆွဲကျမ်း

                                      သက်ရောက်ဂြိုဟ် (သက္ခတ်) တွက်ယူနည်း


သက္ခတ်ဆိုသည်မှာသက်ရောက်ဂြိုဟ်ကိုပင် ပြောခြင်းပင်ဖြစ်ပေသည်။
သက်ရောက်ဂြိုဟ်(သက္ခတ်) တွက်ယူနည်းမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
  •    မိမိရောက်ရှိနေသော အသက်ကို တည်၍ ရှစ်ဖြင့်စားပါ။
  •    အကြွင်းကို မှတ်၍ထားပါ။
  •    မိမိမွေးနံဂြိုဟ်ရှိရာမှ အကြွင်းဂဏန်းဆုံးသည်အထိ အောက်ပါ အဋ္ဌလဂ်ခွင်အတိုင်း                              လက်ယာရစ်ရေတွက်ပါ။  
            
  • ရောက်ရှိရာဂြိုဟ်သည် မိမိရောက်သေဲာဂြိုလ်ဖြစ်ပေသည်။
ဥပမာ ။     ။ အသက်(၄၉)နှစ် ရှိပြီဖြစ်သည် ကြာသပတေးသားတစ်ယောက်အား တွက်မည်ဆိုလျှင်.....
                   ရောက်သက် (၄၉)ကိုတည်ပါ။(၈)ဖြင့်စားသော် ရလဒ်သည်(၆)၊ အကြွင်းသည်(၁) ရပေမည်။
                  မိမိကကြာသပတေးသား ဖြစ်နေသဖြင့် ကြာသပတေးဂြိုဟ်ခွင်မှ၍ အကြွင်းအတိုင်း 
                  (တစ်)ဟုရေတွက်သော် ကြာသပတေးတွင်ပင်ကျရောက်နေသောကြောင့် ကြာသပတေး
                  သက်ရောက်၏။
                  အကယ်၍ အသက်(၅၀)နှစ်ဟုဆိုလျှင် (၂)ဂဏန်းကြွင်းမည်။
                  ကြာသပတေးမှ တစ်-နှစ် ဟု အစဉ်တိုင်း လက်ယာရစ်  ရေတွက်သော် ရာဟုကို
                  ကျရောက်မည် ဖြစ်သောကြောင့် ရာဟုဂြိုဟ် သက်ရောက်၏။
           အထက်ပါတွက်ချက်နည်းကို နားလည်လိမ့်မည်ဟု ထင်ပါသည်။