သက်ရောက်ဂြိုဟ် (သက္ခတ်) တွက်ယူနည်း
သက္ခတ်ဆိုသည်မှာသက်ရောက်ဂြိုဟ်ကိုပင် ပြောခြင်းပင်ဖြစ်ပေသည်။
သက်ရောက်ဂြိုဟ်(သက္ခတ်) တွက်ယူနည်းမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
- မိမိရောက်ရှိနေသော အသက်ကို တည်၍ ရှစ်ဖြင့်စားပါ။
- အကြွင်းကို မှတ်၍ထားပါ။
- မိမိမွေးနံဂြိုဟ်ရှိရာမှ အကြွင်းဂဏန်းဆုံးသည်အထိ အောက်ပါ အဋ္ဌလဂ်ခွင်အတိုင်း လက်ယာရစ်ရေတွက်ပါ။
- ရောက်ရှိရာဂြိုဟ်သည် မိမိရောက်သေဲာဂြိုလ်ဖြစ်ပေသည်။
ရောက်သက် (၄၉)ကိုတည်ပါ။(၈)ဖြင့်စားသော် ရလဒ်သည်(၆)၊ အကြွင်းသည်(၁) ရပေမည်။
မိမိကကြာသပတေးသား ဖြစ်နေသဖြင့် ကြာသပတေးဂြိုဟ်ခွင်မှ၍ အကြွင်းအတိုင်း
(တစ်)ဟုရေတွက်သော် ကြာသပတေးတွင်ပင်ကျရောက်နေသောကြောင့် ကြာသပတေး
သက်ရောက်၏။
အကယ်၍ အသက်(၅၀)နှစ်ဟုဆိုလျှင် (၂)ဂဏန်းကြွင်းမည်။
ကြာသပတေးမှ တစ်-နှစ် ဟု အစဉ်တိုင်း လက်ယာရစ် ရေတွက်သော် ရာဟုကို
ကျရောက်မည် ဖြစ်သောကြောင့် ရာဟုဂြိုဟ် သက်ရောက်၏။
အထက်ပါတွက်ချက်နည်းကို နားလည်လိမ့်မည်ဟု ထင်ပါသည်။
No comments:
Post a Comment
ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။