ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Thursday, 16 October 2014

စာရေးသူ၏ကိုယ်ရေးအကျဉ်း

စာရေးသူ၏ကိုယ်ရေးအကျဉ်း
    စာရေးသူသည် မြန်မာသက္ကရာဇ် (၁၃၂၄)ခု တပေါင်းလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၉၆၃ခုနှစ်၊ မတ်လ(၁၆)ရက်စနေနေ့နံနက် (၆)နာရီ (၃၀)မိနစ်တွင် ပဲခူးတိုင်း၊ အင်းတိုင် မြို့နယ်၌ အဖဦးစိုးဝင်း(ဌာနစုမှုး-ရုပ်ရှင်မြှင့်တင်ရေး)၊ အမိ ဒေါ်မိမိစံတို့မှ မွေးဖွားသန့်စင် ခဲ့ပါသည်။(၁၉၇၈)ခုနှစ်တွင် ရန်ကုန်မြို့ စက်မှုလက်မှု အထက်တန်းကျောင်းတွင် မော်တော်ယာဉ်နှင့် ပတ်သက်သောပညာရပ်များကို သင်ကြားခဲ့ပါသည်။ထို့နောက် ၁၉၈၀ခုနှစ်မှစ၍ အားကစားလောကသို့ ၀င်ရောက်ခဲ့ရာ ၁၉၈၃ခုနှစ်တွင် ကရာတေးဒို အငယ်တန်းနည်းပြ အောင်မြင်ခဲ့ပြီး ၁၉၈၅ခုနှစ်တွင် အကြီးတန်းနည်းပြ အောင်မြင်ခဲ့ပါသည်။၁၉၈၆ခုနှစ်တွင် ရွှေပျံလွှား ကရာတေးအဖွဲ့ချုပ်တွင် နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့ပါသည်။
    ၁၉၈၉ခုနှစ်တွင် အောင်ဆန်းကွင်း၌ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။၁၉၉၀ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာကရာတေးဒို ဒိုင်လူကြီးလက်မှတ်ရရှိခဲ့ပြီး ၁၉၉၁ခုနှစ်တွင် တပ်မတော်နှင့်ပြည်သူရဲတပ်ဖွဲ့၌ ကရာတေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။၁၉၉၂ခုနှစ်တွင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် ကရာတေးဆပ်ကော်မီတီ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ ပါသည်။ ၁၉၉၅ခုနှစ်တွင် အားကစားလောကမှ အနားယူကာ ကမာရွတ်မြို့နယ်မှ ဆရာ ဦးရွှေသွေးထံတွင် နက္ခတ်ဗေဒင်၊ သုံးတန်ပေါ်နိစ်၊ ဂဏန်းဗေဒင်၊ လက္ခဏာ၊ ဆန်းဗေဒင်တို့ကို သင်ကြားခဲ့ပါသည်။၁၉၉၇ခုနှစ်တွင် တောင်ဥက္ကလာပမှ ဆရာ ဦးသန်းဝင်း ထံတွင် မဟာဘုတ်၊ လောကဓံ(၈)ပါးသက္ခတ်ဗေဒင်၊ အင်္ဂ၀ိဇ္ဇာ၊ ဓါတ်ရိုက်ဓါတ်ဆင်ပညာနှင့် န၀င်းစီးပညာ များကို ဆက်လက် သင်ကြားခဲ့ပါသည်။
    ၁၉၉၉ခုနှစ်မှစ၍ ဗေဒင်ပညာဖြင့် စတင်ဟောကြားခဲ့ကာ ၂၀၀၂ခုနှစ်တွင် တရားဝင် ဆိုင်းဘုတ် တင်ကာ ဗေဒင်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၀၅ခုနှစ်တွင် နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် ဆရာမြတ်ထွဋ်ကလောင်အမည်ဖြင့်လည်းကောင်း၊ ဂမ္ဘီရမဂ္ဂဇင်း၊  ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်း၊ ဓနသိဒ္ဓိဂျာနယ် တို့တွင် ဆရာမြတ်ထွဋ်ခေါင်ကလောင်အမည်ဖြင့် လည်းကောင်း၊ ဗေဒင်နှင့်ပတ်သက်သောဆောင်းပါးများကို ရေးသားခဲ့ပြီး ယခုအချိန်အထိ နေအိမ်ဖြစ်သည့် တိုက်အမှတ်(၂၇၄)၊ ဘီ(၄)၊ မိဂသီလမ်း(၂၀)၊ (၁၂)ရပ်ကွက်၊ တောင်ဥက္က လာပတွင်လည်းကောင်း၊ ကျိုက္ကစံဘုရား၊ အနောက်ဘက်မုဒ်၊ ဘီလူးညီနောင်ဓာတ်ခန်းအနီးရှိ ဗေဒင်ဟောခန်းတွင်လည်းကောင်း၊ ဗေဒင်ဟောပြောခြင်းအပြင် စိတ်ဝင်စား၍ လေ့လာလိုသူ ၀ါသနာရှင်များ အား သင်တန်းပေးခြင်းများ ပြုလုပ်ပေးနေပါသည်။
   

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။