ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Sunday, 19 October 2014

လူသားအပေါင်းတို့သည် မိမိရောက်ရှိနေသော လောကဓံ

    လူသားအပေါင်းတို့သည် မိမိရောက်ရှိနေသော လောကဓံတွင် မည်သို့ နေထိုင်ရမည်၊ မည်သို့ကြုံတွေ့ရမည်၊ ဘာတွေ လုပ်ရမည်။
    ဘာတွေရှောင်ရမည်ကို ဖော်ပြပါရေးသားထားသော အချက် အလက်များကို ကြည့်ရှုပြီး ဆင်ခြင်နေထိုင် သွားရန် ဖြစ်ပါသည်။ ကျွန်ုပ် ရေးသား ဖွင့်လှစ်မည့် လောကဓံမှာ ပဿံသာဟုခေါ် သော တနင်္ဂနွေဂြိုဟ် အကြောင်းပင် ဖြစ်ပါသည်။
    တနင်္ဂနွေဂြိုဟ်သည် နေမင်း၏ ကိုယ်စားသင်္ကေတဖြစ်ပြီး ၎င်းင်းကို ဗေဒင်အယူအခေါ် သူရဇ္ဇဟုခေါ်ပါသည်။ ၎င်းင်း၏ဂြိုဟ် ပရိယာယ်မှာ အိုးအိမ်၊ အိမ်ထောင်စု၊ အဖ၊ အကြီးအကဲ၊ ရှင်ဘုရင်၊ ဦးခေါင်း၊ အစာအိမ်၊ အနီရောင်၊ လူမျိုးအားဖြင့် ယိုးဒယား ကုန်းလမ်းခရီး၊ နတ်ကွန်း၊ တိုက်ပုံအင်္ကျီ၊ အရိုး၊ စပ်သောအရသာ၊ ကြေးနီ၊ လက်ရုံးရည်၊ သစ်အိမ်၊ ၀ါးအိမ်၊ အနှစ်ရှိသောအပင်၊ အရပ်ပုသူ၊ ယောက်ျားဂြိုဟ်၊ နှံပြီစုတ်ငှက် တို့ဖြစ်ပါသည်။
    ဂြိုဟ်ကြီး (၈)လုံးတွင် တနင်္ဂနွေဂြိုဟ် ဟုခေါ်ပြီး လောကဓံ (၈)ပါး တွင် ပဿံသာ ချီးမွမ်းခံရခြင်း အဓိပ္ပါယ်ရှိသော ဂြိုဟ်ဖြစ်၏ အန္တောမီးခဲဓါတ် ဖြစ်ပါသည်၊ ဂြိုဟ်ကြီး (၈)လုံးတို့၏ ဦးစီးခေါင်းဆောင်ဂြိုဟ်လည်း ဖြစ်ပါ သည်။ လူသားအားလုံးတို့၏ စိတ်ဆန္ဒအားလုံးတို့အား ဖြည့်ဆည်းပေးရာ နေရာဖြစ်ပါသည် (အ) အက္ခရာနှင့် ပတ်သက်၍ ရုပ်/နာမ် သဘာဝ တို့ရရှိ သော ဂြိုဟ်ကြီး ဖြစ်သည်။ ပဿံသာဂြိုဟ်၏ အဓိကအချက်များမှာ -
၁။    အတွင်းအပြင်၊ အနီးအဝေး လူစုလူဝေး အပေါင်းအဖေါ် ဦးစီး ခေါင်းဆောင်ပြုရခြင်း။
၂။    လုပ်ငန်းစီးပွားရေးများ မိမိစိတ်ဆန္ဒ အလိုရှိသလောက် လုပ်ကိုင်နိုင်ခြင်း၊ အောင်မြင်ဖြစ်ထွန်းခြင်း။
၃။    အိုးသစ်၊ အိမ်သစ်များရရှိခြင်း။

၎။    အိမ်သုံးပစ္စည်း အဖိုးတန်များရရှိခြင်း။
၅။    တန်ဖိုးရှိသော ရတနာပစ္စည်းများဝင်ခြင်း။
၆။    ရပ်ရွာ အဖွဲ့အစည်းများ၏ ဦးစီးခေါင်းဆောင်ဖြစ်ခြင်း။
၇။    အခြေအရံပေါခြင်း သွားလာရာအရပ်တွင် နာမည်ဂုဏ်သတင်း ကျော်ဇောခြင်း။
၈။    သူခိုး၊ လူလိမ် များနှင့် ကြုံတွေ့ခြင်း။
၉။    နယ်စွန် နယ်ဖျားသို့ သွားရောက်နေထိုင်ကြသူများ ဓါးပြတိုက်ခံရခြင်း။
    အထက်ပါ အကျိုးတရားများသည် ပဿံသာနယ်မြေ၏ စွမ်းအား များ ဖြစ်ပါသည်။ အံသြစရာကောင်းသောအချက်မှာ ပဿံသာနယ်မြေသို့ ရောက်သော ကာလတွင် သူခိုးခံရခြင်း၊ လူလိမ်ခံရခြင်း တို့ကိုကြုံတွေ့ပါက ဖြစ်ပြီးနောက်ပိုင်းတွင် ပျောက်သော ငွေကြေးထက် အဆပေါင်းများစွာ ပြန်ရကြသည်။ ပျောက်သော ငွေကြေးကို ပြန်ရအောင်ပြုလုပ်လျှင် နောက် ၀င်မည့် ငွေများ ပိတ်သွားသည်။ ၎င်းင်းဂြိုဟ်သည် ဂြိုဟ်(၈)လုံးတွင် ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုအများဆုံး ဂြိုဟ်ဖြစ်သော ကြောင့် ၎င်းင်းဂြိုဟ်သို့ ရောက်ရှိသူများ မာန်မာန အလွန်ကြီးမားကြသည်။
    ၅    (န၀င်း)    ပညာအတွေးအခေါ်
    ၂
    ၆   
    -၁-    (တနင်္ဂနွေဂြိုဟ်)
    ၎
    ၀    (ခိုက်) လောဘ၊ ဒေါသ၊ မောဟ
    ၃
    တနင်္ဂနွေတိုင်တွင် (န၀င်း)၌ ပညာ၊ အတွေးအခေါ် မြင့်မားနေပြီး (ခိုက်)တွင် ၎င်းင်းအတွေးအခေါ်ကို ဖျက်စီးမည့် လောဘ၊ ဒေါသ၊ မောဟရှိနေပါသည်။ ပဿံသာ ဂြိုဟ်တွင် ကြီးပွားချမ်းသာမှု အရှိန်အ၀ါကြောင့် မာန်မာနကြီးပြီး တယူသန် အတွေး အခေါ်ရှိသူများအား ပဿံသာဂြိုဟ်က လက်မခံပါ၊ ထို့ကြောင့် (ခိုက်)တွင် ရှိသော စနေဂြိုဟ် ပရိယာယ်များဖြစ်သော ထင်ပေါ်ကျော်ကြားမှု မက်မောခြင်း၊ လောဘ ကြီးခြင်း၊ ဒေါသကြီးခြင်း၊ မာန်မာနကြီးခြင်း အစရှိသော ဂြိုဟ်၏ ပရိယာယ်များကို ရှောင်ကြဉ်ရပါမည်။
    ၎င်းင်းတနင်္ဂနွေဂြိုဟ်ကို ထပ်မံ၍ ဖျက်စီးသော ဂြိုဟ်နှစ်ခုလုံးတို့မှာ တနင်္ဂနွေ တိုင်၏ တြိရန်းဌာနတွင် ရပ်တည်နေသော (စိတ်) နှင့် စတုရန်းဌာနတွင် ရပ်တည် နေသော (လူ) တို့ဖြစ်ပါသည်။
    ၅        ၅
    ၂    (ငွေ၊ အကြား)    ၂
    ၆        ၆
    -၁-        -၁-
    (၄)    (လူ) မမှန်ခြင်း    (၄)    (အနီးဆင်ဝှေ့)
    ၀        ဝ
    (၃)    (စိတ်) မမှန်ခြင်း    (၃)    (အဝေးခြင်္သေ့)
    အနီးဆင်ဝှေ့၊ အဝေးခြင်္သေ့ ပညာခန်းအရ ၎င်းင်းဂြိုဟ်တွင် ငွေကြေး ပြည့်စုံ သူများသည် မိမိလက်အောက်ရှိလူများကို စိတ်မမှန်မှုဖြင့် မာန်မာန ထားကာ အနိုင်ယူ လေ့ရှိပါသည်။ ထို့ကြောင့် ပဿံသာဂြိုဟ်ပျက်စီးသွား သည်။ ၎င်းင်းစိတ်ဓာတ်များကို ရှောင်ကြဉ်ရန် အထူးအရေးကြီးပါသည်။
    ပဿံသာဂြိုဟ်သို့ရောက်ရှိသူအားလုံးတို့သည် လူပျိုလူလွတ်များ ဖြစ်ကြပါက သွားလေရာအရပ်တွင် လူချစ်လူခင်များ၍ မိန်းကလေးများ ဖြစ်ပါက ငွေကြေးချမ်းသာသူ၊ ကြီးကျယ်ခန်းနားသူ၊ ပညာရှိများနှင့် စေ့စပ် ကြောင်းလမ်း၍ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာပွဲများပြုလုပ်ရမည်။ စီးပွားရေး သမားဖြစ်ပါက မိမိငွေပင် ငွေရင်းအား ကောင်းစွာနှင့် စီးပွားရေးလုပ်ငန်းများသေတတ်သည်။ နေအိမ်တွင် အိမ်ထောင်ရေးရှုပ်ထွေး မိလျှင် လာဘ်ပိတ် မည်။
    လဘောဂြိုဟ်သည် သန့်ရှင်းသောဂြိုဟ်ဖြစ်သောကြောင့် အိမ် ထောင်ညစ်ညမ်းမှုကို လက်မခံပါ။ န၀င်းတွင်ရှိသော (၆) ဂဏာန်းစကား ပရိယာယ်အရ စကား နည်းနည်းပြောပါ။ ချိုသာသောစကားတို့ကို ပြောဆိုပါ။ ထင်ပေါ်မှုအထုပ်အထည် (ဆပွတ်) နေရာတွင်ရှိသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုမရှိဘဲ မှန်ကန်သူများ ဖြစ်ပါက နာမည် ဂုဏ်သတင်း ထင်ပေါ်၍ ငွေအထုပ်လိုက်အထည်လိုက်ရမည်။ (ခိုက်) နေရာတွင်ရှိသော (တနင်္ဂနွေ) အုပ်စုအဖွဲ့အစည်းများဦးစီးမှုမှ ရှောင်ကြဉ်လျှင် ဂြိုဟ် တိုင်၏မူလတွင်ရှိသော (ငွေ) မပြတ်တော့ပေ။


 အကျိုးတရား နံပါတ် ၆၊ ၃၊ ဝ

     ၆    (စကား)   (န၀င်း)
    ၃      
    ၀    (ထင်ပေါ်မှု၊ အထုပ်အထည်)   
    -၂-    (ငွေ)    (မူလ)


 အကြောင်းတရား နံပါတ် ၅၊ ၁၊ ၎

   
    ၁    (အုပ်စု၊ အဖွဲ့အစည်း)  (ခိုက်)   
    ၎
    

      အကြောင်းတရားကောင်းပါမှ အကျိုးတရားကို ကောင်းမွန်စွာရရှိ မည်ဖြစ်ပါသည်။ အတွေးအခေါ်သည် (နာ) နေရာတွင်ရှိသည့်အတွက် မှန်မှန်ကန်ကန်တွေးခေါ်ပါ။ (ထွက်/ပျက်) နေရာတွင် (၄) ဂဏာန်း ဗုဒ္ဓဟူးလူရှိနေပါသဖြင့် ဒုက္ခရောက် သူများ မိမိအိမ်ပေါ်သို့ ခေါ်တင်ထားလျှင် မိမိ၏မိသားစု ကျန်းမာရေးညံ့မည်။ (ခိုက်) နေရာရှိ ပစ္စည်းများဝင်လာလျှင်(မူလ) အိမ်ထောင် ရေးကိစ္စမှန်ကန်ဖို့လိုသည်။ (မူလ) ပျက်လျှင် အညွန့်ကျိုး မည်။ ၎င်းင်းဂြိုဟ်သည် လူသားတို့၏ ကောင်းကျိုးချမ်းသာအ၀၀ကို ပေးစွမ်းနိုင်သဖြင့် အမြစ်၊ အညွန့် မတွန့်စေရ၊ ပညာခန်းအရ အမြစ်တွင် ရှိသော စနေ(၀) ဂဏာန်း ပရိယာယ်၊ မာန်မာန ကိုပယ်သတ်ပါက အညွန့် တွင်ရှိသော ငွေကြေးများပိုင်ဆိုင်ရရှိပါမည်။
    ၎င်းင်းစနေဂြိုဟ်၏ ပရိယာယ်ဖြစ်သော မာန်မာနကို မပယ်သတ်နိုင် ပါက တနင်္ဂနွေဂြိုဟ် (ပဿံသာနယ်မြေ)၏ သမသတ်ဖြစ်သော စနေဂြိုဟ် (နိန္ဒာနယ်မြေ) ၀င်ရောက်ဒုက္ခပေးမှုကြောင့် အမှုဖြစ်ခြင်း၊ ထောင်ကျခြင်းများ ကြုံတွေ့ပါမည်။





    ပဿံသာဂြိုဟ်တွင်ရရှိသောငွေကြေးအားလုံး စုဆောင်းနိုင်ခြင်း၊ ၀င်ငွေများ၍ထွက်ငွေနည်းခြင်း၊ ၀င်ငွေအဆမ တန်ပိုလာခြင်း၊ ခေတ်မီအိမ်သုံး ပစ္စည်းများဖြစ်သော တီဗွီ (ွှဠ)၊ ရေခဲသေတ္တာ၊ ကား၊ ပန်ကာ၊ ဘီဒို၊ စက်ဘီး၊ ဆိုင်ကယ် အစရှိသော ပစ္စည်းများ ၀င်လာမည်။
    ၎င်းင်းဂြိုဟ်တွင် အထူးသတိပြုရမည့်နေ့သားများမှာ (၅)ကြင်း တနင်္ဂနွေများ (သို့) (၅) ကြင်းနှစ်တွင် မွေးဖွားသူများ၊ မရဏနယ်မြေဖြစ်သဖြင့် အိမ်ထောင်ရေး ပြဿနာများပေါ်ပေါက်ခြင်း၊ ကျန်းမာရေးတွင် ဦးခေါင်း၊ ဆီးလမ်း၊ အစာအိမ်၊ ၎င်းင်းရောဂါများ ရုတ်တရက် ၀င်ရောက်နိုင်၍ သတိပြု သင့်ပါသည်။
    (ဒုတိယ)သတိပြုရမည့် နေ့သားများမှာ အင်္ဂါသားသမီးများ ဖြစ်ပါသည်။ တနင်္ဂနွေဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့သည် (ဦးညို) အပြင်ရန်ကျ ရောက်နေ သဖြင့် စီးပွားရေးပြဿများ၊ အမှုအခင်းများ၊ ခရီးဝေးသွားပါက ကားတိုက်၊ ကားမှောက်၊ ဓါးမြမှု၊ မုဒိန်းမှုများ ကြုံတွေ့နိုင်ပါသည်။
    (တတိယ)သတိပြုရမည့် နေ့သားများမှာ ဗုဒ္ဓဟူးသားသမီးများ ဖြစ်ပါသည်။ တနင်္ဂနွေဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်သည် (အင်းဝ) အတွင်းရန်ကျ ရောက် နေပါသည်။ အတွင်းရန်၏ သဘောမှာ အိမ်တွင်းအတူနေများ ပဋိပက္ခဖြစ်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောဂါများ ဖြစ်ခြင်းတို့ ကြုံတွေ့နိုင်ပါ သည်။
    (စတုတ္ထ)သတိပြုရမည့် နေ့သားများမှာ ကြာသပတေးသား သမီးများဖြစ်ပါ သည်၊ ၎င်းင်းကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်၏ (၄) ခွင်မြောက် ဘုမ္မိနယ်မြေဖြစ် သောကြောင့် ကျန်းမာရေး၊ အိမ်ထောင်ရေးနှင့် အိုးအိမ်ကိစ္စများ ဖြစ်ပေါ်လာနိုင် ပါသည်။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။