ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Sunday, 19 October 2014

““ လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၁) ””

                  ““ လောကဓံ (၈)ပါး သက္ခတ်ဗေဒင်ပညာအဖွင့် (၁) ””

တနင်္ဂနွေဂြိုဟ် (သို့) ပဿံသာဂြိုဟ်
     
            ယနေ့မျက်မှောက်ခေတ် လူသားတို့သည် ဗေဒင်ပေါင်းမြောက်များ စွာ တွက်ချက်၍ မိမိတို့၏ ဘ၀ကံကြမ္မာ ရှေ့ရေးကို သိလိုနေကြသည်။ အကြောင်းတရားကိုမမေး အကျိုးတရားကိုသာလိုချင်၍ ထွက်စစ်နေကြ သည်။ ကျွန်တော်/ကျွန်မ ဘယ်တော့ ထီပေါက်မလဲ၊ ဘယ်အသက် လောက်မှ နိုင်ငံခြားသွားရမှာလည်း၊ ဒီနှစ် အိမ်ပိုင်ရမှာလား၊ အမွေရမှာလား အစရှိသော (အဖြစ်) တရားများကိုသာ မေးမြန်း နေကြသည် (အပျက်) ကိုဘယ်တော့မှ မမေးကြ၊ ကြားလည်းမကြားလိုကြပါ၊ အမှန်တကယ်မှာ မနက်ဖန် ထီပေါက်မည့် (အဖြစ်) တရားနှင့်သေမည် ဆိုသော (အပျက်) တရားကပို၍ အရေးကြီးပါသည်။
    လူတယောက်သည် မိမိကျရောက်နေသော အသက်အပိုင်းအခြား တစ်ခုတွင် အကြောင်းတရား နှင့် အကျိုးတရား နှစ်ခုစလုံး အရေးကြီး ပါသည်။ သက္ခတ်ပညာတွင် မိမိပြုလုပ်သော အကြောင်းကြောင့်ဖြစ်သော အကျိုးတရားနှင့် (ကံ) ကြောင့် ဖြစ်သော အကြောင်းအကျိုး တရားဟူ၍ နှစ်မျိုးရှိပါသည်။ မိမိကိုယ်တိုင် အရက်သောက်၊ ဖဲရိုက်၊ မိန်းမလိုက်စား၍ ရရှိသော အကျိုးမှာ စီးပွားပျက်၊ အိမ်ထောင်ကွဲ၊ ကျန်းမာရေးညံ့ခြင်းမှာ ယတြာပြုလုပ်၍မရပါ (ကံ) အကြောင်း ကြောင့်ဖြစ်သော ဆိုးကျိုးတို့သာ လျှင် ဗေဒင်ယတြာနှင့် ကာကွယ်လို့ရပါသည်။
    လောကဓံ (၈)ပါး သက္ခတ် ဗေဒင်ပညာသည် ဆရာကြီး ဦးကြာမြင့်
ကိုယ်တိုင် ဘ၀နှင့်ရင်းပြီး ရှာဖွေထားသော ပညာရပ်တခုဖြစ်ပါသည်။ ထိုပညာရပ်တွင် လူတယောက်သည် မိမိရောက်ရှိနေသော အသက်အပိုင်း အခြားတို့တွင် အကြောင်း တရားတို့ကို ရှာဖွေထားပြီး ၎င်းင်းအကြောင်းတရား များကို ကျွန်ုပ်တို့ပြုပြင်နေထိုင် သွားပါက စိတ်လည်းချမ်းသာ၊ လူလည်း ကျန်းမာ၍ လိုရာဆန္ဒများ ပြည့်စုံနိုင်ကြပါ မည်။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။